Pages

Sunday, April 19, 2015

ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် မြန်မာအသင်း အာရှ အင်အားကြီး အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်



ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် မြန်မာအသင်း အာရှ အင်အားကြီး အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်
Written by  ရဲရင့်ဌေး

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန်(ဒုတိယအဆင့်)မဲခွဲပွဲကို ဧပြီ ၁၄ ရက်က ပြုလုပ်ခဲ့ရာ မြန်မာအသင်းမှာ အာရှဘောလုံး အင်အားကြီး နိုင်ငံများဖြစ်သော တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအို စသည့်အသင်းများ ပါဝင်သည့် အုပ်စု (ဆ) တွင် ကျရောက်ခဲ့သည်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲတွင် အာရှနိုင်ငံပေါင်း ၄၀ ပါဝင်ခဲ့ပြီး အုပ်စု ရှစ်စုခွဲကာ အုပ်စု တစ်ခုစီမှ အမှတ်အများဆုံး နှစ်သင်း ခြေစစ်ပွဲအောင်မည် ဖြစ်သည်။ မြန်မာအသင်းနှင့် တစ်အုပ်စုတည်း ကျရောက်နေသည့် အသင်းများအနက် တောင်ကိုရီးယား အသင်းက ကမ္ဘာ့အဆင့်ရပ်တည်မှု အမြင့်ဆုံးဖြစ်ပြီး အဆင့် ၅၇ တွင် ရပ်တည်နေကာ ကူဝိတ်အသင်းက အဆင့် ၁၂၇၊ လက်ဘနွန်အသင်းက အဆင့် ၁၄၄၊ မြန်မာအသင်းက အဆင့် ၁၅၈၊ လာအိုအသင်းက အဆင့် ၁၇၈ တွင် ရပ်တည်နေသည်။

ခြေစစ်ပွဲစဉ်များကို အိမ်ကွင်းအဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၁ ရက်တွင် လာအိုအသင်းနှင့် အဝေးကွင်းပွဲ၊ ဇွန်လ ၁၆ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် အိမ်ကွင်း၊ စက်တင်ဘာ ၃ ရက်တွင် ကူဝိတ်အသင်းနှင့် အဝေးကွင်း၊ အောက်တိုဘာ ၈ ရက်တွင် လက်ဘနွန်နှင့် အိမ်ကွင်းပွဲစဉ်များ ကစားရမည်ဖြစ်ကာ ဒုတိယအကျော့ ပွဲစဉ်များအဖြစ် အောက်တိုဘာ ၁၃ ရက်တွင် လာအိုနှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၁၂ ရက်တွင် တောင်ကိုရီးယားနှင့်အဝေးကွင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် ကူဝိတ်နှင့် အိမ်ကွင်း၊ ၂၀၁၆ မတ်လ ၂၉ ရက်တွင် လက်ဘနွန်အသင်းနှင့် အဝေးကွင်းပွဲစဉ်များ ကစားရမည်ဖြစ်သည်။

မြန်မာအသင်းမှာ အိမ်ကွင်း နိုင်ငံတကာ ပြိုင်ပွဲကစားခွင့် တစ်ပွဲ အပိတ်ခံထားရသည့်အတွက် တောင်ကိုရီးယား အသင်းနှင့် ကစားရမည့် အိမ်ကွင်းအဖွင့်ပွဲကို ကြားနိုင်ငံတွင် သွားရောက်ကစား ရမည် ဖြစ်ကာ ထိုင်းနိုင်ငံတွင် လက်ခံကျင်းပရန် စီစဉ်ထားသည်။

Mizzima

No comments:

Post a Comment