Pages

Saturday, February 7, 2015

အရေးယူမှုကို ခံယူမည် ဖြစ်သော်လည်း မကျူးလွန်သည်ကို အရေးယူပါက သီဟစည်သူ ဘောလုံးလောကမှ အနားယူမည်



အရေးယူမှုကို ခံယူမည် ဖြစ်သော်လည်း မကျူးလွန်သည်ကို အရေးယူပါက သီဟစည်သူ ဘောလုံးလောကမှ အနားယူမည်

မြန်မာ့လက်ရွေးစင် ဂိုးသမား သီဟစည်သူ သည်ဆူဇူကီး ဖလားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင် နေစဉ်အတွင်း ညပိုင်းအပြင် ထွက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ အရေးယူမှုကို ခံယူသွား မည်ဖြစ်သော်လည်း မှန်ကန်သည့် အရေးယူမှု မဟုတ်ပါက ဘောလုံးလောကမှ အနားယူမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။

သီဟစည်သူသည် မြန်မာ့လက်ရွေး စင်အသင်းနှင့် စင်ကာပူနိုင်ငံတွင် ဆူဇူကီး ပြိုင်ပွဲ၏ အုပ်စုအဆင့်ပြိုင်ပွဲများ သွားရောက် ပြိုင်ကစားနေချိန်တွင် အသင်းတည်းခိုရာ ဟိုတယ်မှ ညပိုင်းအပြင် ထွက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး အပြင်ထွက်ခဲ့သည် ဟု ရုပ်သံ အစီအစဉ်တစ်ခုတွင် ၀န်ခံခဲ့ သည်။ ယင်းကဲ့သို့ အပြင်ထွက်ခဲ့ခြင်းမှာ ကစားသမားအနေဖြင့် ကလပ်တက်ခဲ့ခြင်းဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း သီဟစည် သူက လမ်းလျှောက်ထွက်ခြင်းမျှသာဖြစ်သည် ဟု ပြောကြားခဲ့သည်။


သီဟစည်သူက “ကျွန်တော် စင်ကာပူမှာ ညပိုင်း အပြင်ထွက်ခဲ့တယ်ဆိုတာကိုလက်ခံပါတယ်။ ဒါပေမယ့် ကလပ်တက်ခဲ့တာတော့ မဟုတ်ပါဘူး။ ကျွန်တော်လမ်းလျှောက်ထွက် ခဲ့တာပါ။  ကျွန်တော်တို့ အပြင်ထွက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်က အရေးယူမယ် ဆိုရင်လည်း ခံယူဖို့အသင့်ပါပဲ။ ဒါပေမယ့်ကျွန်တော်ကို အရေးယူတဲ့ ပြစ်ချက်က ကျွန်တော်အမှန် ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ဖို့ လိုအပ်ပါတယ်” ဟုပြောကြားခဲ့သည်။
ထိုအပြင် သီဟစည်သူအနေဖြင့်၎င်း ကျူးလွန်သည့် ပြစ်ဒဏ်နှင့်မသက်ဆိုင်သည့် ဆွဲချက်မျိုးဖြင့် အရေးယူမည် ဆိုပါက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပြီး ဘောလုံးလောကမှ အနားယူမည်ဟု ဆိုသည်။ ၎င်းက “ကျွန်တော်ကို အရေးယူမယ် ဆိုရင်တော့ ကျွန်တော်တစ်ကယ် ကျူးလွန်ခဲ့တာကိုပဲ ကျွန်တော် လက်ခံပါမယ်။ တစ်ကယ်မလုပ် ခဲ့တဲ့ ပြစ်ဒဏ်အတွက် အရေးယူမယ်ဆိုရင် တော့ ကျွန်တော်သတင်းစာရှင်းလင်းပွဲပြု လုပ်ပါမယ်။ ပြီးရင် ကျွန်တော် ဘောလုံးလောက နေအနားယူပါမယ်။ ကျွန်တော်အပြင် ထွက်တဲ့ညကလည်း ပွဲမတိုင်ခင်ည မဟုတ်ပါဘူး။ ပွဲပြီးတဲ့ညမှာပါ။ ပွဲကလည်း ရှုံးခဲ့တာကြောင့် စိတ်ညစ်ပြီး လမ်းလျှောက်ခဲ့တာပါ။ အသင်းက ဟိုတယ်ကို ပြန်ရောက်တဲ့ အချိန်မှာ (၁၂)နာရီကျော်လွန်နေပါပြီ။ ဒီသတင်းတွေ ဘယ်ကထွက်လာတယ်ဆိုတာ ကိုလည်း
သိပါတယ်”ဟု ပြောသည်။

Soccer Myanmar

No comments:

Post a Comment