Sunday, April 26, 2015
လီဗာပူးလ် အသင်း နှင့် အပြောင်း အရွှေ့ပြီးမြောက်ခဲ့သည့် မီလ်နာ
လီဗာပူးလ် အသင်း နှင့် အပြောင်း အရွှေ့ပြီးမြောက်ခဲ့သည့် မီလ်နာ
လီဗာပူးလ် အသင်း သည် မန်ချက်စတာစီးတီး ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာ ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အန်းဖီးမှ သတင်းထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
ဒေးလီးစတား သတင်းရဲ့အဆိုအရ ၂၉ နှစ်သားကို လီဗာပူးလ် အသင်းက အာဆင်နယ်၊ ရိုးမား တို့ နှင့် အပြိုင် ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
လီဗာပူးလ် အသင်းတွင် ကွင်းလယ်မှာ ကစားရလိမ့်မည်လို့ မီလ်နာ ကမျှော်လင့်နေပြီး ဘရန်ဒန်ရော့ဒ်ဂျာ ကလည်း မီလ်နာ ကို အသင်းရဲ့ ကွင်းလယ် အစိတ်အပိုင်းနေရာမှာ ထားကစားမယ်လို့ ဂတိပေးခဲ့ပါတယ်။
လီဗာပူးလ် အသင်းကလည်း အင်္ဂလန် ရဲ့ ခြေစွမ်းကောင်း ကွင်းလယ်လူ ကို ခေါ်ယူနိုင်ခဲ့သဖြင့် ကျေနပ်ပျော်ရွှင်နေတယ်လို့ သိရပါတယ်။
#KS
Football Cafe
Labels:
ပရီးမီးယားလိဂ်
ဟာဇတ် ကို လိုချင်ရင် ပေါင် သန်း ၂၀၀ နှင့် ရိုနယ်လ်ဒို ကို အလိုက်ပေးရမည် (မော်ရင်ညို)
ဟာဇတ် ကို လိုချင်ရင် ပေါင် သန်း ၂၀၀ နှင့် ရိုနယ်လ်ဒို ကို အလိုက်ပေးရမည် (မော်ရင်ညို)
ဟာဇတ် ကို လိုချင်ရင် ပေါင် သန်း ၂၀၀ နှင့် ရီးရဲမက်ဒရစ် အသင်းရဲ့ အကောင်းဆုံး ကစားသမား သုံးရောက်ထဲ က တစ်ယောက် နှင့် အလိုက်ပေးလဲရမည်လို့ မော်ရင်ညို က ရီးရဲ မက်ဒရစ် ကို သတိပေးပြောကြားလိုက်ပါတယ်။
ဟာဇတ် သည် ယနေ့ည လန်ဒန် မှာ ကျင်းပမည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ရရှိရန် နီးစပ်လျှက်ရှိနေပါတယ်။ ရီးရဲ ရဲ့ သင်္ကေတ ကစားသမားဟောင်း ဇီဒန်း က ဟာဇတ် ကို ရီးရဲမက်ဒရစ် သို့ ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ဖေါ်ပြခဲ့ပါတယ်။
ရီးရဲမက်ဒရစ် အသင်း က သူတို့ရဲ့ ကစားသမားကို ခေါ်ယူရန် စောင့်ကြည့်နေတယ်ဆိုတာ ချယ်ဆီးမန်နေဂျာ မော်ရင်ညို က သိရှိထားပါတယ်။
ဒါပေမဲ့ """ဟာဇတ် ကို ခေါ်ယူချင်ရင် ပေါင် သန်း ၁၀၀ နဲ့ သူတို့ရဲ့ အကောင်းဆုံးကစားသမား သုံးယောက်ဖြစ်တဲ့ ရိုနယ်လ်ဒို၊ ရိုဒရီဂွက်စ်၊ ဘေးလ် တို့ ထဲ က တစ်ယောက်ကို အလိုက်ပေးခေါ်ရပါမယ်။ မဟုတ်သေးဘူး၊ ခြေထောက်တစ်ချောင်း ပေါင်သန်း ၁၀၀ ပါ၊ ဘာပြုလို့လဲဆိုတော့ ဟာဇတ် က အရမ်း ငယ်ပါသေးတယ်""" လို့ မော်ရင်ညို က ပြောကြားခဲ့ပါတယ်။
