Pages

Thursday, May 7, 2015

ဆီးဂိမ်းတွင် ချန်ပီယံဖြစ်ရန် ရည်မှန်းထား ဟု မြန်မာ ယူ-၂၃ မန်နေဂျာ ဦးသန်းတိုးအောင် ပြော



ဆီးဂိမ်းတွင် ချန်ပီယံဖြစ်ရန် ရည်မှန်းထား ဟု မြန်မာ ယူ-၂၃ မန်နေဂျာ ဦးသန်းတိုးအောင် ပြော
Written by  ရွှေဘုတ်

မေ ၅၊ ရန်ကုန်။      ။ ၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်း ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် အထိ ရည်မှန်းထားသည် ဟု အသင်းမန်နေဂျာ ဦးသန်းတိုးအောင်က လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအပြီးတွင် ပြောသည်။ မြန်မာ ယူ-၂၃ အသင်းသည် ပြီးခဲ့သည့် မေလ ၆ ရက်တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၀င်မည့် မြန်မာ့လက်ရွေးစင်အသင်းကြီးနှင့် ခြေစမ်းကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီသရေကျခဲ့ သည်။

“ဆီမီးဖိုင်နယ်ရောက်ရမယ်ဆိုပြီးပြောသူတွေ ပြောခဲ့တာကို ကျွန်တော် ကန့်ကွက်ပါတယ်။ မြန်မာယူ၂၃ အသင်း အတွက် ဆီးဂိမ်းစ်ပစ်မှတ်က ချန်ပီယံဖြစ်ဖို့ ပါပဲ။ သူများတွေ ပြောနေကြသလို အုပ်စုတက်ဖို့လောက် သွားပြိုင်တာ မဟုတ်ပါဘူး။ အသင်းခြေစွမ်းကို အားရတယ်။ ကစားသမားတွေ အားထုတ်ကြိုးပမ်းမှု ကို ကျေနပ်တယ်။ ဒီထက်စုဖွဲ့မှု ပိုကောင်းရင် အချိန်ရလာရင် ဆီးဂိမ်းစ်မှာ အကောင်းဆုံးခြေစွမ်းရလာပါမယ်။ လက်ရှိအချိန် ကတော့ တရုတ်(တိုင်ပေ) သွား ကစားတုန်းကလောက် အသင်းက ဟန်ချက်မညီသေးဘူးလို့ သုံးသပ်ချင်ပါတယ် ”ဟု ဦးသန်းတိုးအောင်က ယူ-၂၃ အသင်းနှင့်ပတ်သက်၍ သူ၏အမြင် ကိုပြော သည်။

မြန်မာ ယူ-၂၃ အသင်းသည် လက်ရှိတွင် ပဏာမကစားသမား ၂၃ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ဂျပန်နိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် ဂျပန်ဘောလုံး အဖွဲ့ချုပ်နှင့် ညှိနှိုင်းလျက်ရှိကာ မေလ ၂၂ ရက်တွင်လည်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ၌ ဗီယက်နမ် ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားသည်။

Mizzima

No comments:

Post a Comment