Pages

Wednesday, January 21, 2015

IFFHS၏ တစ်နှစ်တာ ထိပ်တန်းဂိုးသွင်းရှင်များ စာရင်းတွင် ဘေးလ်၊ ဗန်ပါစီတို့ အထက်၌ ကျော်ကိုကို ရပ်တည်




နိုင်ငံတကာ ဘောလုံးသမိုင်း ကြောင်းနှင့် စာရင်းအချက်အ လက်အဖွဲ့ (IFFHS) က ၂၀၁၄ အတွက်  ထိပ်တန်းဂိုးသွင်းရှင် များစာရင်းကို    ထုတ်ပြန်ကြေ ညာရာ မြန်မာ့လက်ရွေးစင် တိုက် စစ်မှူး ကျော်ကိုကိုက အဆင့် (၇)တွင် ရပ်တည်ခဲ့သည်။
IFFHS၏ အမှတ်ပေးမှု ပုံစံတွင် ကစားသမား တစ်ဦး၏ သက်ဆိုင်ရာ ကလပ်အသင်းအ တွက်   ပြည်တွင်းလိဂ်၌   သွင်း ယူသော ဂိုးများကို ထည့်သွင်း ရေ တွက်ခြင်းမပြုချေ။ ယင်းအစား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် တိုက်အလိုက် ဘောလုံး အ ဖွဲ့ချုပ်များက ကျင်းပသည့် ပြိုင် ပွဲများမှ သွင်းဂိုးများကိုသာ အ မှတ်ပေး ရေတွက်ခြင်း ဖြစ်သည်။
ရန်ကုန်ယူနိုက်တက် တိုက် စစ်မှူး ကျော်ကိုကိုသည် ၂၀၁၄က AFC Cupတွင် ကလပ်အသင်းအတွက် ခြောက်ဂိုးသွင်းယူခဲ့ပြီး FIFA အသိအမှတ်ပြု လက်ရွေးစင်ပွဲများ၌ ခြောက်ဂိုးရရှိခဲ့သည့် နောက် IFFHS ၏ တစ်နှစ်တာ ဂိုးသွင်းဘုရင်စာရင်းတွင် အဆင့် (၇) ချိတ်နိုင်ခဲ့သည်။
IFFHS ၏ အမှတ်ပေး တွက်ချက်ပုံအရ ကျော်ကိုကိုသည် မန် ချက်စတာ ယူနိုက်တက် တိုက်စစ် မှူး ရော်ဘင်ဗန်ပါစီ၊ ရီးရဲလ်မက် ဒရစ် တိုက်စစ်သမားများ ဖြစ် သည့် ဂါရတ်ဘေးလ်၊ ဟာမက်စ် ရိုဒရီဂွက်ဇ်တို့ထက် ရပ်တည်မှု အဆင့် အသာစီးရရှိနေသည်ကို တွေ့ရသည်။
IFFHS ၏ ၂၀၁၄ အတွက် ထိပ်တန်းဂိုးသွင်းသူ စာရင်း တွင် ရီးရဲလ်နှင့် ပေါ်တူဂီတိုက် စစ်သမား     ခရစ္စတီယာနိုရော် နယ်ဒိုက စုစုပေါင်းသွင်း ဂိုး ၂၀ ဖြင့်   ထိပ်ဆုံး၌ရှိနေပြီး   ယင်း နောက်တွင် နေမာ ၁၉ ဂိုး၊ လီယွန်နယ်မက်ဆီ ၁၈ ဂိုး၊ အ ဆာမိုယန် ၁၈ ဂိုး၊ ကာရင်မ်ဘန်ဇီးမာ ၁၆ဂိုး၊ သောမတ်စ် မူလာ ၁၅ဂိုးနှင့် ကျော်ကိုကို ၁၂ ဂိုးတို့က အစဉ်လိုက် ရပ်တည်နေခြင်းဖြစ်သည်။
ရော်နယ်ဒိုသည်  ၂၀၁၄ အတွင်း    ရီးရဲလ်အတွက် ချန်ပီ ယံလိဂ်တွင် ၁၃ ဂိုး၊ ဥရောပစူပါ ဖလား၌   နှစ်ဂိုးနှင့်   ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက် ငါးဂိုးသွင်းယူပြီး စုစုပေါင်း ဂိုး ၂၀ ထိ ရရှိခဲ့သည်။
၎င်းသည် ၂၀၁၃  အတွက် လည်း IFFHS ၏ ထိပ်တန်းဂိုး သွင်းသူအဖြစ် သွင်းဂိုး ၂၅ ဂိုး ဖြင့် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ရာ ၂ နှစ်ဆက် တိုက် အောင်မြင်မှု ရရှိခဲ့ခြင်းလည်းဖြစ်သည်။
ယင်းအတွက် ဂုဏ်ပြုဆုကို ဒီဇင်ဘာလဆန်းတွင်     ရော် နယ်ဒို လက်ခံယူခဲ့ပြီးဖြစ်သည်။ IFFHS ၏ ၂၀၁၄ ခုနှစ် တစ်နှစ်တာ အကောင်းဆုံးကွင်းလယ် ဖန်တီးရှင်အဖြစ်မူ ရီးရဲလ်တွင် ရော်နယ်ဒို၏ အသင်းဖော်အဖြစ် ကစားနေသည့် ဂျာမန်လက်ရွေးစင် တိုနီခရူးစ်က ရွေးချယ်ခံရသည်။
အကောင်းဆုံး   ဂိုးသမား နေရာတွင်     ဘိုင်ယန်မြူးနစ်နှင့် ဂျာမန် လက်ရွေးစင် မန်နျူရယ်လ် နျူအာက ရပ်တည်နိုင်ခဲ့သည်။
—Ref: Marca

7Day News


No comments:

Post a Comment