#KS
Football Cafe
Labels:
ပရီးမီးယားလိဂ်
ရိုနယ်လ်ဒို က မက်ဆီ ထက် ပိုကောင်းပါတယ် (ဖာဂူဆန်)
ရိုနယ်လ်ဒို က မက်ဆီ ထက် ပိုကောင်းပါတယ် (ဖာဂူဆန်)
ရီးရဲမက်ဒရစ် စတား ရိုနယ်နယ်လ် ဒို နှင့် ဘာကာ စတား မက်ဆီ တို့ ဘယ်သူက ပိုကောင်းတယ် ဆိုတဲ့ ပြောဆိုမှုတွေထဲမှာ ဆာအဲလက်စ်ဖာဂူဆန် ကတော့ ရီးရဲမက်ဒရစ်စတား ရိုနယ်လ်ဒို က ပိုမိုကောင်းမွန်ကြောင်းယုံကြည်နေပါတယ်။
ဖာဂူဆန် နှင့် ရိုယ်လ်ဒို တို့သည် မန်ယူတွင် အတူလက်တွဲခဲ့ကြပါတယ်။ ဒါကြောင့် ရိုနယ်လ်ဒို ရဲ့ ကစားပုံကို ကောင်းကောင်းသိပါတယ်။
ကျွန်တော်ဟာ မက်ဆီ ရဲ့ ပရိတ်သတ်တစ်ယောက်ပါ၊ ဒါပေမဲ့ ရိုနယ်လ်ဒို က ပိုပြီး ထူးချွန်တဲ့ကစားသမား လို့ထင်ပါတယ် လို့ စကော့ သားကြီး က ဘီဘီစီ သို့ပြောကြားခဲ့ပါတယ်။
"""ကမ္ဘာပေါ်က လူအတော်များများ ကတော့ ဘယ်သူကအကောင်းဆုံးလဲဆိုတာ အမျိုးမျိုးပြောဆိုနေကြတာပါပဲ၊ များသောအားဖြင့်တော့ မက်ဆီ လို့ ပြောကြတာပါပဲ၊ ဒါပေမဲ့ သူတို့ရဲ့ထင်မြင်ချက် ကိုတော့ အငြင်းပွားလို့မရပါဘူး၊ ဒါပေမဲ့ ရိုနယ်လ်ဒို က မီဝေါ၊ ကျူပီအာ ဘယ်အသင်းနဲ့ ဖြစ်ဖြစ်အကောင်းဆုံးကစားနိုင်ပြီး သူဟာ ဘယ်အသင်း မှာပဲ ကစားကစား Hat-trick သုံးဂိုး သွင်းယူနိုင်ပါတယ်၊ ဒါပေမဲ့ မက်ဆီ အဲဒီလို လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး၊ ရိုနယ်လ်ဒို က ခြေထောက် နှစ်ဘက်စလုံး နဲ့ ကစားတတ်တယ်၊ လျှင်မြန်တယ်၊ လေထဲမှာ (ဘောလုံးကို ခေါင်းဖြင့် ခုန်တိုက်ကစားတာကိုဆိုလိုသည်) လဲ အကောင်းဆုံးပါ၊ သူက ရဲရင့်တယ်၊၊ ဟုတ်ပါတယ် မက်ဆီ လဲ ရဲရင့်သူတစ်ယောက်ပါပဲ၊ မက်ဆီ က ဘာစီလိုနာ ကစားသမား တစ်ယောက်ပါ၊ ကျွန်တော် ဘာပြောတယ် ဆိုတာ ခင်ဗျား သိပါတယ်""" လို့ ဖာဂူဆန် က ဘီဘီစီ သို့ပြောကြားခဲ့ပါတယ်။
#KS
Football Cafe
Labels:
လာလီဂါ
သူတို့ရဲ့ မန်နေဂျာအတွက် ဒီပွဲကို အနိုင်ရမှ ဖြစ်လိမ့်မယ်လို့ ကိုစီရယ်နီ ဆို
သူတို့ရဲ့ မန်နေဂျာအတွက် ဒီပွဲကို အနိုင်ရမှ ဖြစ်လိမ့်မယ်လို့ ကိုစီရယ်နီ ဆို
===============================================
