Pages
▼
Saturday, April 4, 2015
ပေါ့ဂ်ဘာနှင့် တွဲဖက် ကစားရန် ဆန္ဒရှိဟု ဗာရတ်တီ ဖွင့်ဟ
ပေါ့ဂ်ဘာနှင့် တွဲဖက် ကစားရန် ဆန္ဒရှိဟု ဗာရတ်တီ ဖွင့်ဟ
PSG အသင်းတွင် မိမိနှင့် အတူ ပေါလ်ပေါ့ဂ်ဘာကို လာရောက် တွဲဖက် ကစားစေလိုကြောင်း မာကို ဗာရတ်တီက ဖိတ်ခေါ်လိုက်သည်။
အသက်(၂၂)နှစ်အရွယ် အီတလီ လက်ရွေးစင် တက်သစ်စ ကွင်းလယ် ကစားသမားလေးက ဂျူဗင်းတပ်စ်တွင် ကစားနေသည့် ပြင်သစ် ကွင်းလယ်လူကို ထူးထူးကဲကဲ ကောင်းမွန်သည့် ဘောလုံးသမား တစ်ဦးဟုလည်း ညွှန်းဆိုခဲ့သည်။ ပေါ့ဂ်ဘာသည် ဂျူဗင်းတပ်စ်နှင့် အတူ ပြသနေသည့် ခြေစွမ်းကောင်းများကြောင့် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်များ၏ စောင့်ကြည့်မှုကို ခံနေရသည်။ ဗာရတ်တီက မိမိသည်လည်း ပေါ့ဂ်ဘာ၏ ပရိသတ် တစ်ဦးပင်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။
“ပေါ့ဂ်ဘာက ထူးထူးကဲကဲ ကစားသမားမျိုးဗျ”ဟု ဗာရတ်တီက ဆိုသည်။ ၎င်းက “တကယ်လို့ မန်ချက်စတာ ယူနိုက်တက်မှာတုန်းက ကစားခွင့် ရခဲ့ရင်လည်း ဂျူဗင်းတပ်စ်မှာ လက်ရှိ လုပ်ပြနေသလို သူအစွမ်းပြမှာပဲ။ သူ့အတွက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပဲ အဓိက လိုအပ်တာပါ။ ဂျူဗင်းတပ်စ်က အဲဒီအရာကို သူ့အတွက် ခွင့်ပြုပေးခဲ့တယ်။ အဲဒီနောက်မှာတော့ ပေါ့ဂ်ဘာဟာ သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် ကစားသမားတစ်ယောက် ဖြစ်နေမှန်း တစ်ကမ္ဘာလုံးကို လက်တွေ့ ပြသခဲ့တယ်”ဟု မှတ်ချက်ပြုခဲ့သည်။
၎င်းက “တစ်နေ့နေ့ သူနဲ့ တွဲကစားရရင် ကောင်းမယ်။ သူက သိပ်တော်ပါတယ်။ အကောင်းဆုံးဆိုတဲ့ ဘောလုံးသမားတွေနဲ့ တွဲကစားရတဲ့အခါ အစစ အရာရာ ပိုပြီး လွယ်ကူလာတတ်ပါတယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment