Pages
▼
Monday, April 20, 2015
ချယ်ဆီး အသင်း သည် အာဆင်နယ် စတား အိုဇေးလ် ကို ခေါ်ယူရန် ကြစည်နေ
ချယ်ဆီး အသင်း သည် အာဆင်နယ် စတား အိုဇေးလ် ကို ခေါ်ယူရန် ကြစည်နေ
ချယ်ဆီး အသင်းသည် အိုဇေးလ် ကို ခေါ်ယူရန် ကြံစည်ဆောင်ရွက်နေတယ်လို့ သတင်းများက ဖေါ်ပြနေပြီး မော်ရင်ညို သည် ရီးရဲမက်ဒရစ်တွင် နည်းပြခဲ့စဉ် က လက်တွဲခဲ့သော အာဆင်နယ် နှင့် ဂျာမန် ကွင်းလယ်လူ ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အိုဇေးလ် ကို သင့်တော်သည့် ဈေးနှုန်း ဖြင့် ကမ်းလှမ်းသွားရင် သဘောတူညီမှုရရှိနိုင်တယ် လို့ မော်ရင်ညို က ယုံကြည်နေပါတယ်။
မော်ရင်ညို နှင့် အိုဇေး တို့ နှစ်ယောက်သည် အတူလက်တွဲပြီး ဘာနေဗျူး တွင် လာလီဂါဖလား၊ ကိုပါဖလား နှင့် Supercopa de Espana ဖလားများရရှိခဲ့ပါတယ်။
အာဆင်နယ် အသင်းသည် အိုဇေးလ် ကို ကလပ်စံချိန်တင် ၄၂.၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး ယင်းပမာဏ ထက် နည်းပါးတဲ့ငွေကြေးဖြင့် ကမ်းလှမ်းလာရင် ငြင်းပယ်သွားမယ်ဆိုတာတော့သံသယရှိစရာမလိုပါဘူး။
အာဆင်နယ် အသင်း သည် ယခုသတင်းပတ် အကုန်တွင် ချယ်ဆီး အသင်းနှင့် ပရီးမီးယားလိဂ်ပွဲကစားရန်ရှိပြီး ကစားသမားကို ရောင်းချသွားဖို့မလိုဘူးလို့သိရပါတယ်။ အာဆင်နယ် အသင်းဟာ သူတို့ရဲ့ အရည် အသွေးမြင့်ကစားသမားကို အသင်းကနေ ထွက်ခွာသွားစေဖို့ဆန္ဒမရှိပါဘူး၊ အထူးသဖြင့် သူတို့ရဲ့ ခါးသီးတဲ့ ပြိုင်ဘက်အသင်းကိုတော့ သူတို့ရဲ့ ကစားသမားကို ရောင်းချသွားလိုခြင်း မရှိဘူးလို့သိရပါတယ်။
#KS
Football Cafe
No comments:
Post a Comment