အာဆင်နယ် နောက်တန်း ကစားသမား ကိုစီရယ်နီ က သူတို့သည် သူတို့၏ မန်နေဂျာ အတွက် ချဲလ်ဆီးအသင်းကို အနိုင်ကစားရလိမ့်မည်ဟု အသင်းဖေါ်များကို တိုက်တွန်းလိုက်သည်။
အာဆင်ဝင်းဂါးသည် မော်ရင်ဟိုနှင့် ထိပ်တိုက်တွေ့ခဲ့သည့်ပွဲတိုင်း တစ်ပွဲမှ အနိုင်မရသေးပဲ (၇)ပွဲရှုံး (၅)ပွဲသရေ ဖြစ်ခဲ့သည်။ ထိုအရာအတွက် ကိုစီရယ်နီ ကသူ့မန်နေဂျာ အတွက် ပြောင်းလဲ ပေးချင်နေသည်။
“အဲ့ဒီရလဒ်တွေအတွက် ဂျိုစ့်မော်ရင်ဟိုဟာ စိတ်ဓါတ်ရေးရာ အရာ အသာစီးရ နေလိမ့်မယ်။ အဲ့ဒါကို ပြောင်းလဲဖို့က ဒီပွဲပဲဖြစ်တယ်၊ ကျွန်တော်တို့ ဘောစ့် အတွက် ဒီတစ်ကြိမ် အနိုင်ရလိမ့်မယ်လို့ မျှော်လင့် တယ်။ အဲ့ဒီအတွက် ပွဲကို ကျွန်တော်တို့ အားလုံး အမြင့်ဆုံး အရည်အသွေးတွေနဲ့ ဦးဆောင်ကစားကြရလိမ့်မယ်” လို့ သူက ဆိုလိုက်သည်။
ဂန်းနားအသင်းဟာ (၉)ပွဲဆက်တိုက်နိုင်ပွဲ ရရှိထားပြီး ဒီညပွဲဟာ သူတို့အတွက် (၁၀) မြောက်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။
xxxxxxxxxxxxxxxxxxxxxxx
မော်ရင်ဟိုနှင့် အာဆင်ဝင်းဂါး ထိပ်တိုက်တွေဲ့ခဲ့သမျှ
================================
Arsenal 2 Chelsea 2, Premier League, December 12, 2004
Chelsea 0 Arsenal 0, Premier League, April 20, 2005
Arsenal 1 Chelsea 2, Community Shield, August 7, 2005
Chelsea 1 Arsenal 0, Premier League, August 21, 2005
Arsenal 0 Chelsea 2, Premier League, December 18, 2005
Chelsea 1 Arsenal 1, Premier League, December 10, 2006
Chelsea 2 Arsenal 1, League Cup final, February 25, 2007
Arsenal 1 Chelsea 1, Premier League, May 6, 2007
Arsenal 0 Chelsea 2, League Cup, October 29, 2013
Arsenal 0 Chelsea 0, Premier League, December 23, 2013
Chelsea 6 Arsenal 0, Premier League, March 22, 2014
Chelsea 2 Arsenal 0, Premier League, October 5, 2014
Chelsea (?) Arsenal (?) , Premier League, April 26, 2015
#မောရစ်
Football Cafe
Labels:
ပရီးမီးယားလိဂ်
ဖလစ်ပီလူးဝစ်,ကို အင်တာအငှားခေါ်ယူဖို့ ကြိုးစားနေ
ဖလစ်ပီလူးဝစ်,ကို အင်တာအငှားခေါ်ယူဖို့ ကြိုးစားနေ
