Pages
▼
Sunday, April 19, 2015
စတမ်းဖိုဒ့်မှာ အပြာရောင်တွေ လက်သီးလက်မောင်း တန်းနိုင်ခဲ့တဲ့ည
စတမ်းဖိုဒ့်မှာ အပြာရောင်တွေ လက်သီးလက်မောင်း တန်းနိုင်ခဲ့တဲ့ည
===========================================
((မန်ယူဟာ အလယ်တန်းကို စီးနိုင်ခဲ့ပေမယ့် ရှေ့တန်းက ဖယ်ကာအိုကို လုံလောက်တဲ့ ပံ့ပိုးမှုတွေမလုပ်နိုင်ခဲ့ပါဘူး။ ရှေ့နဲ့ အလယ်ကို ချိတ်ကစားတဲ့ ရွန်းနေလဲ ခြေမပေါ်ခဲ့ပါဘူး။ မော်ရင်ဟိုဟာ နောက်တန်းခံစစ်ကို လုံအောင် ကာတာထက် မန်ယူဘက်ကို ဘောလုံး ပေးကစားထားပြီး ပိုင်မှသာ အလျှင်အမြန် ပြန်တိုက်စစ် ဆင်တဲ့ပုံ ဖြစ်ခဲ့ပါတယ်။))
ပထမပိုင်း
======
ဒီနေ့ပွဲဟာ စတန်းဖိုဒ့်မှာ ချဲလ်ဆီးနဲ့ မန်ယူတို့ရဲ့ ဒီနှစ်လိဒ် ဒုတိယအကျော့ပွဲဖြစ်ပါတယ်။ ချဲလ်ဆီးဘက်က ဂိုး - ကော်တိုရစ် ။နောက်တန်း - အီဗန်နိုဗစ်၊ ကာဟေး၊ တယ်ရီ၊ ဆီဆာ။
အလယ်တန်း- မတ်တစ်၊ အော်စကာ၊ ဖာဘရီဂတ်။ ဟာဇတ်၊ Zouma။ ရှေ့တန်း- ဒရော့ဘာ။ အရံ- ပီတာချက်။ဖိလစ်ပီလူးဝဇ်၊ မီခေး၊ ရာမီးရက်စ်။ ၀ီလျံ။ ဒိုမီနစ် တို့နဲ့ ပွဲထွက်လာပါတယ်။
ရှေ့မှာ 37နှစ်သား ဒရော့ဘာ တစ်ယောက်တည်း ကို ထောင်ထားပြီး နောက် က ဖာဘရီဂတ် ဟာဇတ် နဲ့ တင်ထားပါတယ်။
မန်ယူ ဘက်ကတော့ ဂိုး- ဒီဂီယာ ။နောက်တန်း- ဗလင်စီယာ၊ စမောလင်း၊ ပတ်ဒီ၊ လုခ်ရှော။
အလယ်တန်း - မာတာ၊ ရွန်းနီ၊ ဟာရဲယား။ ဖယ်လိုင်နီ၊အက်ရှ်လေယန်း။ ရှေ့တန်း- ဖယ်လ်ကာအို။ အရံ= ဗဲလ်ဒတ်၊ တေလာ၊ ရာဖေလ်း၊ ဒီမာရီယာ၊ ဂျနူးဇက်။ဗန်ပါစီ။
ပွဲစတာနဲ့ မန်ယူက အဆက်မပြတ်တင်ကစားပြီး ပွဲရှိန်ကို ပွဲစမှာပဲ မြင့်ဖို့ ကြိုးစားတာတွေ့ရပါတယ်။
-ပွဲချိန် 3 မိနစ်မှာ တော့ အက်ရှလေယန်း ညာကျောက စွဲပြေးလာပြီး ချိုးထည့်ပေး လိုက်တာကို ရွန်းနီ အ ပိုင်နီးပါး ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမား ညာဘက် အတော်များများကနေ လွဲချော်သွားပါတယ်။
- ပွဲချိန် 6 မိစ် ရှောလ် ၁၈ ဂိုက်နေ မြေလှိ့မ်ဘော အပြင်းကန် နောက်ခံလူနဲ့ထိ။
- 8 မိနစ်မှာ ဟာဇတ်ကို ထိုးပေး ဟာဇတ်ခေါက်ပြီး ပြန်တင်ပေး၊ ဖာဘရီဂတ် ဆွဲထွက်တာ ဘောင်ကျဉ်းပြီး ဂိုးသမားနဲ့ထိ ၊ ထောင့်ကန်ဘောကန်။
-10 မိနစ် ကွင်း လယ်က နေ ဆွဲတက်လာ ဖယ်ကာအိုကို ထိုးပေးမယ်လို လုပ်ပြီး ကန်သွင်း ဂိုးသမားရဲ့ ညာဘက်အတော် အကွာအဝေးကထွက်။
