Pages
▼
Thursday, March 12, 2015
ရှက်တာဒိုးနက်ကို ခုနှစ်ဂိုးသွင်းပြီး ဘိုင်ယန်မြူးနစ် ကွာတားဖိုင်နယ်တက် ရောက်ရှိ
ရှက်တာဒိုးနက်ကို ခုနှစ်ဂိုးသွင်းပြီး ဘိုင်ယန်မြူးနစ် ကွာတားဖိုင်နယ်တက် ရောက်ရှိ
ရှက်တာဒိုးနက်ဟာ အစဉ်အလာအတိုင်းဂျာမန်မြေမှာ ဘိုင်ယန်မြူးနစ်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပဲ အရှုံးပေးခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ရှက်တာဒိုးနက်ဂိုးပေါက်ကို ၁၃ ကြိမ်ကန်သွင်းရာမှာ ၇ ဂိုးအထိ ရခဲ့လို့ ရှက်တာဒိုးနက်ရဲ့ခံစစ်ပိုင်း ညံ့ဖျင်းမှုက ပေါ်လွင်လာခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ သောမတ်မူလာရဲ့ဂိုးနှစ်ဂိုးအပါအဝင်၊ ဘိုတန်း၊ ရီဘာရီ၊ ဘက်စ်တူဘာ၊ လီဝမ်ဒေါစကီး၊ ဂေါ့ဇီတို့ရဲ့ ဂိုးတွေနဲ့ ၇ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပွဲစပြီး သုံးမိနစ်အကြာမှာပဲ ရှက်တာဒိုးနက် ကစားသမား ကူချာအနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ ဘိုင်ယန်မြူးနစ် တစ်ယောက်အသာရခဲ့ပြီး အခက်အခဲ မရှိပဲ ကစားခဲ့ရတာဖြစ်ပါတယ်။ ပထမပိုင်း အတွင်းမှာပဲ သောမတ်မူလာ၊ ဘိုတန်းတို့ရဲ့ ဂိုးတွေနဲ့ ရှက်တာဒိုးနက်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ရှက်တာဒိုးနက်ဟာ ဒီပွဲတစ်ပွဲလုံးအတွက် ဘိုင်ယန်ဂိုးပေါက်ကို သုံးကြိမ်ပဲ ကန်ခွင့်ရခဲ့တာလည်း တွေ့ရပါတယ်။ ဘိုင်ယန်မြူးနစ်အတွက် ထိုးနှက်ချက်ကတော့ ပွဲချိန် ၅၉ မိနစ်မှာ ဒဏ်ရာရသွားတဲ့ ရီဘာရီကြောင့်ပါပဲ။ ရီဘာရီ ဒဏ်ရာရသွားခဲ့လို့ ဘားနက်နဲ့လူစားလဲခဲ့ရပါတယ်။ ပွဲချိန် ၆၃ မိနစ်မှာ ဘက်စ်တူဘာက ခေါင်းတိုက်ဂိုးသွင်းယူပြီး လီဝမ်ဒေါစကီးနဲ့ ဂေါ့ဇီက ၇၅ မိနစ်နဲ့ ၈၇ မိနစ်မှာ အသီးသီး ထပ်မံသွင်းယူခဲ့ကြလို့ ဘိုင်ယန်မြူးနစ်အတွက် ရာနှုန်းပြည့်နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။
ရှက်တာဒိုးနက်ဟာချန်ပီယံလိဂ်မှာ ဂျာမန်အသင်းတွေကို တကြိမ်တစ်ခါမှ အနိုင်မရခဲ့ဘူးဆိုတဲ့ မှတ်တမ်းဆိုး ကိုလည်း ဆက်လက်ထိန်းသိမ်းခဲ့ရပါတယ်။ အခုဘိုင်ယန်မြူးနစ်နဲ့ပွဲအပါအဝင် ရှက်တာဒိုးနက်က ခြောက်ကြိမ်က ကစားခဲ့ရာမှာ ခြောက်ကြိမ်လုံး အနိုင်မရခဲ့ပါဘူး။ ဘိုင်ယန်မြူးနစ်ကတော့ ကွာတားဖိုင်နယ်ကို သက်သက်သာသာနဲ့ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
Soccer Myanmar
No comments:
Post a Comment