Pages

Sunday, February 8, 2015

မီလ်နာ၏ နောက်ကျချေပဂိုးဖြင့် သရေတစ်မှတ် ရခဲ့သည့် မန်စီးတီး



မီလ်နာ၏ နောက်ကျချေပဂိုးဖြင့် သရေတစ်မှတ် ရခဲ့သည့် မန်စီးတီး

ပရီးမီးယားလိဂ် ပွဲစဉ် (၂၄) မန်ချက်စတာစီးတီးနှင့် ဟူးလ်စီးတီးပွဲတွင် တစ်ဖက် တစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

မန်စီးတီးတွင် ဟတ်၊ ကလစ်ချီ၊ ဒီမစ်ချယ်လစ်၊ ကွန်ပနီ၊ ဇာဘလက်တာ၊ ဖာနန်ဒို၊ ဖာနန်ဒင်ဟို၊ ဆေးလ်ဗား၊ ဒီဇီကို၊ အဂူရို၊ နာဆရီတို့ ပွဲထွက်ပါဝင်ခဲ့သည်။ဟူးလ်စီးတီးတွင် အလန်မက်ဂရီဂေါ၊ ဘရုစ်၊ မေလာ၊ ဟက်ဒယ်စတုန်း၊ ဘရက်ဒီ၊ လစ်ဗာမိုး၊ မက်ရှိန်း၊ ဒေါ်ဆန်၊ အလူကို၊ ရာမီရက်ဇ်၊ အယ်လ်မိုဟာမက်ဒီတို့ ပါဝင်ကစားခဲ့သည်။


ပွဲချိန် ၁၆ မိနစ်တွင် ဘရက်ဒီ၏ လှပသည့် ဖြတ်တင်ဘောမှတစ်ဆင့် အယ်လ်မိုဟာမက်ဒီ၏ ခေါင်းတိုက်ချက် ဂိုးတိုင်ထိထွက်ခဲ့သည်။ ၂၉ မိနစ်တွင် အဂူရိုကို ဟက်ဒယ်စတုန်း ဆွဲခဲ့ပြီး ဘောလုံးကို လက်ဖြင့်ထိခဲ့သော်လည်း ဒိုင်လူကြီးက ပြစ်ဒဏ်ဘောအစား လက်ထိဘောသာ ပေးခဲ့သည်။ ၃၄ မိနစ်တွင် ဟူးလ်စီးတီးက အမှတ်မထင် အဖွင့်ဂိုး ရရှိခဲ့သည်။ အဆိုပါဂိုးကို ဒီမစ်ချယ်လစ်၏ ဘောလုံးရှင်းထုတ်ပုံ မသေသပ်မှုမှတစ်ဆင့် လစ်ဗာမိုး ရရှိပြီး ကန်သွင်းသည်ကို ဟတ် ပုတ်ထုတ်နိုင်ခဲ့သော်လည်း ရာမီးရက်ဇ် ရသွားပြီး ကန်သွင်းရာ ဂိုးတိုင်ထိထွက်လာသည့် ဘောလုံးကို မေလာက ပိတ်သွင်းယူခဲ့သည်။ ၅၄ မိနစ်တွင် ဒီဇီကို၏ မြေမကျ ကန်ချက်ကို မက်ဂရီဂေါ ပုတ်ထုတ် ကာကွယ်ခဲ့သည်။ ၅၅ မိနစ်တွင် ဟူးလ်စီးတီး ဂိုးဧရိယာအတွင်း ဆေးလ်ဗားကို ဘရုစ်က တွန်းခဲ့သော်လည်း ဒိုင်လူကြီးက ပင်နယ်တီ မသတ်မှတ်ခဲ့ပေ။ ၈၉ မိနစ်တွင် ဟူးလ်စီးတီး ဂိုးဧရိယာအတွင်း အဂူရို၏ မြေမကျကန်ချက် တိုင်ထိထွက်ခဲ့သည်။ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုတွင် မီလ်နာက ၂၅ ကိုက်အကွာတွင် ရရှိသည့် အလွတ်တည်ကန်ဘောမှ တစ်ဆင့် ချေပဂိုးသွင်းယူခဲ့သောကြောင့် ပွဲအပြီးတွင် တစ်ဖက် တစ်ဂိုး သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။

Soccer Myanmar

No comments:

Post a Comment