Pages
▼
Thursday, May 7, 2015
ကမ္ဘာ့တန်ဖိုး အကြီးဆုံး ဘောလုံးကလပ် အဖြစ် ရီးယဲလ်ရပ်တည်
ကမ္ဘာ့တန်ဖိုး အကြီးဆုံး ဘောလုံးကလပ် အဖြစ် ရီးယဲလ်ရပ်တည်
ကမ္ဘာပေါ်တွင် တန်ဖိုး အကြီးဆုံး ဘောလုံး ကလပ်များ စာရင်းတွင် ရီးယဲလ်မက်ဒရစ် အသင်းက ဆက်လက်ဦးဆောင် ရပ်တည်နေကြောင်း သိရှိရသည်။
လက်ရှိ ဥရောပ ချန်ပီယံ အသင်းသည် စစ်တမ်းမဂ္ဂဇင်း Forbes၏ စာရင်းအရ တန်ကြေး ပေါင်စတာလင် (၂.၁၃)ဘီလျံမျှထိ ရှိနေသည်။ ၎င်းတို့၏ စပိန်ပြိုင်ဘက် ဘာစီလိုနာကမူ ပေါင်စတာလင် (၂.၀၇)ဘီလျံ တန်ကြေးရှိပြီး ဒုတိယ နေရာမှ ရပ်တည်လျက် ရှိသည်။ မန်ချက်စတာ ယူနိုက်တက်ကမူ တန်ကြေး ပေါင်စတာလင် (၂.၀၃)ဘီလျံဖြင့် တတိယ နေရာတွင် ရှိနေပြီး အင်္ဂလန် ကလပ်များအနက် တန်ကြေး (၁)ဘီလျံအထက်ရှိသည့် တစ်ခုတည်းသော အသင်းအဖြစ် စာရင်းဝင်ခဲ့သည်။
ကမ္ဘာပေါ်တွင် တန်ကြေးအမြင့်ဆုံး ထိပ်တန်း(၁၀)သင်းတွင် အင်္ဂလန်ကလပ် အရေအတွက်က ထက်ဝက်ထိ ပါဝင်ပြီး အများဆုံး ဖြစ်နေသည်။ စပိန်တွင် ရီးယဲလ်နှင့် ဘာစီလိုနာတို့သာ ပါဝင်ပြီး ဂျာမနီမှ နှစ်သင်းနှင့် အီတလီမှ နှစ်သင်းတို့လည်း အသီးသီး စာရင်းဝင်ခဲ့သည်ကို တွေ့ရသည်။ ထိပ်ဆုံး အသင်း(၂၀) စာရင်းတွင်မူ နောက်ထပ် အင်္ဂလန် (၃)သင်းဖြစ်သည့် တော့တင်ဟမ် ဟော့စပါး၊ နယူးကာဆယ်လ် ယူနိုက်တက်နှင့် ဝက်စ်ဟမ်း ယူနိုက်တက်တို့ပါ ပါဝင်လာသည်။ Forbes မဂ္ဂဇင်း၏ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ထိပ်တန်းကလပ် (၁၀)သင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ရီးယဲလ်မက်ဒရစ် – ပေါင်(၂.၁၃)ဘီလျံ
၂။ ဘာစီလိုနာ – ပေါင်(၂.၀၇)ဘီလျံ
၃။ မန်ချက်စတာယူနိုက်တက် – ပေါင်(၂.၀၃)ဘီလျံ
၎။ ဘိုင်ယန်မြူးနစ် – ပေါင်(၁.၅၄)ဘီလျံ
၅။ မန်ချက်စတာစီးတီး – ပေါင်(၉၀၅)သန်း
၆။ ချယ်လ်ဆီး – ပေါင်(၈၉၈)သန်း
၇။ အာဆင်နယ် – ပေါင်(၈၅၉)သန်း
၈။ လီဗာပူးလ် – ပေါင်(၆၄၄)သန်း
၉။ ဂျူဗင်းတပ်စ် – ပေါင်(၅၄၉)သန်း
၁၀။ အေစီမီလန် – ပေါင်(၅၀၈)သန်း
Soccer Myanmar
No comments:
Post a Comment