Pages

Sunday, March 1, 2015

ရွန်းနေက ကျွန်တော်အကြံပြုတာကို လက်မခံခဲ့ပါ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး (ဗန်ဟား)



ရွန်းနေက ကျွန်တော်အကြံပြုတာကို လက်မခံခဲ့ပါ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး (ဗန်ဟား)
===========================
ဆန်းဒါးလင်းနဲ့ ကစားတဲ့ပွဲမှာ ရွန်နေဟာ ပင်နတီမကန်ခင် ၄င်းရဲ့ အကြံပြုချက်ကို နာယူခဲ့ခြင်း မရှိဘူးလို့ ဗန်ဟားက ဆိုပါတယ်။
ပွဲကစားချိန် ၆၆ မိနစ်မှာ ရွန်နေဟာ အမှားအယွင်းမရှိ ပင်နတီကန်သွင်းလို့ သရဲနီတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ရွန်းနေကို ပင်နတီအမြင့်ကန်သွင်းဖို့ မှာကြားထားပေမယ့် အသင်းခေါင်ဆောင်ဖြစ်တဲ့သူကတော့ အနိမ့်ဘောပဲ ကန်သွင်းခဲ့ကြောင်း ပွဲအပြီးမှာ ဗန်ဟားက ပြောကြားခဲ့ပါတယ်။
"ကျွန်တော့်ကစားသမားတွေ ဂိုးသွင်းတိုင်း အမြဲပျော်ပါတယ်။ သူ ၂ ဂိုး သွင်းခဲ့တာ ကျွန်တော် အရမ်းပျော်ပါတယ်။ သူဟာ ရော်ဘင်ဗန်ပါစီပြီးရင် ဒုတိယမြောက် ပင်နတီအများဆုံး သွင်းထားသူပါ။ ပုံမှန်ဆို ပင်နတီကို အမြင့်ကန်ဖို့ ပြောနေကျပါ။ ဒါပေမယ့် ဂိုးသမားရဲ့ အရပ်ကြောင့် အနိမ့်ဘောကန်ခဲ့တယ်လို့ သူက ပြောပါတယ်" လို့ ဗန်ဟားက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ရွန်းနေဟာ ၈၄မိနစ်မှာ ဒုတိယဂိုး သွင်းခဲ့ပြီး လောလောဆယ်မှာ ရမှတ် ၅၀ နဲ့ ယူနိုက်တက်တို့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
‪#‎လာလေယောင်း‬
Football Cafe

No comments:

Post a Comment