==================================
အင်တာမီလန်အသင်းသည် ချဲလ်ဆီးနောက်တန်း ကစားသမား ဖလစ်ပီလူးဝစ် အား အငှားဖြင့် ခေါ်ယူချင်နေသည်။ ဖလစ်ပီလူးဝစ်သည် တီကို အသင်း၏ အောင်မြင်မှု နှင့်အတူ ထင်ပေါ်ခဲ့ပြီး ချဲလ်ဆီးသို့ ရောက်ရှိခဲ့သော အဆိုပါ ဘရာဇီးသားသည် အက်ပီလီကွေတာ ၏နောက် ပုံမှန်နေရာ ရရန် ရုန်းကန်နေရသည်။
ပြီးခဲ့သည့် လတွေကတည်းက သူ့အား အသင်းဟောင်းက ပြန်ခေါ်ချင် နေခဲ့သည့် သတင်းများ ထွက်လာခဲ့ပြီး ယခုမှ အင်တာက ကြားဝင်လာ ခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က အက်သလက်တီကို မတ်ဒရစ် အသင်းသည် စပိန်ဘီလူး နှစ်သင်းကို ကျော်ဖြတ်ကာ လာလီဂါချန်ပီယံ ဖြစ်ခဲ့ပြီး ချန်ပီယံလိဒ် ချန်ပီယံအဖြစ် အောင်ပွဲခံရန် အင်မတန်နီးစပ်ခဲ့သည်။ အဆိုပါ အောင်မြင်မှုတို့တွင် အဓိက ကစားသမားများဖြစ်ခဲ့သည့် ဒီယေဂိုကော်စတာနှင့် ဖလစ်ပီလူးဝစ် တို့ ချဲလ်ဆီး အသင်းသို့ ရောက်ရှိလာခဲ့သည်။
#မောရစ်
Football Cafe
Labels:
စီးရီးအေ,
ပရီးမီးယားလိဂ်
အာဆင်နယ် နှင့် ချယ်ဆီး အသင်းများ ရဲ့ သတင်း နှင့် ဒဏ်ရာရ အခြေအနေများ
အာဆင်နယ် နှင့် ချယ်ဆီး အသင်းများ ရဲ့ သတင်း နှင့် ဒဏ်ရာရ အခြေအနေများ
မြန်မာစံတော်ချိန် ယနေ့ည ၉:၃၀ တွင် ကစားမည့် အာဆင်နယ် နှင့် ချယ်ဆီး ပွဲသည် မြို့ခံပြိုင်ဘက်များ ဖြစ်သလို ထိပ်ဆုံး နှစ်သင်း အတွက် မျှော်လင့်ချက် ကိုယ်စီဖြင့် စိတ်ဝင်စားစရာ ပွဲတစ်ပွဲဖြစ်ပါတယ်။ ယခုပွဲ အာဆင်နယ် အနိုင်ရရှိခဲ့ရင် ချန်ပီယံ အခွင့်အရေး အနည်းငယ် ရှိနေသေးသလို ချယ်ဆီး အနိုင်ရရှိခဲ့ရင် ချန်ပီယံ သေချာသွားမည်ဖြစ်သဖြင့် ပရိတ်သတ် အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတာဖြစ်ပါတယ်။
အများစု ကတော့ ယခုပွဲမတိုင်ခင်ကတည်းက ချယ်ဆီး အသင်း ချန်ပီယံဖြစ်ခဲ့ပြီလို့ လက်ခံထားပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ဘောလုံးမှာတော့ အရာရာဘာမဆို ဖြစ်လာနိုင်ပါတယ်။
ယခုအချိန်မှာတော့ အာဆင်နယ် အသင်း ဟာ ၂၀၁၅ ခုနှစ်ထဲ မှာ ၂ ပွဲသာ ရှုံးနိမ့်သေးပြီး အကောင်းဆုံးခြေစွမ်းဖြင့် ချီတက်နေပါတယ်။ အာဆင်နယ်အသင်း အနိုင်ရရှိခဲ့ရင် ချန်ပီယံမျှော်လင့်ချက် အငွေ့အသက်လေး ရှိနေသဖြင့် အာရုံစိုက် ကစားဖို့ရာသံသယရှိစရာမလိုပါဘူး။
