Pages

Monday, February 9, 2015

ရီးယဲလ် စတား စီရော်နယ်ဒိုကို အထူးပြု၍ သင်ကြားမည့် လူမှုရေး သိပ္ပံဘွဲ့တစ်ခု စတင်ရန် ကနေဒါ တက္ကသိုလ် တစ်ခုပြင်ဆင်



ရီးယဲလ် စတား စီရော်နယ်ဒိုကို အထူးပြု၍ သင်ကြားမည့် လူမှုရေး သိပ္ပံဘွဲ့တစ်ခု စတင်ရန် ကနေဒါ တက္ကသိုလ် တစ်ခုပြင်ဆင်
Written by  အောင်သုတ
ဗန်ကူးပါး(ကနေဒါ)၊ ဖေဖော်ဝါရီ ၆။      ။ ကနေဒါနိုင်ငံမှ  တက္ကသိုလ် တစ်ခုဖြစ်သော  ဗြိတိန်  ကိုလံဘီယာ  အိုကာနာဂန် တက္ကသိုလ် တွင် ရီးယဲလ် မက်ဒ ရစ်နှင့်ပေါ် တူဂီစတား စီရော်နယ်ဒိုကို အထူးပြု၍ သင်ကြားမည့် လူမှုရေးသိပ္ပံဘွဲ့သင်တန်းတစ်ခုကို အစပြုရန်ပြင် ဆင်နေသည်ဟု ဗြိတိန်ထုတ်ဒေးလီးမေးလ် သတင်းစာ ကဆိုသည်။
ယင်းဘွဲ့အတွက် တက်ရောက် ရမည့်ကာလမှာလေးနှစ်ကြာမြင့် မည်ဖြစ်ပြီး စီရော်နယ်ဒို ၏အောင်မြင်ကျော်ကြားမှု အရေးပါပုံ ယဉ်ကျေးမှု သဘောတရားနှင့်
ယင်းအောင်မြင်ကျော်ကြားမှုက လူမှုဝန်းကျင်အပေါ် သက်ရောက်မှုကို အထူးပြုသင် ကြားမည်ဖြစ်သည်။
ယင်းလေ့လာ မှုတွင် စီရော်နယ်ဒို ၏ဘောလုံးကွင်း အတွင်း စွမ်းဆောင် ရည်များကို သင်ကြားပေး မည်မဟုတ်သော်လည်း စီရော်နယ်ဒိုကို ဗဟိုပြု သင်ကြား သွားမည်ဟု တက္ကသိုလ်၏ ပရော်ဖက်ဆာ တစ်ဦးဖြစ်သူ လူးဝစ္စအဂူရီယာ ကပြောသည်။
'ရော်နယ်ဒိုကို ဗဟိုပြု ပြီးဆွေးနွေး မှုတွေ လုပ်မယ်။ အတန်း လိုက်ဆွေးနွေး မှုတွေ မှာရော်နယ်ဒိုရဲ့ အကြောင်းကို  ထပ်ခါတစ် လဲလဲပြော ဆိုဆွေးနွေး မှာပါ။ အဲဒါတွေ ထဲကမှ ကျွန်တော် တို့အနေနဲ့ ကျယ်ပြန့်တဲ့ အကြောင်း အရာတွေကို  ဆွဲထုတ် ပြီးဆွေးနွေး  မှုတွေပြု လုပ်မှာပါ။  ဒါကြောင့် ဒီဟာ  ကရော်နယ်ဒိုနဲ့ အစပြုမှာလို့ ကျွန်တော်ပြော တာပါ။
ရော်နယ်ဒိုရဲ့ အကြောင်းကို ကျွန်တော် တို့ဆွေးနွေးရာမှာ သူ့ရဲ့ အတ္တုပ္ပတ္ထိဆိုတာ ထက်ပိုကျော်လွန်ပြီး လူမှုဝန်းကျင်ဆိုင်ရာ အချက်အလက်တွေကို အခြေခံ ပြီးမှပိုကြီး ကျယ်တဲ့ အကြောင်းချင်း ရာတွေ ကိုပြောဆို ကြမှာပါ' ဟုပေါ်တူဂီလူမျိုး ပရော်ဖက်ဆာ အဂူရီယာ ကပြောသည်။
စီရော်နယ်ဒို အနေဖြင့် အဆိုပါဘွဲ့ သင်တန်း ကိစ္စကို သိမည်၊ မသိမည် မသေချာသော် လည်း ၎င်းတို့က စီရော်နယ်ဒို ကိုတက္ကသိုလ် တွင်သင်ကြား မည့်သင် တန်းများတွင် လာရောက်ဆွေးနွေးပေးရန် ဖိတ်ခေါ်သွားမည်ဟု အဂူရီယာက ဆက်ပြောသည်။
'ဒီအကြောင်း   ကိုရော်နယ်ဒို သိ၊  မသိတော့  ကျွန်တော် မသိသေး  ပါဘူး။  သူ့ဆီက  ဘာမှပြော တာလည်း  မကြား  ရသေးပါ  ဘူး။ရော်နယ်ဒို ကိုယ်တိုင် လာရောက်ဆွေးနွေးမှုတွေ မလုပ်ရင်တောင် skype ကဖြစ်ဖြစ်ဆွေးနွေးပေး ရင်တော့ ပိုပြီးကျေနပ် စရာဖြစ်မှာပေါ့'ဟု ၎င်းက ဆက်ပြောသည်။
Ref: Daily Mail

Mizzima

No comments:

Post a Comment