Pages

Friday, April 17, 2015

ကျွန်တော်အာဆင်နယ် မှာ အကောင်းဆုံးကစားနေပါတယ် (အိုဇေး)



ကျွန်တော်အာဆင်နယ် မှာ အကောင်းဆုံးကစားနေပါတယ် (အိုဇေး)

ဂန်းနား ကွင်းလယ်လူသည် ရီးရဲမက်ဒရစ် အသင်း မှ အာဆင်နယ်သို့ ပေါင် ၄၅.၂ သန်း ဖြင့် ရောက်ရှိလာချိန်မှ စပြီး ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒဏ်ရာများမှ ပြန်လာပြီး နောက်ပိုင်း သူ့ရဲ့ ခြေစွမ်းတွေ တိုးတက်လာနေပါတယ်။

အာဆင်နယ် ကွင်းလယ် လူ က အသင်းသို့ပြောင်းရွှေ့ လာစဉ်ကတည်းက ယခုအချိန်မှာ အကောင်းဆုံး ကစားနေနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ဂျာမန်ကွင်းလယ်လူ သည် ၂၀၁၃ သြဂုတ် လက ရီးရဲမှ အာဆင်နယ်သို့ပြောင်းရွှေ့လာပြီးချိန်မှစပြီး သူ့ရဲ့အမြင့်ဆုံးခြေစွမ်းကိုပြန်ရဖို့ရုန်းကန်နေခဲ့ရပါတယ်။

ဒဏ်ရာများမှပြန်လာသည့် ဇန်နဝါရီလ မှစ၍ ၂၆ နှစ်သားသည် ပုံမှန် ခြေစွမ်းများ ရရှိလာနေပြီဖြစ်ပါတယ်။

"""ယခုအချိန်မှာ ကစားပွဲတွေမှာ ပုံမှန်ခြေစွမ်းရရှိနေလို့ကျွန်တော် ပျော်ရွှင်ပါတယ်၊ အာဆင်နယ်ကို ပြောင်းရွှေ့လာကတည်းက ယခုအချိန်မှာ ကျွန်တော်အကောင်းဆုံး ခြေစွမ်းပြနေတယ်လို့ခံစားရပါတယ်""" လို့စပေါ့မဂ္ဂဇင်း သို့ အိုဇေး က ပြောကြားခဲ့ပါတယ်။

""" ကျွန်တော်ရာသီအစတုန်းက ခြေကုန်လက်ပန်းကျခဲ့ပါတယ်၊ ကျွန်တော် ၁၆ နှစ်း ဘောလုံးစကစား ကတည်းက ယခုလို အပြင်းအထန် ဒဏ်ရာ မရရှိဖူးပါဘူး၊ ကျွန်တော် ၁၀ နှစ်လောက် ဘောလုံးကစားခဲ့ပေမဲ့ ဒီလိဂ်လောက် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ရုန်းကန်ခဲ့ရမှုမျိုးမရှိပါဘူး ၊ ဒဏ်ရာ ရရှိမှုများ က ကျွန်တော့်ကို အချိန်ပေးသလိုဖြစ်ခဲ့ပြီး၊ ကျွန်တော် ဒီလိဂ်မှာ ပြိုင်ပွဲအတွက် ဘာတွေလိုအပ်တယ်၊ ဘာတွေလုပ်ရမလဲဆိုတာ လေ့လာ အကဲခတ်ခွင့်ရခဲ့ပါတယ်၊ ဒီလိဂ် မှာ ခန္ဒာကိုယ် ကြံခိုင်ဖို့ပိုမိုလိုအပ်ပါတယ်။ ကစားတဲ့ အရှိန် ကို လျှင်မြန်စွာ ကစား နိုင်ရပါမယ်၊ ကစားပွဲ ရဲ့အခြေအနေ ကို သုံးသပ်နိုင်ရမည်ဖြစ်ပြီး လိုက်လျှောညီထွေ ကစားနိုင်ရပါမယ်၊ ကျွန်တော် ခက်ခက်ခဲခဲ လုပဆောင်ခဲ့ရပြီး လိုအပ်ချက်အတိုင်းပြောင်းလဲနိုင်ခဲ့ပါတယ်၊ ကျွန်တော့် တောင့်တင်းသန်မာ ဖို့ ဒဏ်ရာနေတဲ့ အချိန်တွေ မှာ ကျွန်တော် အလုပ်လုပ်ခဲ့ပါတယ်၊ ကျွန်တော် ပုံမှန်လေ့ကျင့်ခန်းတွေ ပြီးတဲ့နောက်မှာ အချိန်ပို လေ့ကျင့်ခန်းတွေ ဆက်လုပ်နေပါတယ်လို့""" အိုဇေးလ် ကပြောကြားခဲ့ပါတယ်။

#KS

football cafe

No comments:

Post a Comment