Pages
▼
Saturday, April 18, 2015
ယခုရာသီ လက်ကျန်ပွဲများ ကို လွဲချော် တော့မည့် မန်စီးတီး အသင်းခေါင်းဆောင် ကွန်ပနီ
ယခုရာသီ လက်ကျန်ပွဲများ ကို လွဲချော် တော့မည့် မန်စီးတီး အသင်းခေါင်းဆောင် ကွန်ပနီ
မန်စီးတီး နည်းပြ ပယ်လီဂရီနီ က ယခုရာသီ လက်ကျန်ပွဲများ ကို အသင်းခေါင်းဆောင် ကွန်ပနီ မပါပဲနှင့် ကစားသွားရတော့မည် ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
ဘယ်ဂျီယံ သားသည် မန်ယူကို ရှုံးနိမ့်ခဲ့သည့် ပွဲတွင် ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး ဒုတိယပိုင်းတွင် လူစားလဲ ထွက်ခွာခဲ့ရပါတယ်။
ဒီနောက်ခံအလယ် လူသည် ဝက်စ်ဟမ်း အသင်းနှင့် သွားရောက် ရင်ဆိုင်ရမည့် ပွဲကို လွဲချော်မည် ဖြစ်ပြီး ဘယ်အချိန်မှာ ပြန်လာနိုင်မလဲဆိုတာ မသေချာပါဘူး။
ကွန်ပနီ အတွက် ဒီ ဒဏ်ရာဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာကလည်း ခြေသလုံးကြွက်သားဒဏ်ရာ၊ ဒူးကောက်ကြော ဒဏ်ရာများကြောင့် ၉ ပွဲ လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။
"""သူ့မှာ ဒဏ်ရာရှိနေပါတယ်၊ သင့်မှာ ဒဏ်ရာရှိနေရင် သင့်ရဲ့ လားရာကို တိုးတက်မှုရှိအောင်လုပ်ဖို့ အလွန်ခက်ခဲပါတယ်၊ သူ့မှာကြွက်သားဒဏ်ရာရှိနေပါတယ်၊ ဘယ်နှစ်ပတ်ကြာမယ် ကျွန်တော်တို့မသိပါဘူး၊ သူ့ရဲ့ဒဏ်ရာက ပြန်လာဖို့ ခန့်မှန်းခြေ ဘယ်နှစ်ပတ် ကြာမလဲ ကျွန်တော်တို့မသိပါဘူး၊ ယခုကနေစပြီး ရာသီအကုန် ထိလည်း ဖြစ်နိုင်ပါတယ်""" လို့ ပယ်လ်လီဂရီနီက ပြောကြားခဲ့ပါတယ်။
#KS
Football Cafe
No comments:
Post a Comment