ချယ်ဆီး အသင်းကလည်း ပြီးခဲ့တဲ့သီတင်းပတ်က မန်ချက်စတာယူနိုက်တက် ကို အနိုင်ရရှိခဲ့သလို ယခုပွဲအနိုင်ရရှိခဲ့ရင် ချန်ပီယံသေချာစေမှာ ဖြစ်သဖြင့် အမှားအယွင်းမခံပဲ မောရင်ညို အနေနဲ့ အသေအချာ ပြင်ဆင်ဆင်လာမည်ဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲ။
လက်ရှိ နှစ်သင်း ရဲ့ အခြေအနေကို လေ့လာကြည့်ရင်
*အာဆင်နယ် အသင်းသည်၂၀၁၅ ခုနှစ်မှာ တစ်ပွဲပျမ်းမျှ ၂.၅၄ မှတ်ရရှိထားပြီး ၎င်းပမာဏ သည် တခြား ဥရောပအသင်းကြီးများထက် ပိုမိုတဲ့ ရမှတ်ပမာဏဖြစ်ပါတယ်။
*မော်ရင်ညို သည် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါး နှင့် တွေ့ဆုံခဲ့တိုင်း တခါမှ ရှုံးနိမ့်ခဲ့ခြင်း မရှိသေးပါဘူး။ (၇ ပွဲအနိုင် ရရှိခဲ့ပြီး ၅ ပွဲသရေကျခဲ့ပါတယ်)
*သီယိုဝဲလ်ကော့ ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော် က ချယ်ဆီး အသင်းကို နောက်ဆုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။
*ချယ်ဆီး အသင်းဟာ ယခုရာသီအစကတည်း က ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ တောက်လျှောက် ဦးဆောင် ထားနိုင်ခဲ့တာဖြစ်ပါတယ်။
*တစ်ပွဲပျမ်းမျှ ဂိုးပေါက်တည့်မှုမှာ ယခုရာသီ တွင် ချယ်ဆီး အသင်း လောက် တခြားအသင်းမှမစွမ်းဆောင်နိုင်သေးပါဘူး။ ချယ်ဆီးအသင်းသည် တစ်ပွဲပျမ်းမျှ ၄.၂၃ ကြိမ် ဂိုးပေါက်တည့်ကြောင်း မှတ်တမ်းများက ပြဆိုနေပါတယ်။
*အာဆင်နယ် အသင်းကစားခဲ့သည့် ပြိုင်ပွဲအားလုံးတွင် အိုလီဗာဂီရော့ဒ် သည် နောက်ဆုံး ၁၂ ပွဲတွင် ၁၀ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။
အာဆင်နယ်အသင်းရဲ့ သတင်းအချက်အလက်များ နှင့် ဒဏ်ရာရလူစာရင်း
မာတီဆက်ကာ ရဲ့ခြေချင်းဝတ် ဒဏ်ရာကြောင့် ဂါဘရီရယ်လ် ပေါ်လစ္စတာ ကစားဖို့မျှော်လင့်နေပါတယ်။ ဟက်တာဘယ်လ်လာရင် ရဲ့ခြေချင်းဝတ်ဒဏ်ရာကြောင့် အာဆင်ဝင်းဂါးအနေနဲ့ မတ်သီးယူဒီဘူချီ ကိုပဲ သုံးမလား ဒါမှမဟုတ် ဘယ်လ်လာရင် ပဲ ပြန်ကစားနိုင်မလားဆိုတာ အာဆင်ဝင်းဂါးအနေနဲ့ ဆုံးဖြတ်ချက်ချရတော့မည်ဖြစ်ပါတယ်။
ချန်ဘာလိန် ရဲ့ မကြာခဏ ဖြစ်ပေါ်လေ့ရှိသော ပေါင်ခြံ ဒဏ်ရာ ကို ခွဲစိတ်ကုသမှု ခံယူသွားရမှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာ
