Pages

Sunday, April 5, 2015

အာဆင်နယ်တွင် စတာလင်အတွက် နေရာမရှိကြောင်း ဝင်းဂါးဆို



အာဆင်နယ်တွင် စတာလင်အတွက် နေရာမရှိကြောင်း ဝင်းဂါးဆို

လီဗာပူးလ်နှင့် စာချုပ်သစ် ချုပ်ဆိုရန် အဆင်မပြေဖြစ်နေသည့် ရာဟင်းမ်စတာလင်နှင့် ဆွေးနွေးမှုများကို ငြင်းဆိုခဲ့ပြီး အသင်းတွင် တိုက်စစ် ကစားသမား အများအပြား ရှိနေကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားလိုက်သည်။

အဆိုပါ အင်္ဂလန် ကွင်းလယ်တောင်ပံ ကစားသမားသည် အာဆင်နယ်အသင်း၏ ပစ်မှတ်ဖြစ်ခဲ့သော်လည်း စနေနေ့က လီဗာပူးလ်ကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အသင်းတွင် စတာလင်အတွက် နေရာမရှိကြောင်း ဝင်းဂါးက ဆိုခဲ့သည်။

ဆက်လက်ပြီး အသင်း၏ ခြေစွမ်းသည့် ပြီးပြည့်စုံသည့် အနေအထားသို့ ရောက်ရှိနေပြီဟု ထင်မြင်ကြောင်းနှင့် စိတ်ဓာတ်ပြင်းပြမှု၊ ကစားပုံ လျင်မြန်မှုတို့က နိုင်ပွဲ၏ အဓိက အကြောင်းအရင်း ဖြစ်ကြောင်း ဝင်းဂါးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ စတာလင်ကို ချိတ်ဆက်နေတယ်ဆိုတာဟာ မီဒီယာတွေကြောင့် ဖြစ်လာတာပါ။ ကျွန်တော်တို့မှာ တိုက်စစ် ကစားသမား အများကြီးရှိပါတယ်။ သီအိုဝဲလ်ကော့၊ ရိုဆစ်စကီးနဲ့ ဝဲလ်ဘက်ဆိုရင် ဒီနေ့ပွဲမှာ အရန်ခုံမှာပဲ ရှိနေခဲ့တာပါ။ ဘယ်ပွဲမှာမဆို ပြီးပြည့်စုံတဲ့ ခြေစွမ်း မရှိဘူးဆိုပေမယ့် ကျွန်တော်တို့က ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ ကစားခဲ့ပြီး အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ကလည်း ကျွန်တော်တို့ကို အန္တရာယ် ပေးနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပထမပိုင်းမှာ ပွဲကို စိုးမိုးနိုင်ခဲ့တဲ့ အကျိုးရလဒ်ကနေ ဂိုးတွေ ရရှိခဲ့ပါတယ်။ အသင်းရဲ့ကစားပုံကလည်း လျင်မြန်ခဲ့ပြီး ပေါင်းစပ်ဖန်တီးမှုကောင်းအချို့ကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဆုံးသတ်မှာ အရေးပါတဲ့ ပွဲတစ်ပွဲကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်” ဟု ဝင်းဂါးက ဆိုခဲ့သည်။

Soccer Myanmar

No comments:

Post a Comment