Pages

Monday, January 26, 2015

ဖုန်ဂန် ဘောလုံးအသင်း အတွက် ကစားသမားများ ရွေးချယ်



မြန်မာ နေရှင်နယ်လိဂ်-၂မှာ ယခုနှစ်မှ စတင် ၀င်ပြိုင်မည့် ဖုန်ဂန်ဘောလုံး အသင်းသည် ကစားသမားများကို ရ၀မ်စာပေနှင့် ယဉ်ကျေးမှု အသင်းအားကစား ပြိုင်ပွဲများမှ ထူးချွန်သူများအား ရွေးချယ် ထားကြောင်း သိရပါသည်။
“ရန်ကုန်မှာ ရှိတဲ့ ရ၀မ် စာပေနှင့် ယဉ်ကျေးမှု အသင်းက ဘောလုံး ပြိုင်ပွဲတွေနဲ့  တခြား အားကစားပွဲတွေ လုပ်တယ်။ အဲဒီက ကစားသမားတွေကို ရွေးချယ်ပြီး ၀င်ပြိုင်တာပါ” လို့ ဖုန်ဂန်ဘောလုံးအသင်း အမှုဆောင် အရာရှိချုပ် ဦးဖလားဆင်က ပြောပါသည်။
ဖုန်ဂန် ဘောလုံး အသင်းသည် ကချင်ပြည်နယ် ပူတာအို ခရိုင်အတွင်းမှာ ရှိသည့် တိုင်းရင်းသား လုငယ်များနဲ့ မြန်မာ နေရှင်နယ်လိဂ်-၂ကို ၀င်ပြိုင်တာ ဖြစ်ပြီး ကစားသမား အရေအတွက် စုစုပေါင်း ကစားသမား၂၇ယောက် ရှိတယ်လို့ သိရပါ သည်။
“ကစားသမားတွေရဲ့ လစာကတော့ အားလုံးကို ငွေကျပ်သုံးသောင်းစီ ပေးထားပါတယ်။သူတို့ အရည်အချင်းကို ကြည့်ပြီးနောက်ပိုင်းမှာ ဆက်တိုးပေးသွားမှာ ပါ” လို့ ဖုန်ဂန် ဘောလုံး အသင်း အမှုဆောင် အရာရှိချုပ် ဦးဖလားဆင်က ဆိုပါသည်။ ဖုန်ဂန် ဘောလုံး အသင်းသည် လက်ရှိအချိန်မှာ စမ်းချောင်း မြို့ နယ်မှာ အဆောင် ငှားရမ်း နေထိုင်နေပြီး ဗဟန်း အားကစားကွင်းမှာ လေ့ကျင့်နေတယ် လို့ သိရပါသည်။ ၎င်းအပြင် အသင်းအတွက် အိမ်ကွင်းပါ တည်ဆောက်ရန် စီစဉ်နေကြောင်းလည်း ပြောကြားခဲ့သည်။

“ပူတာအို ခရိုင် အတွင်းမှာ  အိမ်ကွင်း ဆောက်လုပ်နိုင်ဖို့ စီစဉ်နေပါတယ်။ဘယ်တော့ လောက်စဆောက်နိုင်မလဲ မသိပေမယ့် မြေနေရာကတော့ သုံးနေရာလောက် ကြည့်ထားပြီးပါပြီ”လို့ ဖုန်ဂန်ဘောလုံး အသင်းမီဒီယာ တာဝန်ခံ ဦးဆလွက်ထ မျိုးရမ်ကပြောပါသည်။ ဒါ့အပြင် ဖုန်ဂန်ဘောလုံး အသင်း အနေနဲ့ အသင်း ရေရှည်ရပ်တည်နိုင်ဖို့ အ တွက် ကချင်ပြည်နယ်မှ ကျောက်စိမ်း လုပ်ငန်းရှင် တစ်ချို့ နဲ့ လည်း ဆက်သွယ် ဆောင်ရွက်ဖို့ ကြိုးစားနေတယ်လို့ သိရပါသည်။
“အခုတော့ အသင်းမှာ အဓိက စပွန်ဆာ မရှိသေးပေးမယ့် လုပ်ငန်းရှင်တွေက ထောက်ပံ့ ထားပါတယ်။ နောက်ပိုင်းမှာ အသင်း အတွက် ကျောက်စိမ်းလောပန် တွေနဲ့ လည်း ပြောထားပါတယ်” လို့ ဖုန်ဂန်ဘောလုံးအသင်း အမှုဆောင်အရာ ရှိချုပ် ဦးဖလားဆင်က ဆိုပါသည်။

Soccer Myanmar

No comments:

Post a Comment