အော့စ်ပီးနား၊ ဘယ်လ်လာရင်၊ ကိုစီရယ်နီ၊ ဂါဘရီရယ်လ်၊ မိုနရယ်လ်၊ ကာဇိုလာ၊ ရမ်းဆေး၊ အိုဇေးလ်၊ ကိုကွီလင်၊ ဆန်းချက်စ် နှင့် ဂီရော့ဒ် တို့ဖြစ်နိုင်ဖွယ်ရှိပါတယ်။
ချယ်ဆီး အသင်းရဲ့ သတင်းအချက်အလက်များ နှင့် ဒဏ်ရာရလူစာရင်း
တိုက်စစ်မှူးတွေ ဒဏ်ရာရရှိနေတဲ့ ပြသနာ က ချယ်ဆီးအသင်းရဲ့ အနိုင် ရလဒ်တွေကိုတော့ ရပ်တန့်သွားစေခဲ့ခြင်းမရှိပါဘူး၊ ဒီရေဂိုကော်စတာ၊ ရီမီ နဲ့ ဒရော့ဘာ တို့ ယခုသတင်းပတ် မှာ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အအေးမိရောဂါ ကနေပြန်လာနိုင်ခဲ့တဲ့ ဝီလျှံ ပြန်လည် ပါဝင်လာနိုင်မည်ဖြစ်ပြီး ရာမီးယပ်စ် နှင့် ဇူးမား တို့လည်း ပွဲထွက်စာရင်း မှာ ပါဝင်ဖွယ်ရှိပါတယ်။
ချယ်ဆီး အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာ
ကော်တိုးရစ်၊ အိုင်ဗန်နိုဗစ်၊ တယ်ရီ၊ ကာဟေးလ်၊ အက်စ်ပလီကျူတာ၊ ရာမီးယပ်စ်၊ မက်တစ်၊ ဝီလျှံ၊ ဖာဘရီဂက်စ်၊ ဟာဇတ်၊ ဒရော့ဘာ တို့ ဖြစ်နိုင်ဖွယ်ရှိပါတယ်။
ပွဲချိန်ကတော့ ယနေ့ ၂၆/၀၄/၂၀၁၅ မြန်မာစံတော်ချိန် ည ၉:၃၀ မှာ စတင် ကစားမည်ဖြစ်ပြီး ရင်ခုန်စွာစောင့်မျှော် ကြည့်ရှုကြပါစို့လို့.............
#KS
Football Cafe
Labels:
ပရီးမီးယားလိဂ်
ဘာစီလိုနာ အသင်း က ဘိုင်ယန်မြူးနစ် အသင်းထက်ပိုကောင်းပါတယ် (ဂွာဒီယိုလာ)
ဘာစီလိုနာ အသင်း က ဘိုင်ယန်မြူးနစ် အသင်းထက်ပိုကောင်းပါတယ် (ဂွာဒီယိုလာ)
ဘာကာ အသင်း နှင့် ဘိုင်ယန်မြူးနစ် အသင်းတို့သည် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် ထိပ်တိုက်တွေ့ဆုံနေသည့် အတွက် ဘာကာ နည်းပြဟောင်း ဂွာဒီယိုလာသည် စိတ်အားထက်သန်နေပြီး သူ့ရဲ့အသင်းသည် ဘာကာ ကို ရင်ဆိုင်ဖြိုခွင်းရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်းယုံကြည်နေပါတယ်။
ပြီးခဲ့သည့် သောကြာနေ့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မဲခွဲပြီး အသင်း နှစ်ခုထိပ်တိုက် တွေ့ဆုံပြီးနောက် ဘာစီလိုနာအသင်း က အင်အားအတောင့်တင်းဆုံးဖြစ်ကြောင်း ဂွာဒီယိုလာက တံဆိပ်တပ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကို မကိုင်တွယ်မီ တစ်နှစ်ကျော် က ၄၄ နှစ်သားသည် ဘာကာ အသင်းကို ၂၀၀၈ မှ ၂၀၁၂ အထိကိုင်တွယ် ခဲ့ပြီး ဆုဖလားများစွာ ဆွတ်ခူးအောင်မြင်ခဲ့ပါတယ်။
