မက်ဒရစ် နောက်ခံလူ ကွန်ထရာအို ဒဏ်ရာကြောင့် မတ်လအထိ အနား ယူရမည်
ရီးယဲမက်ဒရစ် နောက်ခံ ကစားသမား ဖေဘီယို ကွန်ထရာအိုသည် လေ့ကျင့်ရေးကွင်းတွင် ရရှိခဲ့သည့် ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် မတ်လအထိ အနားယူရမည်ဟု သိရသည်။
ကွန်ထရာအိုသည် ၎င်း၏ ညာဘက် ခြေသလုံးကြွက်သား ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကစားသမား အနေဖြင့် ၃ ပတ်ခန့် အနားယူမည် ဖြစ်ကြောင်း လက်ရှိ ဥရောပချန်ပီယံ အသင်းမှ အတည်ပြုခဲ့သည်။ မက်ဒရစ် ဘယ်နောက်ခံ ကစားသမားသည် ယခုနှစ် ဘောလုံးရာသီတွင် ဦးစားပေး ကစားသမား မာဆယ်လို၏ နောက်တွင်သာ ရှိခဲ့ပြီး အသင်းအတွက် ပွဲအနည်းငယ်သာ ပါဝင်ကစားခဲ့ရသည်။
ကွန်ထရာအိုသည် ယခုနှစ် ဘောလုံးရာသီတွင် လာလီဂါ ၃ ပွဲသာ ပါဝင်ကစားခဲ့ပြီး ၎င်းအနက် ၂ ပွဲမှာ အက်သလက်တီကို မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ရသည်။ ထို့အပြင် အသက် ၂၆ နှစ်အရွယ် ကွန်ထရာအိုသည် အက်စ်ပန်ညိုနှင့် ကစားခဲ့သည့် ပွဲတွင်လည်း ထုတ်ပယ်ခံခဲ့ရသည်။
လက်ရှိ ဥရောပချန်ပီယံ ရီးယဲမက်ဒရစ်သည် ချန်ပီယံလိဂ် အုပ်စုအဆင့်တွင် ၆ ပွဲစလုံး အနိုင်ရရှိခဲ့ပြီးနောက် နောက်ဆုံး ၁၆ သင်းအဆင့်တွင် ရှော့ကေးနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ကွန်ထရာအိုသည် ဒဏ်ရာကြောင့် ရှော့ကေးနှင့် ပွဲအပြင် ဒီပို့တီဗို၊ အယ်ချီနှင့် ဗီလာရီးယဲတို့ဖြင့် ယှဉ်ပြိုင်ရမည့် လာလီဂါ ပွဲစဉ်များကိုလည်း လွဲချော်ရမည် ဖြစ်သည်။
Soccer Myanmar
No comments:
Post a Comment