Pages

Monday, March 16, 2015

ပြင်သစ် ဘောလုံးလောကကို နှိမ့်ချပြောဆိုမိသည့် အသုံးအနှုန်းအတွက် အီဘရာဟီမိုဗစ် ပြန်တောင်းပန်



ပြင်သစ် ဘောလုံးလောကကို နှိမ့်ချပြောဆိုမိသည့် အသုံးအနှုန်းအတွက် အီဘရာဟီမိုဗစ် ပြန်တောင်းပန်

အိုလံပစ် ဘောဒိုးစ်နှင့် ကစားသည့် ပွဲစဉ်တွင် နှုတ်မစောင့်ဘဲ ကြိမ်းဝါးပြောဆိုမိခဲ့သည့် စကားတစ်ခွန်းအတွက် PSG တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်က ပြန်လည် တောင်းပန်ခဲ့ရသည်။

ပြင်သစ် ချန်ပီယံ အသင်းသည် တနင်္ဂနွေနေ့က လီဂူးဝမ်း ပွဲစဉ်အဖြစ် ဘောဒိုးစ်ကို (၃-၂)ဖြင့် အရေးနိမ့်ခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဆွီဒင် လက်ရွေးစင် အီဘရာဟီမိုဗစ်သည် ဒိုင်လူကြီး လီယွန်နယ်လ် ယက်ဖရီဒို၏ အဆုံးအဖြတ်များကို မကျေမနပ် ဖြစ်ခဲ့ပြီးနောက် ပွဲအပြီးတွင် PSGကဲ့သို့သော အသင်းကောင်းမျိုးသည် ပြင်သစ်နိုင်ငံနှင့် မတန်ကြောင်း မြည်တွန်တောက်တီး ပြောဆိုသွားခဲ့သည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြင်သစ် အားကစား ဝန်ကြီး ပက်ထရစ် ကန်နာ ကိုယ်တိုင်က အီဘရာဟီမိုဗစ်အား ပြန်တောင်းပန်ရန် တောင်းဆိုခဲ့သလို ကစားသမားကလည်း ၎င်း၏ စကားကို ရုပ်သိမ်းခဲ့သည်။

အီဘရာဟီမိုဗစ်က ပွဲအပြီး အင်တာဗျူးတွင် “ကျွန်တော့် ဘောလုံးသမားဘဝ သက်တမ်း (၁၅)နှစ်အတွင်း ဒီလို အခြေအနေတွေ လုံးဝ မမြင်ဖူးဘူး။ PSGလို အသင်းမျိုးဟာ ဒီနိုင်ငံနဲ့ မထိုက်တန်ဘူး။ ပြင်သစ်အတွက်ဆို PSGရဲ့ ရပ်တည်မှု မတန်တဆ ကောင်းလွန်းနေတယ်”ဟု ပြောကြားသွားသည်။ သို့သော်လည်း နောက်ပိုင်းတွင်မူ ၎င်းက “အဲဒီအချိန်တုန်းက ကျွန်တော် အရမ်း စိတ်ပျက်နေပါတယ်။ ဒါကို လူတိုင်းကလည်း သိပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့် အသုံးအနှုန်းတွေက ရည်ညွှန်းချင်တာထက် ပိုသွားမိတယ်”ဟု ဝန်ခံ တောင်းပန်သွားခဲ့သည်။

အီဘရာဟီမိုဗစ်သည် အဆိုပါ ပွဲစဉ်တွင် (၂)ဂိုး သွင်းခဲ့သော်လည်း အသင်းအနေဖြင့် ရလဒ်ကောင်း မပိုင်ဆိုင်ရဘဲ အဝေးကွင်းတွင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

Soccer Myanmar

No comments:

Post a Comment