Pages

Sunday, February 8, 2015

ဟယ်ရီကိန်း၏ သွင်းဂိုးများဖြင့် အာဆင်နယ်ကို အနိုင်ရခဲ့သည့် တောင့်တင်ဟမ်



ဟယ်ရီကိန်း၏ သွင်းဂိုးများဖြင့် အာဆင်နယ်ကို အနိုင်ရခဲ့သည့် တောင့်တင်ဟမ်

ပရီးမီးယားလိဂ် ပွဲစဉ် (၂၄) စနေနေ့ည အစောဆုံးပွဲဖြစ်သည့် တော့တင်ဟမ်နှင့် အာဆင်နယ်တို့၏ လန်ဒန်ဒါဘီ ပွဲစဉ်တွင် အိမ်ရှင် တော့တင်ဟမ်က ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

တော့တင်ဟမ်တွင် လောရစ်၊ ဝေါ့ကား၊ ဒီယာ၊ ဗာတွန်ဂန်၊ ရို့စ်၊ ဘန်တာလပ်၊ မေဆန်၊ အဲရစ်ဆန်၊ ဒမ်ဘီလီ၊ လာမယ်လာ၊ ကိန်းတို့ ပွဲထွက်ပါဝင်ခဲ့သည်။

အာဆင်နယ်တွင့် အော့စ်ပင်နာ၊ ဘယ်လာရင်၊ မာတီဆက်ကာ၊ ကိုစီရယ်နီ၊ မွန်ရီရယ်၊ ကိုကွယ်လင်၊ ရမ်ဆေး၊ ဝဲလ်ဘက်ခ်၊ ကာဇိုလာ၊ အိုဇေးလ်၊ ဂီးရော့ဒ်တို့ ပါဝင်ကစားခဲ့သည်။


ပွဲချိန် ၅ မိနစ်တွင် တော့တင်ဟမ်၏ တိုက်စစ်ဆင်မှုမှတစ်ဆင့် အဲရစ်ဆင်က ညာခြေဖြင့် ဂိုးထောင့်ထဲသို့ ဝေ့ဝိုက် ကန်သွင်းခဲ့သော်လည်း အော့စ်ပင်နာ ပုတ်ထုတ်ခဲ့ရသည်။ ၁၁ မိနစ်တွင် အာဆင်နယ်က အဖွင့်ဂိုး ရရှိခဲ့ပြီး အဆိုပါဂိုးကို ညာခြမ်းမှ ဝဲလ်ဘက်ခ် ထိုးပေးလိုက်သည့် ဘောလုံးအား ဂီးရော့ဒ် ထိန်းရာမှ ရရှိသွားသည့် ဘောလုံးကို အိုဇေးလ်က အသာအယာ ပိတ်သွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရပြီးနောက် တော့တင်ဟမ်က ပိုမိုတိုက်စစ်ဆင်ခဲ့ပြီး ၂၂ မိနစ်တွင် ရို့စ်၏ ဂိုးကန်သွင်းချက် ဂိုးဘေး ကပ်ထွက်ခဲ့သည်။ ၃၀ မိနစ်တွင် မေဆန်၏ ကိုက် ၃၀ အကွာမှ ဂိုးကန်သွင်းချက်ကို အော့စ်ပင်နာကပင် ပုတ်ထုတ်ခဲ့ရသည်။ ၅၀ မိနစ်တွင် ဘန်တာလပ်နှင့် ထိထွက်လာသည့် ဘောလုံးကို ကာဇိုလာရယူပြီး ဂိုးကန်သွင်းရာ တော့တင်ဟမ် ဂိုးသမား လောရစ် ကာကွယ်ခဲ့ရသည်။ ၅၆ မိနစ်တွင် တော့တင်ဟမ်က ချေပဂိုး ရရှိခဲ့ပြီး ၎င်းဂိုးကို ထောင့်ကန်ဘောမှ အော့စ်ပင်နာ ပုတ်ထုတ်လိုက်သည့် ဘောလုံးအား ဂိုးရှေ့တွင် အသင့်ရှိနေသည့် ကိန်းက အသာအယာ ပိတ်သွင်းယူခဲ့သည်။ ၆၀ မိနစ်တွင် ဒမ်ဘီလီ၏ ကန်ချက်ကို အော့စ်ပင်နာ ပုတ်ထုတ်ခဲ့ရပြန်သည်။ ၆၁ မိနစ်တွင် ဝဲလ်ဘက်၏ ဝေ့ဝိုက်ကန်ချက်ကို လောရစ်က ဒိုင်ဗင်ပစ်ကာ ပုတ်ထုတ်ခဲ့ရသည်။ တော့တင်ဟမ်အတွက် အနိုင်ဂိုးကို ၈၆ မိနစ်တွင် ကွင်းလယ်မှ ကန်တင်ပေးလိုက်သည့် ဘောလုံးအား ကိန်းက ခေါင်းတိုက်ကာ သွင်းယူခဲ့သည်။ နောက်ပိုင်းတွင် တော့တင်ဟမ်က အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပြီး ပွဲအပြီးတွင် အာဆင်နယ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

Soccer Myanmar

No comments:

Post a Comment