ချဲလ်ဆီးက ကွင်းလယ်ကနေ ဖာဘရီဂတ်ရဲ့ ပေးပို့မှု့တွေကို အဓိက ထားပြီးသုံး။ ဟာဇတ်ကို အဓိက ထိုးပေးနေပြီး ဟာဇတ်ဆီ ရောက်တာနဲ့ အကိုင်မခံပဲ ဗလင်စီယာနဲ့ စမောလင်းက လျှင်လျှင်မြန်မြန်ဖြတ်ထုတ်ဖို့ ကြိုးစားတာကို တွေ့ရ ။ ကွင်းလယ်မှာဆိုလည်း ဖာဘရီဂတ်ဆီ ဘောလုံးရတာနှင့် အလျင်အမြန်ဖြတ်ထုတ် ခြင်း ခံရတာကို တွေ့ရပါတယ်။
ပွဲချိန် 21 မှာလည်း ဖာဘရီဂတ်နဲ့ ဒရော့ဘာ တိုက်ပင်ရိုက်ပြီး ဘယ်ခြမ်းက ဆွဲထုတ်ပါတယ်။ ဒါပေမယ့် ဗလင်စီယာနဲ့ နောက်တန်း ဖြတ်ထုတ်နိုင် လိုက်ပါတယ်။ မော်ရင်ဟိုဟာ တဘက်ရဲ့ တိုက်စစ်ကို အေးအေးလူလူဖြတ်ထုတ်ဖို့ ကြိုးစားနေပုံရပါတယ်။ အဲ့လိုပဲ တန်ပြန်ထိုက်စစ်ကို ဖာဘရီဂတ်နဲ့ ဟာဇတ်တို့အားကို သုံးပြီး လျှင်လျှင်မြန်မြန်ပြန်တင်တာမျိုးတွေ လုပ်ပါတယ်။
28 မိနစ်မှာ ဖယ်ကာအိုနဲ့ ဟာဇတ်အ၀င်ကြမ်းကြ တာကစပြီး ဖရီးကစ်ရပါတယ်။ ဒရော့ဘာ ကန်သွင်းတာ နောက်တန်းလူနဲ့ထိပါတယ်။
34 မိနစ်မှာ အက်ရှေယန်း ကန်တဲ့ ဖရီးကစ် ပြန်အန်ထွက်လာတာကစပြီး ချဲလ်ဆီးဘက်က တန်ပြန်တိုက်စ်အကျဲကြီးနဲ့ ၀င်လာတာ ဒီဂီယာ တက်ပြီး ပုတ်ထုတ်နိုင်လို့ပါ။ ဒီဂီယာ လျှင်မြန်မှု့ မရှိရင် ဟာဇတ်က အသင့် သယ်သွားမယ့် အနေအထားဖြစ်ခဲ့ပါတယ်။
38 မိနစ်မှာတော့ မော်ရင်ဟို ဒီပွဲအတွက် သေချာသွေးထားတဲ့ ဖဘရီဂတ်၊ အော်စကာ နဲ့ ဟာဇတ် တိုပ်စစ်အတွဲက လုံးဝ အလုပ်ဖြစ်သွားပါတော့တယ်။ တကယ့် လျှင်မြန်တဲ့ တန်ပြန် တိုက်စစ်ပါ။ ဖာဘရီဂတ်က အော်စကာကို တင်ပေး၊ အော်စကာက အတင်းဖောက် ထွက်သွားမယ့် ဟန်ကနေ နောက်က ဟာဇတ်ကို ချိုးပေးလိုက်နိုင်တာပါပဲ။ ဟာဇတ်က ဒီဂီယာရဲ့ ညာဘက် ပေါင်ကြားကနေ မြေလှိမ့်ဘော သွင်းယူသွားနိုင်ခဲ့ပါတယ်။
ပထမပိုင်းကို ချုပ်ပြီးပြောရရင်တော့ မန်ယူဘက်က ဒရပ်စပ်တိုက်စစ်ဆင်ပြီး ဖိအားပေးဖို့ ကြိုးစားနေခဲ့ပြီး ချဲလ်ဆီးဘက်ကတော့ ခံစစ်ကို ကျစ်ကျစ်လစ်လစ်ထားပြီး လျှင်မြန်တဲ့ တန်ပြန်မှုတွေ လုပ်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ တန်ပြန်မှုမှာ ဟာဇတ်ဘက်ကချည်းပဲ ထိုးဖောက်ဖို့ ကြိုးစားပေမယ့် လျှင်မြန်ပြီး အ၀င်အထွက်ရဲတဲ့ ဗလင်ဒီယာကြောင့် အခွင့်အရေး ဖန်တီးနိုင်မှု နဲခဲ့ပါတယ်။ နည်းခဲ့တယ်ဆိုပေမယ့် တစ်ချက် တစ်ချက်ဖောက်တာတော့ အတော်မြန်ခဲ့ပြီး ဂိုးရခါနီးအနေ အထားတွေ ကြုံခဲ့ရပါတယ်။
