Pages
▼
Sunday, April 19, 2015
ယူနိုက်တက် ရဲ့ ဘောလုံးပိုင်ဆိုင် မှု ၉၉% ရှိလည်း ကျွန်တော် တို့ဂရုမစိုက်ပါဘူး (မော်ရင်ညို)
ယူနိုက်တက် ရဲ့ ဘောလုံးပိုင်ဆိုင် မှု ၉၉% ရှိလည်း ကျွန်တော် တို့ဂရုမစိုက်ပါဘူး (မော်ရင်ညို)
ဧည့်သည် အသင်း သည် ဘောလုံးပိုင်ဆိုင်မှု ၇၀.၃ % ဖြင့် အသာစီးမှ ကစားခဲ့သော်လည်း ပထမပိုင်းမှာ အီဒင်ဟာဇက် သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ မော်ရင်ညို က လူးဝစ်ဗန်ဂါးလ် အသင်း ရဲ့ ကစားကွက် လွှမ်းမိုးချုပ်ကိုင်မှုကို လစ်လျူရှုခဲ့ပါတယ်။
ချယ်ဆီးနည်းပြ မော်ရင်ညို က မန်ယူကို ၁-၀ ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် မန်ယူအသင်းရဲ့ ကစားကွက်လွှမ်းမိုးချုပ်ကိုင်မှုကို ပူပန်မှု မရှိပါဘူး လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်း ဟာ ဘောလုံးပိုင်ဆိုင်မှု ၇၀% ထိ စိုးမိုးခဲ့ပေမဲ့ အီဒင်ဟာဇက် ရဲ့ ပထမပိုင်း မှာ သွင်းယူခဲ့တဲ့ တစ်ဂိုးတည်း ဖြင့် အနိုင်ရရှိခဲ့ပြီး ချယ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် ကို ၁၀ မှတ် ပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဘောလုံးပိုင်ဆိုင်မှု ကိန်းဂဏန်း အချက်အလက်များကို စိတ်အနှောင့်အယှက်မဖြစ်ဘူးလားလို့ စကိုင်းစပေါ့ က မေးသော အခါ """မဖြစ်ပါဘူး။ ဘယ်တော့မှမဖြစ်ပါဘူး၊ ဘယ်တော့မှမဖြစ်ပါဘူး၊ ပိုင်ဆိုင်မှု ခင်ဗျား ဘောလုံး ကို ဗျူဟာကျကျ ကစားမယ်လို့ ဆုံးဖြတ်ပြီး ရင် ခင်ဗျား အဲဒီ အခြေအနေ တွေကို ဂရုမစိုက်တော့ပါဘူး၊ ခင်ဗျား ရမှတ် တွေကိုပဲ ဂရုစိုက်တော့မှာပါ၊ ကျွန်တော်တို့ ဒီပွဲကို ဗျူဟာ ကျကျ ကစားခဲ့ပါတယ်၊ ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ခဲ့ပါတယ်၊ ကျွန်တော့်တို့ရဲ့ တချို့ အဓိက ကစားသမားတွေမပါဝင်နိုင်ခဲ့ပေမဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်၊ သူတို့ တွေ ကိုမမြင်ခဲ့ကြရပါဘူး၊ ကျွန်တော်တို့ ဇွဲရှိရှိနဲ့ တိုက်ပွဲဝင်ခဲ့ပါတယ်၊ လူတိုင်းက သူတို့ရဲ့ အလုပ်/တာဝန် တွေကို အာရုံစိုက်ခဲ့ကြပါတယ်၊ ခံစစ် ရဲ့ နေရာလွတ်တွေ က ကျွန်တော်တို့ အိပ်ကပ် ထဲက ကျွန်တော်တို့ အပိုင် တွေပါ၊ လူတွေ ဘာတွေးနေမလဲဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ဘောလုံးဟာ ကျွမ်းကျင် မှု နဲ့ နည်းဗျူဟာ ပေါင်းစပ်ထားတာပါ၊ အဲဒီ အရာ ကလည်း အရမ်းအရေးကြီးပါတယ်၊ ကျွန်တော်အဲဒါကို မြတ်နိုးပါတယ် (ဘောလုံးပိုင်ဆိုင် မှုမရှိပေမဲ့ အနိုင်ရရှိခဲ့တာကို)""" လို့ မော်ရင်ညို ကပြန်လည် ခြေပခဲ့ပါတယ်။
ချယ်ဆီး အသင်းဟာ ၁-၀ အနိုင်ရရှိခဲ့ပြီးနောက် ရလဒ် အနေနဲ့ နောက်ဆုံး ခြောက်ပွဲတွင် အမြင့်ဆုံး ရှစ် မှတ်ရရှိခဲ့မည်ဆိုရင် ချယ်ဆီးအသင်းသည် ပရီးမီးယားလိဂ် ဖလား ရရှိမည်ဖြစ်ပါတယ်။
ဆက်လက်ပြီး """ ကျွန်တော်အမြဲပြောနေကြစကားကိုပဲ ဆက်ပြောပါမယ်၊ ကျွန်တော်က အောင်နိုင်သူ ချန်ပီယံ တစ်ယောက်ဖြစ်ချင်တာပါ၊ ဒါနောက်ဆုံးပွဲဖြစ်ရင်၊ ဒါနောက်ဆုံးပွဲပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ အမှန်တယ် ရှစ်မှတ်လိုပါသေးတယ်၊ ဒါမှမဟုတ် ခြောက်ပွဲထဲ က ၂ ပွဲအနိုင်ရရှိဖို့ လိုပါတယ်။ အဲဒါဆိုရင် ကျွန်တော်တို့ အေးဆေးဖြစ်သွားပါပြီ၊ ကျွန်တော်တို့ ရီမီ၊ ကော်စတာ နဲ့ ဝီလျှံ တို့ပြန်အလာကိုစောင့်နေပါတယ်၊ ကျွန်တော်တို့ အကောင်းဆုံးအခြေအနေမှာ ဖြစ်ပါတယ်၊ဒါပေမဲ့ ကျွန်တော်တို့ ရဲ့ ခြေထောက်တွေ ကို မြေကြီးပေါ်မှာ ဆက်ရပ်နိုင်အောင် ဆက်ထိန်းထားရပါမယ်၊ အဲဒါကို ကျွန်တော့်တို့ လုပ်ပါမယ်""" လို့ မော်ရင်ညို ကပြောကြားခဲ့ပါတယ်။
#KS
Football Cafe
No comments:
Post a Comment