Pages

Saturday, May 9, 2015

ခရစ္စတယ်လ်ပဲလေ့စ် နှင့် မန်ယူ ပွဲမတိုင်ခင် အခြေအနေများ



ခရစ္စတယ်လ်ပဲလေ့စ် နှင့် မန်ယူ ပွဲမတိုင်ခင် အခြေအနေများ

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲ ဆက်တိုက် ရှုံးနိမ့် ခဲ့တဲ့ နှစ်သင်း တွေ့ဆုံ နေသည့် ပွဲဖြစ်သလို တစ်ဂိုး မှ ဂိုးသွင်းယူ နိုင်ခဲ့ခြင်းမရှိတာလည်း တူညီနေပါတယ်။

ဒါပေမဲ့ ခရစ္စတယ်လ်ပဲလေ့စ် အသင်း ကတော့ တန်ဆင်းဇန် မှ အသင်းတွေ ထက် ၇ မှတ် အသာဖြင့် အမှတ်ပေးဇယား အလယ် အဆင့် ၁၂ မှာ စိတ်အေးလက်အေး နဲ့ ရပ်တည်နေပါတယ်။

ပဲလေ့စ် အသင်း ဟာ အလန်ပါဂျူး ကိုင်တွယ်ပြီး နောက် ၁၂ ပွဲ မှာ ၈ ပွဲ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပွဲတွေ ကို ချန်ပီယံလိဂ် နေရာအတွက် ပြိုင်ဆိုင်နေရတဲ့ မန်ယူ နဲ့ လီဗာပူးလ် အသင်းတို့ နဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းက အဆင့်လေးနေရာမှာ ရပ်တည်နေပြီး လီဗာပူးလ် အသင်းထက် ၄ မှတ် အသာရရှိနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၂ က မန်စီးတီး အသင်း ကို ၄ ဂိုးသွင်းယူခဲ့ပြီး နောက် တစ်ပွဲအနိုင်ရခဲ့ရင်တောင် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ သေချာသလောက်ရှိတယ်လို့ ထင်မြင်ခဲ့ကြပါတယ်။

သရဲနီတို့ အနေနဲ့ အမှတ် ရရှိ ဖို့ ဂိုးသွင်းယူနိုင်ဖို့ လိုအပ်နေပြီး ဗန်ပါစီ အနေ နဲ့လည်း ဂိုးသွင်းယူနိုင်ဖို့ ယံကြည်ချက် ရှိဖို့လိုနေပါတယ်။

နှစ်သင်းရဲ့ အခြေအနေများကို လေ့လာကြည့်ရင်—

- မန်ချက်စတာယူနိုက်တက် အသင်း ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲများတွင် ပဲလေ့စ် အသင်း ကို ရှုံးနိမ့် ဖူးသေးခြင်းမရှိပါဘူး။

- ပဲလေ့စ် အသင်း အနေနဲ့ ယခုရာသီ ပရီးမီးယားလိဂ် မှာ ရှုံးနိမ့် မှု အနေအထား ကနေ အနိုင်ရရှိ ခဲ့ပြီး အမြင့် ဆုံး ၁၈ မှတ် အထိ ရယူနိုင်ခဲ့ပါတယ်။

- မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၁၉၈၉ ခုနှစ်ကတည်း က ဂိုးသွင်းယူနိုင်ခြင်း မရှိပဲ သုံးပွဲဆက်တိုက် ရှုံးနိမ့် ခဲ့တာ ပထမဆုံးအကြိမ်ပါပဲ။

- ဂလင်း မာရေး အနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ရှစ်ပွဲမှာ ပဲလေ့စ် အသင်း သွင်းယူခဲ့တဲ့ ဂိုးများရဲ့ ၇၅% သွင်းယူပေးထားနိုင်ပါတယ်။

- မန်ယူ အသင်း ဟာ ဝက်စ်ဘရွန်း ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု ၇၉.၉% အထိ ပိုင်ဆိုင်ခဲ့ပြီး ယခုရာသီ မှာ တခြားအသင်းများထက် ဘောလုံးပိုင်ဆိုင်မှု အများဆုံးပွဲဖြစ်ခဲ့ပါတယ်။

- လင်းယုန် အသင်း ဟာ မန်ယူ နဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၉ ပွဲတိတိ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။

