အက်ဖ်အေ၏စွဲချက်အပေါ်
ပုဂ္ဂိုလ်ရေး ကြားနာ မှုပြုလုပ်ရန် ဗန်ဟားလ်တောင်းဆို
Written
by ဝေဘုန်းလူ
မန်ချက်စတာ။ ။ မန်ယူနည်းပြ ဗန်ဟားလ်သည် အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်မှစွဲချက်
တင်ထားမှုကို ပုဂ္ဂိုလ်ရေးကြားနာ မှုပြုလုပ်ပေး ရန်တောင်း ဆိုလိုက် သည်။
အသက် ၆၃ နှစ်
အရွယ်ရှိ နယ်သာလန် လူမျိုးနည်းပြသည် ဇန်န၀ါရီလ အတွင်း ကင်းဘရစ်နှင့် သရေကျခဲ့သည့် အက်ဖ်အေ
ဖလားပွဲစဉ် တွင်ကွင်း လယ်ဒိုင် ခရစ်ဖွိုင်းက မန်ယူအသင်း ကိုနှိပ်ကွပ် သည့်ဆုံးဖြတ်
ချက်များချမှတ် ခဲ့သည်ဟုပြော ကြားခဲ့သဖြင့် စွဲချက် တင်ခံထား ရခြင်းဖြစ်သည်။
'ဗန်ဟားလ်သည်
မီဒီယာသို့ပြောကြားခဲ့သည့် လွဲမှားသည့်အပြုအမူအတွက် အက်ဖ်အေ၏စွဲချက်ကို ငြင်းဆန်ခဲ့ပြီး
ပုဂ္ဂိုလ်ရေးကြား နာမှုပြုလုပ် ရန်တောင်းဆို ခဲ့သဖြင့်ကြား နာမည့်ရက် ကိုပြန်လည် အတည်ပြုပေးမည်'
ဖြစ်ကြောင်း အက်ဖ်အေ ကကြေညာ ခဲ့သည်။
ယင်းကိစ္စ
အပေါ်ဗန်ဟားလ်ကလည်း "ကျွန်တော်ပြောတာ မှားတယ်လို့ မထင်ပါဘူး။ ကျွန်တော့် နည်းပြသက်တမ်း
၃၀ အတွင်းမှာ တစ်ခါမှစွဲချက် တင်မခံခဲ့ရ ဘူး။ဒိုင်လူကြီးနဲ့ပတ်သက်ပြီးကျွန်တော်ဘယ်တုန်းကမှမပြောခဲ့ဘူးဆိုတာ
မီဒီယာတစ်ခုအနေနဲ့ခင်ဗျားတို့ အတည်ပြုနိုင်ပါတယ်" ဟုပြီးခဲ့သည့် တစ်ပတ်သော ကြာနေ့တွင်
ဘီဘီစီ သို့ပြောကြား ထားသည်။
အက်ဖ်အေ ဖလားစတုတ္ထ
အဆင့်တွင် လိဂ်-၂ ကလပ်ကင်း ဘရစ်နှင့် ဂိုးမရှိ သရေကျ အပြီးတွင် ဗန်ဟားလ်က 'ဘောလုံးကွင်း၊
ဒိုင်လူကြီး၊ အရာ အားလုံးက ကျွန်တော်တို့ကို နှိပ်ကွပ်နေတယ်' ဟုဘီဘီစီပွဲပြီးအစီအစဉ်သို့ပြောကြားခဲ့
ပြီးနောက်ပိုင်းတွင် 'ခင်ဗျားတို့လည်း ဒိုင်လူကြီးကိုတွေ့ခဲ့မှာပဲ။ အမြဲတမ်း ဒီလိုပဲ'ဟု
ထပ်မံပြော ကြားခဲ့သည်ဟု ဘီဘီစီ ကပြန်လည်ဖော်ပြ ခဲ့သည်။
Ref: BBC
Mizzima
No comments:
Post a Comment