ပထမပိုင်း ဘောလုံးပိုင်ဆိုင်မှုကတော့ ချဲလ်ဆီး 33% မန်ယူ 67% ဖြစ်ပါတယ်။
ဗန်ဟားအနေနဲ့ မာကျောပြီးကျစ်လစ်နေတဲံ ချဲလ်ဆီးခံစစ်ကို ဘယ်လိုဖြိုမလဲ ဆိုတာ စဉ်းစားရမှာပါ။ အတင်းတက်ဖိထားပေမယ့် တကယ့်တကယ်တန်း အသဲအသန်ကာကွယ် ခဲ့ရတာတော့ ဒီဂီယာသာဖြစ်ခဲ့ပြီး တန်ပြန်တိုက်စစ်တွေ အရမ်းကောင်းခဲ့ပါတယ်။
ဒုတိယပိုင်း
=======
51 မှာ ဒရော့ဘာက -- ကို အ၀င်ကြမ်းတဲ့အတွက် အ၀ါကတ်ထိ။
52 မှာ မန်ယူနောက်တန်းက ကန်လိုက်တာ ချလ်ဆီး အလည်တန်း သမားနဲ့ထိ၊ ဒရော့ဘာဆီ ဖြတ်ပို့၊ ဒရော့ဘာ တစ်ဦးတည်းဆွဲပြေး စမောလင်း လိုက်ဖြတ်၊ 18 ကိုက်စည်းထဲ ပြေးဝင်လာပြီး ဒီဂီယာရဲ့ ညာဘက်ကို ပတ်ကန်။ ဒီဂီယာ ပုတ်ထုတ်။ တိုင်ကို ထိပြီး ဟာဇတ်ဆီရောက် ဟာဇတ် ပြန်ပတ်ထည့်တော့ မမှီတော့ပဲ မန်ယူနောက်တန်းဆီ ပြန်ရောက်သွား။
54 မိနစ်မှာ လုခ်ရှော ညာတောင်ပံကနေ ဆွဲပြေးတာကို အီဗန်နိုဗစ် ဖြတ်ထုတ်တာ ကြမ်းတဲ့အတွက် အ၀ါ ကတ်ထိ။ မန်ယူ ဖရီးကစ်ရ၊ မာတာ ကန်။ လူပေး။ ကန်ထည့် ။ အပေါက်လွဲ။
55 မိနစ်မှာ ပတ်ဒီ 18ကိုက်ထိပ်ကနေ ကနေကန်သွင်း။ ကော်တိုရစ် ပုတ်ထုတ်နိုင်ခဲ့။ ကန်သွင်းတာက ကန်ချက်ပြင်းပေမယ့် ဝေးနေတာရယ် ကန်သွင်းတော့မယ် ဆိုတာကြီးက သိသာနေတာရယ် ကြောင့် ဂိုးသမားအတွက်အခတ်အခဲ မရှိခဲ့။
63 မိနစ်၊ အက်ရှေလေယန်း ဖြတ်တင်ပေးတာကို ဖယ်လိုင်နီ ဂေါင်းတိုက်ပြီး ရွန်းနီဆီချပေး။ အပိုင်ကန်သွင်းပေမယ့် ပိတ်ဆို့နေတဲ့ နောက်တန်းကြောင့် လူထိထွက်။ ဒေါင့်ကန်ဘောဖြစ်။
66 မိနစ် ဖယ်လ်ကာအို 18 ကိုက်ထိပ်ကနေ လှလှပပ ကန်သွင်း ၊ ကန်ချက်လှသော်လည်း မ၀င်။
68 မိနစ်မှာ ရာမီးယက်စ်နဲ့ အော်စကာနဲ့ လူစားလဲ။
69 မိနစ်မှာ အက်ရှေလေယန်းနဲ့ ဒီမယာရီယာ မာတာနဲ့ ဂျနူးဇက် တို့ကိုလဲလိုက်ပါတယ်။ တချိန်လုံး ပြေးလွှားပြီး တင်ကစားနေတဲ့ မာတာကို လဲလိုက်တာ စဉ်းစားစရာတော့ ကောင်းနေပါတယ်။
73 မိနစ် ဟာဇတ်နဲ့ ဖာဘရီဂတ် တိုက်ပင်ကိုက်ပြီး ဆွဲလာ။ စမောလင်းနဲ့ညိ။ပျက်။
74 မိနစ် ဖယ်ကာအို ဂိုးသမားရဲ့ ညာဘက်ကနေ ကန်သွင်း ၊ တိုင်ထိပ်ကိုထိ ထွက်။ ဖယ်လ်ကာအို ကြိုးစားမှုကောင်းသော်လည်း ဂိုကန်ခေ၊ ဘောလုံးတွေ သူ့ဆီကို မရောက်။
