Pages

Sunday, March 8, 2015

အင်္ဂလန် လက်ရွေးစင် အဆင့်တွင် ကိုယ်စားပြုခွင့်ရရေးသည် အိပ်မက်တစ်ခုဟု ကိန်းဝန်ခံ



အင်္ဂလန် လက်ရွေးစင် အဆင့်တွင် ကိုယ်စားပြုခွင့်ရရေးသည် အိပ်မက်တစ်ခုဟု ကိန်းဝန်ခံ

အင်္ဂလန် လက်ရွေးစင် အဆင့်တွင် ပါဝင်ခွင့် ရခြင်းသည် မိမိအတွက် အကြီးကျယ်ဆုံး အိပ်မက်တစ်ခု ဖြစ်လိမ့်မည်ဟု ဟယ်ရီကိန်းက ဝန်ခံ ပြောကြားလိုက်သည်။

တော့တင်ဟမ် ဟော့စပါး၏ တက်သစ်စ လူငယ်တိုက်စစ်မှူးသည် QPRကို (၂-၁)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် နှစ်ဂိုးလုံးကို ကိုယ်တိုင် သွင်းယူခဲ့သည်။ အဆိုပါ ပွဲစဉ်ကို လက်ရှိ အင်္ဂလန်အသင်း မန်နေဂျာ ရွိုင်ဟော့ဂ်ဆန် လာရောက် ကြည့်ရှုပြီး ၎င်းရှေ့မှောက်တွင် ကိန်းက ခြေစွမ်းပြခဲ့ခြင်း ဖြစ်သည်။ QPRဘက်သို့ ဂိုးများသွင်းပြီးနောက် ယခုရာသီ စုစုပေါင်း သွင်းဂိုး (၂၆)ဂိုးထိ ရရှိသွားပြီဖြစ်သည့် ကိန်းက “အင်္ဂလန် ကစားသမားတိုင်း အင်္ဂလန်ကို ကိုယ်စားပြုချင်ကြတာချည်းပါပဲ။ ကျွန်တော့် အတွက်တော့ ဒါဟာ အိပ်မက်တစ်ခု ဖြစ်ပါတယ်”ဟု ဖွင့်ဟခဲ့သည်။

၎င်းက “နိုင်ငံတကာ နားရက် ရောက်လာချိန်ထိ ကြားထဲမှာ ပွဲစဉ်တချို့ ရှိသေးတယ်။ ဒီတော့ ကျွန်တော့် အနေနဲ့ စပါးအတွက် အကောင်းဆုံး ကြိုးစား ကစားပြနေဖို့ပဲ အရေးကြီးပါတယ်”ဟုလည်း ဆိုသည်။ ယခုပွဲတွင် ဟော့ဂ်ဆန်သည် ကိန်းအပြင် QPR တိုက်စစ်မှူး ချာလီအော်စတင်၏ ခြေစွမ်းကိုပါ လာရောက် အကဲဖြတ်ခဲ့သည်။ ကိန်း၏ အသင်းက အနိုင်ရရှိခဲ့သည့်တိုင် အော်စတင်သည်လည်း ဟော့ဂ်ဆန် အထင်ကြီးလောက်မည့် စွမ်းဆောင်ရည်မျိုး ပြသသွားခဲ့သည်။ အင်္ဂလန်သည် လာမည့် သီတင်းပတ် အနည်းငယ်အတွင်း နိုင်ငံတကာ ပွဲစဉ်များ ကစားရန် ရှိနေရာ အဆိုပါ တိုက်စစ်မှူး နှစ်ဦးကို ရွေးချယ်သွားရန် သင့်မသင့် ဟော့ဂ်ဆန်က ချိန်ဆလျက်ရှိသည်။

Soccer Myanmar

No comments:

Post a Comment