နှစ်သင်း ရဲ့ နောက်ဆုံးသတင်းများမှာ—


အလန်ပါဂျူး ဟာ အသင်းရဲ့ အဓိက ကစားသမားတွေကို ပြောင်းလဲခဲ့ပါတယ်၊ ဒါပေမဲ့ ပဲလေ့စ် အနေနဲ့ အသင်းခေါင်းဆောင် မိုင်လ် ဂျီဒီနက် နဲ့ ဂိုးသွင်းသူ ဂလင်းမာရေး တို့ကို ပြန်လည် အသုံးပြုသင့်တယ်လို့ဖေါ်ပြထားပါတယ်။

ဖေဖေါ်ဝါရီလ ကတည်းက ပါဝင်ခွင့်မရခဲ့ကြတဲ့ ဖရေဇာ ကမ်းဘဲလ် နဲ့ ချာမက် တို့ ပထမဆုံးအကြိမ် အဖြစ် နှစ်ယောက်စလုံး ဒါမှမဟုတ် တစယောက် စတင်ပွဲထွက်လာဖွယ်ရှိပါတယ်။


ဇာဟာ အနေ နဲ့ အသင်းဟောင်း နဲ့ ပွဲမှာ သက်သေပြနိုင်ဖို့ ကြိုးစားသွားဖို့ အခွင့်အရေး ရှိနေပါတယ်။

ပဲလေ့စ် အသင်း ရဲ့ ပွဲထွက်ဖွယ်ရှိတဲ့ ခန့်မှန်းခြေ ကစားသမားများမှာ

စပရိုနီ၊ ကယ်လ်လီ၊ ဒန်း၊ ဒီလာနေ၊ ဝါ့ဒ်၊ မက်အာသာ၊ ဘိုလာစီ၊ ဇာဟာ၊ ဂျီဒီနက်၊ မာရေး နဲ့ ဆာနိုဂို တို့ ပွဲထွက် လာဖွယ်ရှိပါတယ်။

မန်ယူ အသင်း ရဲ့ ဘယ်နောက်ခံလူ လုခ်ရှော အနေနဲ့ ပေါင်ခြံဒဏ်ရာမှ ပြန်လည်သက်သာလာပြီး ပွဲထွက်လာဖွယ်ရှိပါတယ်။ ဒါလေ့ဘလင့် အနေ နဲ့ ကွင်းလယ် ကို ပြောင်းရွှေ့ ကစားဖွယ်ရှိနေပြီး ကွင်းလယ်လူ မိုက်ကယ်ကားရစ် အနေနဲ့ ရာသီအကုန်အထိ ပါဝင်နိုင်တော့မည်မဟုတ်ကြောင်းသိရပါတယ်။

ရိုဂျို နဲ့ အီဗန် တို့ကို လည်း ပွဲထွက်ခွင့် အတွက် စဉ်းစားဖွယ်ရှိနေပေမဲ့ ပွဲကစားခွင့် အရေအတွက်မှာ နည်းပါးနေသေးပြီး ဖီးဂျုံး ကို တော့ ၂၁ နှစ်အောက် ပွဲမှာ ပါဝင်ကစားခဲ့ပြီးနောက် အသင်းကြီးသို့ ခေါ်ယူထားကြောင်းသိရပါတယ်။

အဖျားရောဂါ ကြောင့် အနားယူနေရသော ဂျိမ်းစ်ဝီလ်ဆင် သည်လည်းပြန်လည်ပါဝင်လာမည်ဖြစ်ပါတယ်။ရှေ့တန်း မှာ ရွန်းနီ နှင့် အတူ ဗန်ပါစီ ပွဲထွက်လာဖွယ်ရှိတယ်လို့သိရပါတယ်။

မန်ယူ အသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းမှာ-

ဒီဂီယာ၊ ဗလန်စီယာ၊ စမောလင်း၊ ဂျုံးစ်၊ လုခ်ရှော၊ ဘလင့်၊ ဟာရာယား၊ မာတာ၊ ယန်း၊ ရွန်းနီ နဲ့ ဗန်ပါစီ တို့ ပွဲထွက်လာဖွယ် ရှိတယ်လို့ သိရပါတယ်။

#KS

Football Cafe

No comments:

Post a Comment