Pages

Saturday, April 4, 2015

ဘောလုံးပွဲများတွင် နည်းပညာ အသုံးပြုမှုများကို အလွန်အကျွံ မမှီခိုသင့်ဟု ဖာဂူဆန် ပြောကြား



ဘောလုံးပွဲများတွင် နည်းပညာ အသုံးပြုမှုများကို အလွန်အကျွံ မမှီခိုသင့်ဟု ဖာဂူဆန် ပြောကြား

ဘောလုံးပွဲများတွင် နည်းပညာပိုင်းကို အလွန်အကျွံ မှီခိုမှုမျိုး မဖြစ်အောင် ကြပ်မတ်သင့်ကြောင်း မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်က မှတ်ချက်ပြုခဲ့သည်။

ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း တွင်တွင်ကျယ်ကျယ် စတင်အသုံးပြုလာသည့် ဂိုးလိုင်း နည်းပညာသည် အငြင်းပွားဖွယ် အခြေအနေမျိုးတွင် ဂိုးဝင်မဝင် ဆုံးဖြတ်ရာ၌ ဒိုင်လူကြီးများကို ကြီးကြီးမားမား အကူအညီ အထောက်အပံ့ ပေးခဲ့သည်။ ယခုအခါ အငြင်းပွားဖွယ် အခြေအနေ တစ်မျိုးတွင် ဒိုင်လူကြီးများ TV အနှေးပြကွက် ပြန်ကြည့်ပြီး ဆုံးဖြတ်ရန် တောင်းဆိုမှုများ ရှိလာရာ ယင်းကိုမူ ဖာဂူဆန်က ဝေဖန်ခဲ့သည်။ ပွဲကစားနေစဉ် TVကို ပြန်ကြည့်နေခြင်းသည် ဘောလုံးပွဲ၏ အရှိန်အဟုန်ကို ထိခိုက်စေကြောင်း စကော့သားကြီးက ဆိုသည်။

“နည်းပညာကြောင့် ပွဲတွေကို အကောင်းဘက်က အထောက်အကူ ဖြစ်စေလိမ့်မယ်။ ဒါကို ကျွန်တော် ထောက်ခံတယ်။ ဒါပေမဲ့ နည်းပညာကို လွန်လွန်ကျွံကျွံ အသုံးပြုလို့တော့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ဒိုင်တွေရဲ့ လုပ်ပိုင်ခွင့်တွေ အများကြီးကို ပယ်ဖျက်လိုက်သလို ဖြစ်သွားလိမ့်မယ်။ ပြီးတော့ TV ပြန်ကြည့်နေရင် ပွဲက ရပ်လိုက်၊ ပြန်ကန်လိုက်၊ ရပ်လိုက်၊ ပြန်ကန်လိုက် ဖြစ်နေလိမ့်မယ်။ ဒါမျိုးက စိတ်ပျက်စရာပဲ။ ဘောလုံးပွဲမှာ ဒါမျိုး ဖြစ်နေလို့တော့ မရဘူးလေ”ဟု ဖာဂူဆန်က ထောက်ပြခဲ့သည်။

၎င်းက “ဂိုးလိုင်း နည်းပညာက ကောင်းပါတယ်။ ဒါပေမဲ့ အဲဒါနဲ့ပဲ ထားလိုက်ပါတော့။ ပြစ်ဒဏ်ဘောကိစ္စ၊ အဝါကတ်နဲ့ အနီကတ် ပြသင့်မပြသင့် ကိစ္စတွေပါ နည်းပညာကို မှီခိုဖို့ ပြောနေတာတွေ ရပ်လိုက်သင့်ပါတယ်။ ဒါတွေ ဖြစ်လာရင် အခြေအနေတွေက ပိုခက်ခဲလာလိမ့်မယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

No comments:

Post a Comment