Pages
▼
Monday, February 2, 2015
အမ်းမရိတ်ကွင်းတွင် ဗီလာကို ဂိုးပြတ်အနိုင်ရခဲ့သည့် အာဆင်နယ်
ပရီးမီးယားလိဂ် ပွဲစဉ် (၂၃) အာဆင်နယ်နှင့် အက်စ်တွန်ဗီလာ ပွဲစဉ်တွင် အိမ်ရှင်အသင်းက ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အာဆင်နယ်တွင် အော့စ်ပင်နာ၊ ဘယ်လာရင်၊ မာတီဆက်ကာ၊ ကိုစီရယ်နီ၊ မွန်ရီရယ်၊ ကိုကွယ်လင်၊ ရမ်ဆေး၊ ဝဲလ်ကော့၊ ကာဇိုလာ၊ အိုဇေးလ်၊ ဂီးရော့ဒ်တို့ ပွဲထွက်ပါဝင်ခဲ့သည်။
အက်စ်တွန်ဗီလာတွင် ဂူဇန်၊ ဟတ်တန်၊ အိုကိုရီ၊ ကလာ့ခ်၊ ရစ်ချတ်ဆန်၊ ဆန်းချက်ဇ်၊ ဒပ်ဖ်၊ ကလီဗာလေ၊ ဝီမန်၊ ဂီလ်၊ ဘန်တီကီတို့ ပါဝင်ကစားခဲ့သည်။
ယခုပွဲစဉ်တွင် အာဆင်နယ်သည် အက်စ်တွန်ဗီလာကို ၅-၀ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိပြီးနောက် အမှတ်ပေးဇယားတွင် လန်ဒန်မြို့ခံပြိုင်ဘက် တော့တင်ဟမ်၏ အထက်၌ ရပ်တည်နိုင်ခဲ့သည်။ အာဆင်နယ်အတွက် အဖွင့်ဂိုးကို ပွဲချိန် ၈ မိနစ်တွင် အိုလီဗာ ဂီးရော့ဒ်က သွင်းယူခဲ့သည်။ အာဆင်နယ်အတွက် ဒုတိယဂိုးကို ပွဲချိန် ၅၆ မိနစ်တွင် အိုဇေးလ်က ၎င်း၏ ယခုနှစ် ဘောလုံးရာသီ ၇ ဂိုးမြောက်အဖြစ် သွင်းယူခဲ့သည်။ အာဆင်နယ်အတွက် ကျန်ဂိုးများကို ၆၃ မိနစ်တွင် ကာဇိုလာ၏ ဖန်တီးမှုမှတစ်ဆင့် ဝဲလ်ကော့က လည်းကောင်း၊ ၇၃ မိနစ်တွင် လူစားဝင် လူငယ်တိုက်စစ်မှူး အေပရွန်ကြောင့် ရရှိသည့် ပင်နယ်တီမှတစ်ဆင့် ကာဇိုလာက လည်းကောင်း၊ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၂ မိနစ်တွင် ဘယ်လာရင်ကလည်းကောင်း အသီးသီး သွင်းယူခဲ့သည်။ ယခုရလဒ်ကြောင့် အက်စ်တွန်ဗီလာအသင်းမှာ လိဂ်ပွဲ ၆ ပွဲဆက် နိုင်ပွဲမရှိ ရလဒ်နှင့် ကြုံတွေ့ခဲ့ရပြီး ဂိုးမသွင်းနိုင်သည့်အချိန်မှာလည်း ၁၀ နာရီရှိလာခဲ့သည်။
Soccer Myanmar
No comments:
Post a Comment