Pages

Wednesday, February 11, 2015

ဒဏ်ရာကြောင့် ရမ်ဆေး ကာလကြာရှည် အနားယူရမည်ကို ဝင်းဂါး စိုးရိမ်နေ



ဒဏ်ရာကြောင့် ရမ်ဆေး ကာလကြာရှည် အနားယူရမည်ကို ဝင်းဂါး စိုးရိမ်နေ

အင်္ဂါနေ့က လက်ဆက်စတာစီးတီးကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ကွင်းလယ် ကစားသမား အာရွန်ရမ်ဆေး အနေဖြင့် အချိန်ကာလ မည်မျှအထိ အနားယူရမည်ကို မသိရှိကြောင်း အာစင်ဝင်းဂါးက ဝန်ခံပြောကြားလိုက်သည်။


အဆိုပါ ဝေးလ်ကစားသမားသည် ဒုတိယပိုင်းတွင် ဒဏ်ရာခဲ့သောကြောင့် လူစားလဲခဲ့ရပြီး ကနဦး စစ်ဆေးချက်များအရ ဒဏ်ရာအခြေအနေ ဆိုးရွားဖွယ်ရှိကြောင်း ဝင်းဂါးက ဆိုခဲ့သည်။ “အာရွန်ရမ်ဆေးက တံကောက်ကြော ဒဏ်ရာ ထပ်ရခဲ့တယ်လို့ ထင်ပါတယ်။ ဒဏ်ရာက ဘယ်လောက်ဆိုးရွားသလဲဆိုတာ ကျွန်တော် မသိရသေးပါဘူး။ သူ့ကို ကြည့်ရတာတော့ ဒဏ်ရာအခြေအနေက သိပ်မကောင်းဘူးလို့ ထင်ပါတယ်” ဟု ဝင်းဂါးက ပြောကြားခဲ့သည်။


ဆက်လက်ပြီး ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ပြိုင်ပွဲအရပ်ရပ်၌ ၂၅ ပွဲ ပါဝင်ကစားထားသည့် ကွင်းလယ်ကစားသမားသည် ပွဲအလွန်အကျွံ ကစားခြင်းကြောင့် ဒဏ်ရာများ ရရှိခြင်း မဟုတ်ကြောင်း ဝင်းဂါးက ငြင်းဆိုခဲ့သည်။ ထို့အပြင် အသက် ၂၄ နှစ်အရွယ် ကစားသမား၏ ယခင်ဒဏ်ရာပြဿနာများကြောင့်လည်း စိုးရိမ်ပူပန်နေရကြောင်း အာဆင်နယ် မန်နေဂျာက ဖွင့်ဟခဲ့သည်။


“အသင်းရဲ့ တိုက်စစ်စွမ်းဆောင်ရည်အချို့ ကင်းမဲ့နေတဲ့အတွက် ရမ်ဆေးကို ထည့်သွင်းခဲ့ရတာပါ။ သူက ပြီးခဲ့တဲ့နှစ်မှာ ပေါင်ခြံဒဏ်ရာ ရခဲ့ပါတယ်။ ဒီနှစ်မှာတော့ တံကောက်ကြော ဒဏ်ရာရခဲ့တာပါ။ ဒါဟာ ဒီနှစ်ဘောလုံးရာသီရဲ့ တတိယမြောက် ဒဏ်ရာပါ။ သူ့ရဲ့ဒဏ်ရာရတာက ပွဲအလွန်အကျွံ ကစားတဲ့အတွက်ကြောင့် မဟုတ်ပါဘူး” ဟု ဝင်းဂါးက ပြောကြားခဲ့သည်။


အာဆင်နယ်သည် လက်ဆက်စတာကို အနိုင်ရရှိပြီးနောက် တတိယနေရာမှ ဆောက်သမ်တန်နှင့် ရမှတ်တူကာ စတုတ္ထနေရာ၌ ရပ်တည်နိုင်ခဲ့သည်။

Soccer Myanmar

No comments:

Post a Comment