Pages
▼
Tuesday, April 21, 2015
အက်သလက်တီကိုမက်ဒရစ် နှင့် ပွဲ ကို ဂါရတ်ဘေးလ် လွဲချော် မည်
အက်သလက်တီကိုမက်ဒရစ် နှင့် ပွဲ ကို ဂါရတ်ဘေးလ် လွဲချော် မည်
ပြီးခဲ့သည့် စနေနေ့က မာလဂါ ကို အနိုင် ရရှိခဲ့သော ပွဲတွင် ရရှိခဲ့သော သြေလုံးကြွက်သားဒဏ်ရာကြောင့် အက်သလက်တီကိုမက်ဒရစ်နှင့် ကစားမည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲကို ဂါရတ်ဘေး လွဲချော်ခဲ့ပြီ ဖြစ်ကြောင်း ရီးရဲမက်ဒရစ် အသင်း က အတည်ပြု ပြောကြားခဲ့ပါတယ်။
ဝေးလ်စ် ကစားသမား သည် ဘာနေဗျူးကွင်းမှာ ရီးရဲမက်ဒရစ် က မာလဂါ ကို ၃-၁ ဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ဘေးလ် သည် ပွဲအစ ငါးမိနစ်မှာပဲ ဒဏ်ရာရရှိခဲ့ပြီး ဂျာဗီးယား ဟာနန်ဒက်စ် နဲ့ ချက်ခြင်း လူစားလဲခဲ့ရပါတယ်။
"""ဘေးလ် ကို ခြေသလုံး ကြွက်သား ဒဏ်ရများ ကို စမ်းသပ် စစ်ဆေးခဲ့ပြီး ဒဏ်ရာရဲ့ တိုးတက်မှု အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ """ ရီးရဲမက်ဒရစ် အသင်း ဝက်ဘ်ဆိုဒ် မှာ ဖေါ်ပြခဲ့ပါတယ်။
တောင်ပံကစားသမား ဟာ အချိန် ဘယ်လောက်ကြကြာ အနားယူရမယ်ဆိုတာတော့ ရီးရဲမက်ဒရစ် က ကြေညာခဲ့ခြင်းမရှိပါဘူး။ ကစားသမား ဟာ ၂ ပတ် မှ ၃ ပတ် အတွင်း အနားယူရလိမ့်မယ်လို့ ယုံကြည်ရပါတယ်။
ယခု ဒဏ်ရာကြောင့် ဘေးလ် သည် ဗုဒ္ဓဟူး နေ့တွင် ကစားမည့် အက်သလက်တီကို နှင့် ချန်ပီယံလိဂ်ပွဲ၊ ဆယ်လ်တာဗီဂို၊ အယ်လ်မီးယား၊ ဆီဗီလာ တို့နှင့် ကစားရမည့် လာလီဂါ ပွဲများကိုပါ လွဲချော်လိမ့်မည် ဖြစ်ပါတယ်။
ရီးရဲမက်ဒရစ် အသင်း ဟာ ကွင်းလယ်လူ လူကာမိုဒရစ် ရဲ့ ညာဘက်ဒူခေါင်း အဆစ်လွဲ ဒဏ်ရာကြောင့် အသင်း နှင့် သီတင်း ခြောက်ပတ် လွဲချော်နေပြီး မြို့ခံပြိုင်ဘက်နှင့်ပွဲတွင်လည်း လွဲချော်မည်ဖြစ်ကြောင်း သေချာခဲ့ပြီးဖြစ်ပါတယ်။
တိုက်စစ်မှူး ကာရင်ဘန်ဇီမာ သည်လည်း ပြီးခဲ့သည့် တီကို နှင့်ပွဲတွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် တီကို နှင်ပွဲ ဒုတိယအကျော့ပွဲတွင်ပါဝင်နိုင်ရန် မသေချာပဲ ရှိနေတယ်လို့ သိရပါတယ်။
#KS
Football Cafe
No comments:
Post a Comment