Pages

Tuesday, April 7, 2015

ဆာလားကို ဂျူဗင်တပ်စ် သတိထားရန်လိုကြောင်း အယ်လီဂရီ သတိပေး



ဆာလားကို ဂျူဗင်တပ်စ် သတိထားရန်လိုကြောင်း အယ်လီဂရီ သတိပေး

အင်္ဂါနေ့တွင် ယှဉ်ပြိုင်ကစားမည့် ကိုပါအီတာလီယာ ပွဲစဉ်တွင် ဖီအိုရင်တီးနား ကစားသမား မိုဟာမက် ဆာလားကို သတိထားရန် လိုအပ်ကြောင်း ဂျူဗင်တပ်စ် နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီနီက သတိပေး ပြောကြားလိုက်သည်။

အီဂျစ် လက်ရွေးစင် ကစားသမားသည် ဇန်နဝါရီလက ချယ်ဆီးမှ စီးရီးအေကလပ်သို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် တူရင်တွင် ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အကြိုဗိုလ်လုပွဲ ပထမအကျော့တွင် ဖီအိုရင်တီးနား၏ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သည်။

ထို့နောက် စီးရီးအေ ချန်ပီယံအသင်း အနေဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရေးအတွက် အသက် ၂၂ နှစ်အရွယ် ကစားသမားကို သတိထားရန် လိုအပ်ကြောင်း အယ်လီဂရီက ဆိုခဲ့သည်။

“ဆာလားက သိပ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ဖီအိုရင်တီးနား အနေနဲ့ အရမ်းကောင်းတဲ့ ခေါ်ယူမှုတစ်ရပ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖလော့ရင့်စ်မှာ ကစားမယ့်ပွဲမှာ ကျွန်တော်တို့ ရလဒ်ပိုင်း အလှည့်အပြောင်းဖြစ်အောင် ပြုလုပ်ရပါမယ်။ ကျွန်တော်တို့က စိတ်အေးအေးထား ကစားပြီး စွမ်းဆောင်ရည်ကောင်း ပြသနိုင်ဖို့ လိုပါတယ်။ ဆာလားရဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ရတာက ပထမအကျော့မှာ ကျူးလွန်ခဲ့တဲ့ အမှားတွေပါ” ဟု အယ်လီဂရီက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဖီအိုရင်တီးနားနှင့်ပွဲတွင် အန်ဒရီယာ ပီယာလို ပါဝင်နိုင်ဖွယ်မရှိကြောင်း သို့သော်လည်း ကလော်ဒီယို မာချီစီယို အနေဖြင့် ဒဏ်ရာမှ ပြန်လည်သက်သာလာပြီ ဖြစ်ကြောင်း အယ်လီဂရီက ဆိုခဲ့သည်။
“ပီယာလိုက ဗုဒ္ဓဟူးနေ့မှ အသင်းနဲ့ ပြန်လည်ပူးပေါင်းရမှာပါ။ သူ့ရဲ့ ကြံ့ခိုင်မှုကို ကျွန်တော်တို့ စစ်ဆေးပါဦးမယ်။ မာချီစီယိုကတော့ ကြံ့ခိုင်မှု ပြည့်ဝနေပြီး အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာပါပြီ” ဟု ဂျူဗင်တပ်စ် နည်းပြက ပြောကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment