Pages
▼
Saturday, April 18, 2015
ချယ်လ်ဆီးထက် မန်ယူကိုကိုင်တွယ်ရသည်မှာ ပိုလွယ်ဟုမော်ရင်ဟိုပြော
ချယ်လ်ဆီးထက် မန်ယူကိုကိုင်တွယ်ရသည်မှာ ပိုလွယ်ဟုမော်ရင်ဟိုပြော
Written by ဝေဘုန်းလူ
လန်ဒန်၊ ဧပြီ ၁၈ ။ ။ ယူအီးအက်ဖ်အေ၏ခေတ်သစ်ဘဏ္ဍာရေးမျှခြေစည်းကမ်းဘောင်အတွင်း၌ ချယ်လ်ဆီးအသင်းထက် မန်ယူကိုကိုင်တွယ်ရသည်မှာ ပိုမို လွယ်ကူသည်ဟု ချယ်လ်ဆီးနည်းပြမော်ရင်ဟိုကပြောကြားလိုက်သည်။
ကမ္ဘာ့ဘောလုံးလောကတွင်ငွေအသုံးဆုံးအသင်းများ၌ပါဝင်သည့် မန်ယူအသင်းသည် လက်ရှိပိုင်ဆိုင်ထားသော လူစာရင်းအတွက်ပေးချေ ရန်ငွေရှိနေချိန်တွင် ချယ်လ်ဆီးအသင်းမှာမူ ဘဏ္ဍရေးညီမျှရန်အတွက် မာတာကဲ့သို့သော ကစားသမားများကိုရောင်းထုတ်ရန် ဖိအားပေးခံနေရသည်။
"ဟုတ်တယ်။ ပိုလွယ်ပါတယ်။ အရင်တုန်းကချယ်လ်ဆီးကပိုလွယ်ခဲ့ပေမယ့် အခုတော့ပိုခက်လာပြီ။ မာတာမှမဟုတ်ပါဘူး။ ကစားသမားအတော်များများရောင်း ထုတ်ခဲ့ရတယ်"ဟု ချယ်လ်ဆီးနည်းပြမော်ရင်ဟိုက ဆိုသည်။
ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းမှာပြိုင်ဘက်များကို အကျိုးဖြစ်ထွန်းစေပြီး မန်ယူအသင်းမှာ များပြားလှသော အသင်းလူစာ ရင်းအတွက် ငွေပေးချေနိုင်စွမ်းရှိနေသည်ဟုလည်း မော်ရင်ဟိုက တစ်ဆက်တည်းပြောကြားခဲ့သည်။
Ref : dailymail
Mizzima
No comments:
Post a Comment