Pages

Wednesday, February 4, 2015

ဆမ်ဒိုးရီးယားမှ ထွက်ခွာရန် ဆမ်မြူရယ်အီတူး အသင့်ရှိနေ



ဆမ်ဒိုးရီးယားမှ ထွက်ခွာရန် ဆမ်မြူရယ်အီတူး အသင့်ရှိနေ

အဲဗာတန်မှ ဆမ်ဒိုရီးယားသို့ ပြောင်းရွှေ့သွားခဲ့သည့် ဆမ်မြူရယ်အီတူးသည် အသင်းပြောင်းရွှေ့ပြီး တစ်ပတ်ခန့်အကြာတွင် အဆိုပါ စီးရီးအေအသင်းမှ ထွက်ခွာရန် အသင့်ရှိနေကြောင်း သိရသည်။
ကင်မရွန်း လက်ရွေးစင် ကစားသမားသည် ဆမ်ဒိုရီးယားက တိုရီနိုကို ၅-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲအပြီးတွင် ထပ်ဆောင်း လေ့ကျင့်ခန်း ပြုလုပ်ရန် ငြင်းဆိုခဲ့ပြီးနောက် နည်းပြ ဆီနီဆာ မီဟာလိုဗစ်နှင့် အချင်းများခဲ့သည်။ အီတူးသည် အဆိုပါ ပွဲစဉ်တွင် ၇၁ မိနစ်၌ လူစားဝင် ကစားသမားအနေဖြင့် ပါဝင်ကစားခဲ့ရသည်။
ထိုကဲ့သို့ အချင်းများခဲ့ပြီးနောက် အီတူးသည် မိသားစုရှိရာ မီလန်သို့ ပြန်သွားခဲ့သည်။ နည်းပြနှင့် ကစားသမားတို့၏ ဆက်ဆံရေး တင်းမာခဲ့ပြီးနောက် အသင်းသို့ ပြောင်းရွှေ့ချိန် တစ်ပတ်သာ ရှိသေးသည့် အင်တာနှင့် ဘာစီလိုနာ တိုက်စစ်မှူးဟောင်း၏ နှစ်နှစ်စာချုပ်ကို ဖျက်သိမ်းရန် စီစဉ်နေကြောင်း သိရသည်။
ဆမ်ဒိုရီးယားမှ တာဝန်ရှိသူများက အဆိုပါ သတင်းဖော်ပြချက်များကို ငြင်းဆိုခဲ့ပြီး အီတူးအနေဖြင့် ပုဂ္ဂိုလ်ရေး ကိစ္စရပ်ကြောင့် လေ့ကျင့်ရေး အစီအစဉ်သို့ မတက်ရောက်ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။
သို့သော်လည်း နည်းပြ မီဟာလိုဗစ်က ယခုပြဿနာကို အီတူးက ဖန်တီးခြင်းသာ ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။
“ဒီပြဿနာ အားလုံးကို အီတူးကိုယ်တိုင်က ဖန်တီးခဲ့တာပါ။ ပြီးတော့ သူအသင်းကနေ ထွက်သွားပါတယ်။ ဒါဟာ သူ့ရဲ့ အသင်းနဲ့ ကျွန်တော့်အပေါ် လေးစားမှုမရှိတာကို ပြသတာပါပဲ။ အသင်းအနေနဲ့ ဘယ်လိုဆက်လုပ်မယ်ဆိုတာကိုတော့ မသိပါဘူး” ဟု မီဟာလိုဗစ်က ပြောကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment