Pages

Wednesday, January 28, 2015

အသင်းဟောင်း ယူနိုက်တက်ထံ ပေါ့ဂ်ဘာ ပြန်သွားဖြစ်ဖွယ် မရှိဟု ပီယာလို မှတ်ချက်ပြု



မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ပေါလ်ပေါ့ဂ်ဘာကို မည်သည့်အခါတွင်မျှ ပြန်လည်ခေါ်ယူရန် မဖြစ်နိုင်တော့ဟု အင်ဒရီယာ ပီယာလိုက မှတ်ချက်ပြု ပြောကြားခဲ့သည်။

ယူနိုက်တက်တွင် ဆာအဲလက်စ် ဖာဂူဆန် မန်နေဂျာအဖြစ် တာဝန်ယူစဉ်က ပြင်သစ် ဆယ်ကျော်သက် ကစားသမားလေး ပေါ့ဂ်ဘာကို အသင်းတွင် နေရာပေး သုံးစွဲခဲ့ခြင်း မရှိသည့်နောက် ပေါ့ဂ်ဘာသည် အင်္ဂလန် ကလပ်ကို စွန့်ခွာရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် (၂၀၁၂)ခုနှစ်၊ ဇူလိုင်လတွင် ပေါ့ဂ်ဘာသည် အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်ထံ အလွတ် ပြောင်းရွှေ့လာပြီး တဖြည်းဖြည်း တိုးတက်လာရာ ယခုအခါ ကမ္ဘာ့အဆင့် အလယ်တန်း ကစားသမား တစ်ဦးအဖြစ် သတ်မှတ် ခံထားရပြီ ဖြစ်သည်။

လက်ရှိ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က အသက်(၂၁)နှစ်ရှိ ပြင်သစ် လက်ရွေးစင်ကို အိုးလ်ထရက်ဖို့ဒ်သို့ တစ်ကျော့ပြန် ခေါ်ယူရန် လိုလားနေကြောင်း သတင်းများ ထွက်ပေါ်နေသည့်တိုင် ပေါ့ဂ်ဘာ၏ ဂျူဗင်းတပ်စ် အသင်းဖော် ပီယာလိုက ယင်းသည် လက်တွေ့ မဖြစ်နိုင်တော့ကြောင်း ဝေဖန်ခဲ့သည်။ အီတလီ ဝါရင့် ကွင်းလယ် ကစားသမားကြီးက ပေါ့ဂ်ဘာကို ဆက်လက် ထိန်းသိမ်းထားရန် ပျက်ကွက်ခြင်းသည် ဖာဂူဆန်၏ အကြီးဆုံး အမှားတစ်ရပ်ဟုလည်း ယူဆထားသည်။

“အခုအချိန်မှာ ဘာတွေပဲ အကြောင်းပြချက် ပေးနေပါစေ၊ တစ်ချိန်က မန်ချက်စတာ ယူနိုက်တက်ဟာ ပေါ့ဂ်ဘာကို အခွင့်အရေး မပေးဖို့ ရွေးချယ်ခဲ့ဖူးတယ်လေ။ အဲဒါဟာ တကယ့် အမှားကြီး တစ်ခုပဲ။ သူတို့ဟာ အဲဒီအမှားကို နေ့တိုင်း သတိရပြီး ရှင်သန်နေရပြီ။ ပေါ့ဂ်ဘာ အနေနဲ့တော့ မန်ချက်စတာ ယူနိုက်တက်ကို ပြန်သွားလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး”ဟု ပီယာလိုက ပြောဆိုသွားသည်။

Soccer Myanmar

No comments:

Post a Comment