79 မိနစ်မှာ လုခ်ရှော်နဲ့ ဘလက်ကစ် နဲ့ လူစားလဲ
82 မိနစ်မှာ ဒေါင့်ကန်ဘောရ ရွန်းနီ ခေါင်းတိုက် ၊ ဘားတန်းကျော်။
84 မိနစ်မှာ ဖာလရီ့ဂတ် ဖရီးကစ်ကို ဂိုးသမားရဲ့ ဘက်ဘက်အခြမ်းကနေ ကန်တင်။ ခေါင်းတိုက်မည့်သူမရှိ။ ဟာဇတ်ခြေထဲရောက်။ ဘလက်ကတ်နဲ့ ဗလင်စီယာညှပ်ပြီးဖြတ်ထုတ်။ မရ။
89 မိနစ် စမောလင်းနဲ့ ဂျနူဇက် ညှပ်ပြီးဖြတ်ထုတ် ဟာဇတ်ဒတ် နာသွားပုံရ။
90+ မှာတော့ ဟာရဲယား ဘောလုံးကို 18 ကိုက်ထဲမှာ ဆွဲအထွက်မှာ ကာဟေးခြေနဲ့လှမ်းညိပါတယ်။ ပင်နတီ မပေးပေမယ့် ဟာရဲယားကို လှဲချတယ်ဆိုပြီး အ၀ါကတ်ပြတာကတော့ အနှေးပြကွက်ကို ကြည့်မယ်ဆိုရင် မန်ယူဘက်ကမကျေနပ်စရာဖြစ်ခဲ့ပါတယ်။ အဲ့လိုနဲ့ ပွဲပြီးသွားခဲ့ပြီး ချဲလ်ဆီးတို့ ချန်ပီယံဆီသို့ နီးနီးကပ်ကပ် ရောက်သွားခဲ့ပြီပဲဖြစ်ပါတော့တယ်။
ပွဲကို ခြုံပြီးသုံးသပ်ရမယ်ဆိုရင် မန်ယူဟာ အလယ်တန်းကို စီးနိုင်ခဲ့ပေမယ့် ရှေ့တန်းက ဖယ်ကာအိုကို လုံလောက်တဲ့ ပံ့ပိုးမှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ရှေ့နဲ့ အလယ်ကို ချိတ်ကစားတဲ့ ရွန်းနေလဲ ခြေမပေါ်ခဲ့ပါဘူး။ မော်ရင်ဟိုဟာ နောက်တန်းခံစစ်ကို လုံအောင် ကာတာထက် မန်ယူဘက်ကို ဘောလုံး ပေးကစားထားပြီး ပိုင်မှသာ အလျှင်အမြန် ပြန်တိုက်စစ် ဆင်တဲ့ပုံ ဖြစ်ခဲ့ပါတယ်။ ဒီ့အတွက် ကာဟေးတို့ နောက်တန်း တစ်သိုက်သာ ပင်ပန်းခဲ့ကြပြီး အော်စကာနဲ့ ဖာဘရီဂတ်နဲ့ ဟာဇတ်တို့ဆိုရင် တန်ပြန်တိုက်စစ်ဆင် တဲ့အချိန်မှသာ တွေ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကတော့ ချဲလ်ဆီးဆီမှာ 28% နဲ့ မန်ယူဆီမှာ 72% အထိရှိခဲ့ပါတယ်။
လီဗာပူလ်း နဲ့ မန်စီးတီး ပွဲတွေတုန်းက အလုပ်ဖြစ်ခဲ့တဲ့ အက်ရှေလေယန်းနဲ့ ဗလင်စီယာတို့ တောင်ပံတွေကလည်း သိပ်ပြီးတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ အလုပ်မဖြစ်ဘူးဆိုတာက တောင်ပံတွေထိ လိုက်ဖြတ်တာထက် 18 ကိုက်စီးနားထိ အ၀င်ခံပြီးမှ စုပြုံပြီးဖြတ်ထုတ်တာတွေက ချဲလ်ဆီးအတွက် အတော်အလုပ် ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ စတမ်းဖိုဒ့် ဘရေခ်ျ့မှာ သူဌေးမိုဗစ်ရဲ့ လက်သီးလက်မောင်းတန်းပြီး အောင်ပွဲခံမှုတွေနဲ့ အတူအပြာရောင်တွေသာ လွှမ်းခြုံသွားပါတော့တယ်။ ။
Football Cafe
No comments:
Post a Comment