ဂွာဒီယိုလာ သည် ဘာကာမှ ထွက်ခွာလာပြီး နောက်ပိုင်း လာမည့်ချန်ပီယံလိဂ် ပွဲသွားရောက်ကစားရခြင်းသည် ဂွာဒီယိုလာ အတွက် တခြား အသင်း နှင့် ကမ့်နူး ကို ပထမဆုံးပြန်လည်ခြေချခြင်း ဖြစ်ပါတယ်။ သူ့မှာ ဘာမှ မရှပါဘူး၊ဒါပေမဲ့ အသင်းဟောင်း အတွက် လေးစားမှုရှိခဲ့ပါတယ်။
"""ဘာကာအသင်းဟာ သိသာထင်ရှားတဲ့ ရွေးချယ်စရာများစွာ ထဲက တစ်ခုပါ၊ ကျွန်တော် ဘာကာအသင်း နဲ့ အောင်မြင်မှုများစွာရရှိခဲ့တဲ့အတွက် ပျော်ရွှင်ခဲ့ရပါတယ်၊ ဒါပေမဲ့ ခုအချိန်မှာ ကျွန်တော် ဘိုင်ယန်မြူးနစ် အသင်းမှာ ပျောရွှင်နေပါတယ်၊၊ ကျွန်တော့်အတွက် အရမ်းကောင်းပါတယ်၊ အမှန်တကယ်ပဲ ဒီနေရာ မှာ ဘာကာဟာ အကောင်းဆုံးအသင်းတသင်းပါ""" လို့ သတင်းစာရှင်းလင်းပွဲတွင် စပိန်သားက ပြောကြားခဲ့ပါတယ်။
""" ကျွန်တော် ဘိုင်ယန်မြူးနစ် အသင်း နဲ့အတူ ဘာကာ ကို ပြန်လာဖို့ အခွင့် အရေးရရှိခဲ့တာ ကျွန်တော်ကျေးဇူး တင်ပါတယ်၊ ဒါဟာ အကောင်းဆုံး အခွင့်အရေးတစ်ခုပါပဲ၊ ကျွန်တော် ဘာကာ မကောင်းတဲ့အကြောင်း တစ်ခုမှ မပြောနိုင်ပါဘူး၊ ကျွန်တော့်မှာ ဘာမှ မရှိပါဘူး၊ ဒါပေမဲ့ ဘာကာကို လေးစားပါတယ်၊ ကျွန်တော် ခုပွဲ နှစ်ပွဲ ကိုတော့ ဘယ်တော့မှမေ့တော့မှာ မဟုတ်ပါဘူး၊ ဘာကာကို အနိုင်ရရှိဖို့ အကောင်းဆုံးအသင်းတစ်ခု ဖြစ်ဖို့ ကျွန်တော်တို့လိုအပ်ပါတယ်၊ ကျွန်တော်ပြောတာ ယုံပါ သူတို့က အတောင့်တင်းဆုံးအသင်းပါ၊ ကျွန်တော် လူးဝစ်အင်းနရစ် အတွက် အရမ်းကျေနပ်ပါတယ်၊ သူဟာ လူကောင်းတစ်ျယာက် ဖြစ်ပြီး ထိပ်တန်း နည်းပြကောင်းတစ်ယောက်ပါ၊ ဘာစီလိုနာ အသင်း ရဲ့ ခံယူချက်သဘောထားက မပြောင်းလဲသေးပါဘူး၊ သူတို့ ဟာ အရင်ကလိုပဲ တူညီတဲ့ အသင်းတစ်သင်း အဖြစ်ရှိနေပါသေးတယ်""" လို့ ဂွာဒီယိုလာ က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် အသင်း နှင့် ဘာစီလိုနာ အသင်းတို့နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၂၀၁၂-၂၀၁၃ ခုနှစ် က ချန်ပီယံလိဂ် ပွဲမှာ တွေ့ဆုံခဲ့ပြီး ဘိုင်ယန်မြူးနစ် အသင်းက ဘာစီလိုနာ အသင်း ကို စုစုပေါင်း ၇-၀ ဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့ကာ မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။
#KS
Football Cafe
Labels:
ဘွန်ဒက်စ်လီဂာ
Subscribe to:
Posts (Atom)