Pages
▼
Sunday, May 3, 2015
လာမည့်ရာသီ အစ ပွဲစဉ်များကို လွဲချော်ဖွယ်ရှိတဲ့ ဆန်းချက်စ် (အာဆင်ဝင်းဂါး)
လာမည့်ရာသီ အစ ပွဲစဉ်များကို လွဲချော်ဖွယ်ရှိတဲ့ ဆန်းချက်စ် (အာဆင်ဝင်းဂါး)
အာဆင်ဝင်းဂါး က ချီလီသား သည် အက်ဖ်အေ ဖလား ဖိုင်နယ် ပွဲ ကို ကစားနိင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ လာမည့် ရာသီအစ ပွဲစဉ်များကို လွဲချော် မှာ ကိုတော့ စိုးရိမ်နေပါတယ်။
ချီလီက အိမ်ရှင်အဖြစ် ကျင်းပမည့် ကိုပါ အမေရိက ဖလားပွဲမှာ ဆန်းချက်စ် ကို အချိန်စောပြီး မခေါ်ဖို့ သဘောတူညီမှု ရှိခဲ့တယ် လို့ အာဆင်ဝင်းဂါး က ပြောကြားခဲ့ပါတယ်။
ဆန်းချက်စ် မေ ၃၀ မှာ ကစားမည့် အက်စတွန်ဗီလာ နဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲ ကို ပါဝင်နိုင်မည် ဖြစ်ပါတယ်။ ဒါပေမဲ့ ချီလီ အသင်း ပြိုင်ပွဲမှာ အောင်မြင်ဖို့ ဇူလိုင်လ ၄ ရက်နေ့ အထိ ပြိုင်ပွဲဝင်ရမည်ဖြစ်သဖြင့် လာမည့် ပရီးမီးယားလိဂ် ရာသီ အစ ပွဲများ ကို အကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။
"""သူတို့သာ နောက်ဆုံး အဆင့်ထိ ရောက်ခဲ့မယ်ဆိုရင် ဆန်းချက်စ် ဟာ ရာသီအစ ပွဲတွေကို လွဲချော်မှာပါ""" လို့ အာဆင်ဝင်းဂါး က ပြောကြားခဲ့ပါတယ်။
၂၆ နှစ်သား ဟာ အာဆင်နယ် အသင်း ရဲ့ ခြေစွမ်းအထက်ဆုံး ကစားသမားတွေထဲက အရေးပါတဲ့ကစားသမား တစ်ယောက်ဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားအပြီး ဘာကာ မှ ပေါင် ၃၂ သန်း ဖြင့် အာဆင်နယ် အသင်းသို့ ပြောင်းလာပြီးနောက် အသင်းအတွက် ၁၈ ဂိုး သွင်းယူပေးထားပါတယ်။
ကိုပါအမေရိက ဖလား သည် ဇွန် လ ၁၁ ရက်နေ့ စတင်မည် ဖြစ်ပြီး ၂၀၁၅/၂၀၁၆ ပရီးမီးယားလိဂ် သည် သြဂုတ် လ ၈ ရက်နေ့တွင် စတင်မည်ဖြစ်ပါတယ်။
#KS
Football Cafe
No comments:
Post a Comment