Pages

Sunday, April 19, 2015

မန်စီးတီးနဲ့ ချဲလ်ဆီးဟာ လီဗာပူလ်းရဲ့နောက်, နှစ်(၂၀)လောက်မှာပါ (ရော့ဂျာ)



မန်စီးတီးနဲ့ ချဲလ်ဆီးဟာ လီဗာပူလ်းရဲ့နောက်, နှစ်(၂၀)လောက်မှာပါ (ရော့ဂျာ)
=================================================
လီဗာပူလ်းရဲ့ စတာလင်ဟာ အသင်းပြောင်းဖို့ မျက်စ ပစ်နေရာ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ ပါဝင်ခဲ့ပါတယ်။ သို့အတွက် သူ့မန်နေဂျာ ဘရန်ဒန်ရော့ဂျာက တကယ်လို့ အန်ဖီးကို စွန့်ခွာမယ်ဆိုရင် စတာလင် အနေနဲ့ step down လုပ်သွားခြင်း ပါပဲလို့ ဆိုလိုက်ပြီး အင်္ဂလန်မှာ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူလ်း အသင်းသာ အကြီးဆုံးအသင်းနှစ်သင်းလို့ဆိုလိုက်ပါတယ်။ ထို့အပြင် မန်စီးတီးနဲ့ ချဲလ်ဆီးအနေဖြင့် ငွေကြေးအလုံးအရင်းဖြင့် တည်ဆောက်နေရင်တောင် ထိုနှစ်သင်းကိုမှီဖို့ အနည်းဆုံး နောက်နှစ် (၂၀)လောက် အချိန်ယူရမယ် လို့ဆို ပါတယ်။

အနီရောင်အသင်းဟာ အခုအခါမှာ နံပါတ် (၅)နေရာ ရောက်ရှိနေပြီး ပရီးမီးယားလိဒ်ဖလားတွေနဲ့ ဝေးကွာနေသည်မှာလည်း (၂၅)နှစ် ကြာခဲ့ပါပြီ။ ဒါပေမယ့် ရော့ဂျာက မန်စီးတီးဟာ လီဗာပူလ်းနဲ့ ယှဉ်လို့ရတဲ့အနေအထားမှာ မရှိကြောင်းနဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ပင် တတိယ အကြီးဆုံးအနေ အထားမှာပဲ ရှိကြောင်းသူက ပြောပါတယ်။

“စီးတီးဟာ တိုးတက်နေတဲ့ အသင်းတစ်သင်း မဟုတ်ဘူးလို့ ကျွန်တော် မပြောပါဘူး၊ ဒါပေမယ့် တကယ်လို့ မန်စီးတီးအသင်းဟာ လီဗာပူလ်းထက်ကြီးတဲ့ အသင်းဖြစ်တယ်လို့ ခင်ဗျား ပြောရင် ဒါ သေချာပေါက်မှားတာပဲ”

“အချိန်တို အတွင်းတွေမှာ မန်စီးတီးဟာ great project တစ်ခုကို ဖန်တီးနိုင်ခဲ့ ပြီး သူတို့ဟာ အံ့ဖွယ် အသင်း တစ်သင်းဖြစ်လာခဲ့ပါတယ်။
ဒီအချိန်မှာ သူတို့ဟာ မျိုးဆက်တွေကို မွေးနေပြီး မျှော်လင့်ချက်တွေနဲ့ ခိုင်ခိုင်မာမာ တည်ဆောက်နေပါတယ်။ အဲ့ဒီအတွက်တော့ သူတို့ရဲ့ ကြိုးစားမှုကို လေးစားပါတယ်။ ဒါပေမယ့် ကလပ်နှစ်သင်းရဲ့ အခြေကြီးမှုကို ယှဉ်ပြီးတော့ ပြောလို့တော့မရပါဘူး။”

“ဒီနိုင်ငံမှာ အကြီးမားဆုံးကလပ် နှစ်သင်းဟာ လီဗာပူလ်းနဲ့ မန်ချက်စတာယူနိုက်ပါ။ သူတို့မှိန်သွားရင်တောင် နောက်အသင်းတွေ ဒီနေရာကို ရောက်ဖို့ နှစ် 20 လောက် တိုက်ယူမှ ရပါလိမ့်မယ်။”

“လီဗာပူလ်းဟာ ပြည်တွင်းလိဒ်ချည်းပဲ (၁၈)ကြိမ်ရခဲ့သလို ချန်ပီယံလိဒ်ကိုလဲ (၅)ကြိမ် ကိုင်မြှောက်နိုင်ခဲ့တဲ့ အင်္ဂလန်အသင်း ဖြစ်နေချိန်မှာ စီးတီးအနေနဲ့ top 4 ထဲကို ၀င်လာတဲ့နှစ်က လေးနှစ်ပဲ ရှိသေးသလို ပြည်တွင်းလိဒ် နှစ်ကြိမ် ပဲရှိပါသေးတယ်။” လို့ ရော့ဂျာက ပြောဆိုသွားခဲ့ကြောင်းပါ။

#မောရစ်

Football Cafe

No comments:

Post a Comment