Pages
▼
Saturday, May 9, 2015
နီပေါငလျင်ဒုက္ခသည်များအား စီရော်နယ်ဒို ပေါင် ၅ သန်းလှူဒါန်း
နီပေါငလျင်ဒုက္ခသည်များအား စီရော်နယ်ဒို ပေါင် ၅ သန်းလှူဒါန်း
Written by အောင်ငြိမ်းသွေး
ပြင်သစ်၊ မေ ၉။ ။ ရီးယဲလ်မက်ဒရစ်အသင်းမှ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုသည် နီပေါငလျင် ဒုက္ခသည်များအား အလှူငွေ ပေါင် ၅ သန်း လှူဒါန်းခဲ့ကြောင်း ပြင်သစ်အားကစား မဂ္ဂဇင်း So Foot က ရေးသားမှုကို ကမ္ဘာ့မီဒီယာများက ဖော်ပြလျက်ရှိသည်။
နီပေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူပေါင်း ၈၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ၁၆၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
အသက် ၃၀ အရွယ်ရှိ စီရော်နယ်ဒိုသည် ကမ္ဘာတစ်ဝှမ်း ချို့တဲ့သူများကို ကူညီပေးလျက်ရှိသည့် ပရိဟိတအဖွဲ့ Save the Children မှတစ်ဆင့် နီပေါဒုက္ခသည် များသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု So Foot က ရေးသားသည်။ ငလျင်ကြီးလှုပ်ပြီးစကလည်း စီရော်နယ်ဒိုသည် ပရိသတ်ပေါင်း သန်း ၁၀၀ ကျော်ရှိသည့် ၎င်း၏ facebook စာမျက်နှာမှတစ်ဆင့် နီပေါငလျင်ဒုက္ခသည်များကို လှူးဒါန်းကြရန် တိုက်တွန်းခဲ့သည်။
ယခုကဲ့သို့ လှူဒါန်းမှု ပြုလုပ်ခြင်းသည် စီရော်နယ်ဒိုအတွက် ပထမဆုံးမဟုတ်ပေ။ ပြီးခဲ့သည့်နှစ်ကလည်း ၁၀ လအရွယ် ကလေးငယ်တစ်ဦး ဦးနှောက်ပိုင်းဆိုင် ရာခွဲစိတ်ကုသမှုအတွက်လည်း လှူဒါန်းခဲ့သည်။
စီရော်နယ်ဒိုသည် ၂၀၀၄ ခုနှစ်ကလည်း ဆူနာမီမုန်တိုင်းဒဏ်ခံခဲ့ရသည့် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး လှူဒါန်းမှုများပြုလုပ်ခဲ့သည်။
Ref: Daily Mail
Mizzima
No comments:
Post a Comment