Pages

Thursday, February 5, 2015

ဘာစီလိုနာမှ ထွက်ခွာရန် ဒန်နီအဲလ်ဗက်စ် အသင့်ရှိနေ



ဘာစီလိုနာမှ ထွက်ခွာရန် ဒန်နီအဲလ်ဗက်စ် အသင့်ရှိနေ

အသင်းမှ စာချုပ်သစ် ကမ်းလှမ်းခြင်း မရှိသေးသည့်အတွက် ဒန်နီအဲလ်ဗက်စ် အနေဖြင့် နွေရာသီတွင် ဘာစီလိုနာမှ ထွက်ခွာရန် အသင့်ရှိနေကြောင်း ၎င်း၏အေးဂျင့်က ပြောကြားလိုက်သည်။
ညာနောက်ခံ ကစားသမား၏ လက်ရှိစာချုပ်သည် ယခုနှစ် ဘောလုံးရာသီ အပြီးတွင် ကုန်ဆုံးမည် ဖြစ်သည်။ သို့သော်လည်း ၂၀၁၆ ခုနှစ် မတိုင်မီ အပြောင်းအရွှေ့ မပြုလုပ်ရန် ဘာစီလိုနာ တားမြစ်ခံရပြီးနောက် အဲလ်ဗက်စ် အနေဖြင့် စာချုပ်သစ်တိုးမြှင့် ချုပ်ဆိုရန် မျှော်လင့်ထားခဲ့ကြောင်း ဆိုသည်။
သို့သော်လည်း ဘာစီလိုနာက စာချုပ်သစ်အတွက် အဲလ်ဗက်စ်နှင့် ဆက်သွယ်ခဲ့ခြင်း မရှိသေးကြောင်းနှင့် ကာတာလန် အသင်း၏ ချဉ်းကပ်မှုအတွက် ၎င်း၏ အေးဂျင့်ဖြစ်သူက စိတ်ဆိုးဒေါသထွက်မိကြောင်း ဆိုခဲ့သည်။
“သူတို့က ကျွန်တော်တို့ကို မဆက်သွယ်သေးပါဘူး။ ဒါဟာ သူတို့က ဒန်နီအဲလ်ဗက်စ်ကို မလိုချင်တော့တဲ့အတွက် မဆက်သွယ်တာလို့ ယူဆပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အသင်းသစ် ရှာဖွေမှုကို စတင်ရပါတော့မယ်။ ကျွန်တော်တို့ အနေနဲ့ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို မစောင့်တော့ပါဘူး။ အဲလ်ဗက်စ်က ဒီနေရာမှာ ၇ နှစ် ကစားခဲ့သူပါ။ ကစားခဲ့တဲ့ တစ်လျှောက်မှာလည်း ပရော်ဖက်ရှင်နယ် ပီပီသသ ပြုမူခဲ့တာပါ။ ဘာစီလိုနာ အားကစားဒါရိုက်တာက တစ်လလောက် လစ်လပ်နေမှာပါ။ အဲလ်ဗက်စ်က ဘယ်ကလပ်နဲ့မဆို လွတ်လွတ်လပ်လပ် ညှိနှိုင်းနိုင်ပါတယ်။ ဇူဘီဇာရက်တာကလည်း ကျွန်တော်တို့ကို ဘာမှ မပြောထားပါဘူး” ဟု အဲလ်ဗက်စ်၏ အေးဂျင့်က ပြောကြားခဲ့သည်။
အဲလ်ဗက်စ်သည် ဆီဗီလာတွင် ၆ နှစ် ကစားခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်က ဘာစီလိုနာသို့ ပြောင်းရွှ့လာခဲ့သူ ဖြစ်သည်။
အသက် ၃၁ နှစ်အရွယ် အဲလ်ဗက်စ်သည် ဆီဗီလာနှင့်အတူ ယူအီးအက်ဖ်အေ ဆုဖလားကို ရယူခဲ့သလို ဘာစီလိုနာနှင့်လည်း ချန်ပီယံလိဂ် ၂ ကြိမ်၊ လာလီဂါ ချန်ပီယံ ၄ ကြိမ် ရရှိခဲ့သည်။

Soccer Myanmar

No comments:

Post a Comment