Pages

Tuesday, March 3, 2015

အဲဗာတန်နှင့် ပွဲတွင် အာဆင်နယ် ကွင်းလယ်လူ ကိုကွီလင် နှာခေါင်းအရိုးကျိုးခဲ့



အဲဗာတန်နှင့် ပွဲတွင် အာဆင်နယ် ကွင်းလယ်လူ ကိုကွီလင် နှာခေါင်းအရိုးကျိုးခဲ့
Written by  အောင်ငြိမ်းသွေး
အဲဗာတန် အသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရ ရှိခဲ့သည့် ပွဲစဉ်တွင်  အာဆင်နယ်  ကွင်းလယ်  ကစားသမား  ကိုကွီလင် သည်နှာခေါင်း  အရိုးကျိုး သွားခဲ့ကြောင်း အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက အတည်ပြု ခဲ့သည်။
ကိုကွီ လင်သည် အာဆင်နယ် အသင်းဖော် တိုက်စစ်မှူး ဂီရော့ဒ်ဖြင့်  ထိခိုက်မိပြီး နှာခေါင်း  မှသွေးများ  ကျဆင်းလာ  ခဲ့သော်လည်း  ဆက်လက်  ကစားခဲ့ရာ တွင်ဘောလုံးနှင့် ထပ်မံ ထိခိုက် မိပြီးနောက် ဆုံးတွင် လူစားလဲခဲ့ ရခြင်းဖြစ်သည်။
ထိုပွဲအပြီးတွင် သတင်းထောက်များကကိုကွီလင် နှာခေါင်းအရိုးကျိုးသွားခဲ့သလား ဟုမေးမြန်း ခဲ့ရာတွင်အာစင်ဝင်းဂါးက 'ကိုကွီလင် ရဲ့နှာခေါင်းအရိုး ကျိုးသွား ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဒဏ်ရာကို ခွဲစိတ် ကုသဖို့ လိုအပ် သလား၊ မလိုအပ် ဖူးလားဆို တာတော့ မသိသေးပါဘူး' ဟုဖြေကြား ခဲ့သည်။
ဂီရော့ဒ်နှင့် ထိခိုက် မိခဲ့ပြီး ဘာကြောင့် ကိုကွီလင်ကို ဆက်လက် ကစားခိုင်း ခဲ့သလဲ ဟုမေးမြန်း ခဲ့ရာတွင်မူ 'ကိုကွီလင်  ထိခိုက် ဒဏ်ရာ ရပြီးနှာခေါင်း ကသွေး ကျနေပေမယ့် သူဆက် လက် ကစားနိုင်တယ် လို့ဆေးအဖွဲ့ ကကျွန်တော့် ကိုပြောခဲ့ ပါတယ်။ ဒုတိယ အကြိမ်ထိ မိတော့လည်း သူဆက်က စားနိုင်သေး တယ် လို့ဆေး အဖွဲ့ကပြောပေမယ့် ကျွန်တော် လူစားလဲ ခဲ့ပါတယ်။ ကိုကွီလင်ဟာ အချိန် အကြာကြီး ကစားခွင့် မရခဲ့လို့ ကစားခွင့် ရချိန်မှာ ဆက်ပြီး ကစား ချင်နေ ခဲ့တာ ပါ။ သူက လူစားလဲဖို့ ဆန္ဒမရှိခဲ့ပါဘူး' ဟု အာစင်ဝင်းဂါး ကဖြေကြား ခဲ့သည်။
Ref : 7msports
Mizzima


No comments:

Post a Comment