Pages

Thursday, April 16, 2015

မန်ယူအသင်းတွင် အငှားလာရောက်ကစားနေသော ဖယ်လ်ကာအိုကို ပေါင် ၂၅.၁ သန်းဖြင့် ခေါ်ယူရန် နီးစပ်နေသည့် လီဗာပူးလ်




မန်ယူအသင်းတွင် အငှားလာရောက်ကစားနေသော ဖယ်လ်ကာအိုကို ပေါင် ၂၅.၁ သန်းဖြင့် ခေါ်ယူရန် နီးစပ်နေသည့် လီဗာပူးလ်

လီဗာပူးလ် အသင်းသည် မိုနာကို တိုက်စစ်မှူး ဖယ်လ်ကာအို ကို ပေါင် ၂၅.၁ သန်းဖြင့် သဘောတူရန် နီးစပ်နေပြီ ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းသည် ဖယ်ကာအို အားအငှားရာသီ ကုန်ဆုံးချိန် တွင် အပြီးသတ် စာချုပ်သွားမည် မဟုတ်တော့ သဖြင့် ကစားသမားရဲ့ အေးဂျင့်သည် အသင်းသစ် ရှာဖွေ နေပါတယ်။

မိုနာကို မသင်းကလည်း ကစားသမားကို ရောင်းချသွားမည်ဖြစ်ပြီး လီးဗာပူးလ် အသင်း က ကိုလံဘီယာ တိုက်စစ်မှူး ကို အန်းဖီးသို့ ခေါ်ယူရန် နီးစပ်နေပြီလို့သိရပါတယ်။

အစပထမ က ကစားသမားကို အငှားဖြင့် ခေါ်ယူရန် ဖြစ်ပေမဲ့ လီဗာပူးလ် အသင်း က နောက်ဆုံးတွင် ပေါင် ၂၅.၁ သန်းဖြင့် ပေးပြီး ခေါ်ယူ သွားလိမ့်မယ် လို့ သိရပါတယ်။

#KS
Football Cafe

No comments:

Post a Comment