Pages

Thursday, March 12, 2015

ချန်ပီယံလိဂ်မှ ထွက်ခွာရမှုအတွက် ကြေကွဲနာကျင် မနေတော့ဟု မော်ရင်ဟို ပြောကြား



ချန်ပီယံလိဂ်မှ ထွက်ခွာရမှုအတွက် ကြေကွဲနာကျင် မနေတော့ဟု မော်ရင်ဟို ပြောကြား

ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရခြင်းအတွက် ကြေကွဲနာကျင် မနေတော့ကြောင်း ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ပြောကြားသွားခဲ့သည်။

ချယ်လ်ဆီးသည် တစ်ယောက်လျော့ PSGကို အချိန်ပိုထိ အနိုင်မကစားနိုင်ဘဲ (၂)ဂိုးစီ သရေကျခဲ့ခြင်းကြောင့် အဝေးဂိုး စည်းမျဉ်းအရ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် ထွက်ခွာခဲ့ရပြီ ဖြစ်သည်။ ပြင်သစ်ချန်ပီယံ အသင်းဘက်မှ အဓိက တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ် စောစီးစွာ အနီကတ်ထိခဲ့သလို ချယ်လ်ဆီးအနေဖြင့် အချိန်ပိုတွင် ပင်နယ်တီ တစ်လုံးရခဲ့သော်လည်း နှစ်ကြိမ်စလုံးကို PSG ခံစစ်မှူးများဖြစ်သည့် ဒေးဗစ်လုဇ်နှင့် သီယာဂို ဆေးလ်ဗားတို့က ချေပနိုင်ခဲ့ခြင်း ဖြစ်သည်။

မော်ရင်ဟိုက “ဒီအချိန်က ငိုနေ၊ ရယ်နေလို့ အလကားပဲ။ ဒီအချိန်က ပွဲရဲ့ အနေအထားကို ပြန်ဆန်းစစ်ဖို့ လုပ်ရမှာပါ။ ကျွန်တော်တို့ ကက်ပီတယ်လ်ဝမ်း ဆုဖလားကို ရထားပြီးပြီ။ ပရီးမီးယားလိဂ်မှာပါ အောင်ပွဲခံနိုင်ခဲ့မယ်ဆိုရင် ဒါဟာ အကောင်းဆုံး ဘောလုံးရာသီ တစ်ခုလို့ ဆိုနိုင်ပါတယ်”ဟု ဆိုသည်။ ၎င်းက “ကျွန်တော် စိတ်ပျက်မိတာ အမှန်ပါပဲ။ ဒါပေမဲ့ လက်တွေ့ဆန်ဆန် ချဉ်းကပ် စဉ်းစားဖို့ပဲ ကျွန်တော် ကြိုးစားပါတော့တယ်။ ပြိုင်ဘက်က ကိုယ့်ထက် ပိုကောင်းခဲ့တယ်ဆိုရင် အရင်ဆုံး လုပ်ရမှာက ရိုးသားတဲ့ အမြင်နဲ့ ကြည့်ဖို့ပါ။ ကျွန်တော်တို့ဟာ နောက်တစ်ဆင့်တက်ဖို့ မထိုက်တန်ခဲ့ပါဘူး။ ကျွန်တော်တို့ ဒီအရှုံးကို တုံ့ပြန်ဖို့ လိုတယ်။ ပရီးမီးယားလိဂ်မှာ အောင်ပွဲခံရမယ်။ ကျွန်တော့် ကစားသမားတွေကိုလည်း ဒီအတိုင်း ပြောထားပါတယ်”ဟု ပြောကြားသွားသည်။

Soccer Myanmar

No comments:

Post a Comment