Pages
▼
Tuesday, April 7, 2015
ဗန်ဂါးလ်သည် နည်းပြတစ်ဦး အနေဖြင့် ထူးချွန်သော်လည်း လူဆိုးတစ်ဦးဟု ရစ်ဘာရီ မှတ်ချက်ပြု
ဗန်ဂါးလ်သည် နည်းပြတစ်ဦး အနေဖြင့် ထူးချွန်သော်လည်း လူဆိုးတစ်ဦးဟု ရစ်ဘာရီ မှတ်ချက်ပြု
မိမိနှင့် လူးဝစ်ဗန်ဂါးလ်တို့ကြားတွင် မပြေလည်မှုများ ရှိခဲ့ကြောင်း ဘိုင်ယန်မြူးနစ် တောင်ပံလူ ဖရန့်ခ် ရစ်ဘာရီက ဝန်ခံ ပြောကြားခဲ့သည်။
ဗန်ဂါးလ်သည် (၂၀၀၉-၁၀) ဘောလုံးရာသီတွင် ဘိုင်ယန်ကို ကိုင်တွယ်ကာ ပြည်တွင်းဆုဖလား နှစ်လုံး ဆွတ်ခူးအောင် ဦးဆောင်ပြခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် မိမိနှင့် ဗန်ဂါးလ်တို့ကြား တင်းမာမှုများ ရှိခဲ့ပြီး မိမိအနေဖြင့်လည်း နည်းပြအပေါ် မယုံကြည်သည့် အခြေအနေ ရှိခဲ့ကြောင်း ပြင်သစ်လက်ရွေးစင် ရစ်ဘာရီက ဆိုသည်။ ဗန်ဂါးလ်သည် လတ်တလောတွင်မူ မန်ချက်စတာ ယူနိုက်တက်ကို တာဝန်ယူ ကိုင်တွယ်လျက် ရှိသည်။ ရစ်ဘာရီက “လူမှုရေးရာ ကိစ္စတွေပဲပေါ့လေ။ ကျွန်တော်တို့မှာ ပြဿနာတွေ ရှိခဲ့တယ်။ ဗန်ဂါးလ် စပြီးတာဝန်ယူတော့ ဘာတွေဖြစ်လာမယ် ဆိုတာကို ဘယ်သူမှ ကြိုမတွေးတတ်ခဲ့ဘူး”ဟု ဆိုသည်။
၎င်းက “ဗန်ဂါးလ်ရဲ့ ပုံစံက အသင်းမှာ ဘယ်သူက ဘယ်လို နာမည်ကြီးတယ် ဆိုတာကို လုံးဝ ဂရုမစိုက်ဘူး။ သူ့အတွက် ကြယ်ပွင့်ကစားသမားတွ မလိုအပ်ဘူး။ လူတိုင်းက ကိုယ့်တန်ဖိုးကိုယ် သက်သေပြဖို့ လိုတယ်။ သူနဲ့ ပထမဆုံး ဆက်သွယ် ထိတွေ့ရတာကတော့ အဆိပ်မိသလိုပါပဲ။ ပရော်ဖက်ရှင်နယ် တစ်ယောက်အနေနဲ့တော့ ကိုယ့်ယုံကြည်မှု ဆုံးရှုံးသွားတာ ဆိုးလွန်းပါတယ်။ ဗန်ဂါးလ်ဟာ ကွင်းထဲမှာ ထူးခြားအောင်မြင်တဲ့ အရာတွေ အများကြီး လုပ်ပြနိုင်ခဲ့တယ်။ ဒါပေမဲ့ နည်းပြတစ်ယောက် အနေနဲ့ သူဟာ လူဆိုးပဲ။ ကျွန်တော်တို့ ဆက်ဆံရေးက လုံးဝ ပျက်ပြယ်ခဲ့ပါတယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment