Pages

Thursday, April 16, 2015

မာတာ ကို ရောင်းပြီး အော်စကာ ကို အသင်းမှာ ထိန်းသိမ်းခဲ့တာ မှားယွင်းခဲ့သလား မော်ရင်ညို




မာတာ ကို ရောင်းပြီး အော်စကာ ကို အသင်းမှာ ထိန်းသိမ်းခဲ့တာ မှားယွင်းခဲ့သလား မော်ရင်ညို

လက်ရှိ မန်ချက်စတာ ယူနိုက်တက် ကစားသမား မာတာသည် မန်ယူ မှာ အောင်မြင်မှု မရသေးပေမဲ့ သူ့ ရဲ့စွမ်းဆောင်ရည် တွေက အော်စကာ ထက် သာလွန်နေတာ ကို အချက်အလက်များ အရသိရပါတယ်။

မောရင်ညို သည် ၂၀၁၂-၂၀၁၃ ခုနှစ် က ချယ်ဆီးအသင်းရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့တဲ့ မာတာ ကို ၂၀၁၄ ဇန်နဝါရီ မှာ ပေါင် ၃၇.၁ သန်းဖြင့် မန်ယူသို့ ထွက်ခွာခွင့်ပေးခဲ့ပါတယ်။

ယခုလို ထွက်ခွာခွင့် ပေးခဲ့တာဟာ မော်ရင်ညို မှားယွင်း တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာနေပါတယ်။

မန်ယူသို့ ရောက်ရှိပြီးချိန်မှ စပြီး မာတာသည် အောင်မြင်စွာ ဘောလုံးပေးပို့နိုင်မှု၊ အဓိကကျတဲ့ ဘောလုံးပေးပို့မှု၊ ခြေထေက်ကြားမှာ ဘောလုံးကိုထားပြီးသယ်ယူနိုင်မှု ၊ ဂိုးပိုမို သွင်းယူနိုင်မှု နှင့် အသင်းဖေါ်များ ဂိုးသွင်းနိုင်ရန် ဂိုးဖန်တီး မှု များတွင် အော်စကာထက် သာလွန်နေတယ်ဆိုတာ ဖေါ်ပြနေပါတယ်။


#KS
Football Cafe

No comments:

Post a Comment