Pages
▼
Tuesday, April 21, 2015
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဗန်ပါစီ ခြေချင်းဝတ်ဒဏ်ရာမှ ပြန်လည်သက်သာလာ
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဗန်ပါစီ ခြေချင်းဝတ်ဒဏ်ရာမှ ပြန်လည်သက်သာလာ
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီ သည် တနင်္လာနေ့ က လက်စ်တာ ယူ ၂၁ အသင်း နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် မန်ယူ ယူ ၂၁ အသင်း တွင် တစ်နာရီကျော် ပါဝင်ကစားသွားခဲ့ပြီး ခြေချင်းဝတ်ဒဏ်ရာမှာ သက်သာလာနေပြီလို့သိရပါတယ်။ ထိုပွဲတွင် ၁-၁ သရေကျခဲ့ပြီး ရာဖေးလ် နှင့် ဂျန်နုဇက် တို့လည်း ပါဝင်ကစားခဲ့ပါတယ်။
ဗန်ပါစီ သည် ယခုပွဲ တွင် ၆၂ မိနစ် ကစားခဲ့ပြီး ဂိုးသွင်းယူနိုင်ရန် ထောက်ပံ့မှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
၃၁ နှစ်သားသည် ယခုရာသီတွင် မန်ယူ အတွက် ၂၆ ပွဲပါဝင်ကစားခဲ့ပြီး ၁၃ ဂိုး သွင်းယူနိုင်ခဲ့ကာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၂၁ က ဆွမ်ဆီးကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သောပွဲတွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး အနားယူနေခဲ့ရာ ယခုတိုင်ဖြစ်ပါတယ်။
#KS
Footbal Cafe
No comments:
Post a Comment