Pages

Saturday, May 2, 2015

ကိုပါ အမေရိက ဖလား ပြိုင်ပွဲ အတွက် ဒွန်ဂါ ရဲ့ အသစ်တည်ဆောက် မည့် အသင်း မှာ ပါဝင်ခွင့်ရရန် ကာကာ ပစ်မှတ်ထားနေ



ကိုပါ အမေရိက ဖလား ပြိုင်ပွဲ အတွက် ဒွန်ဂါ ရဲ့ အသစ်တည်ဆောက် မည့် အသင်း မှာ ပါဝင်ခွင့်ရရန် ကာကာ ပစ်မှတ်ထားနေ

ကမ္ဘာ့အကောင်းဆုံး ဆုရကစားသမား ဟောင်း ကာကာ သည် ဇွန်လတွင်ကျင်းပမည်ဖြစ်သော ကိုပါအမေရိက ဖလား ပွဲအတွက် ပြန်လည်ပြင်ဆင်နေသည့် ဘရာဇီးအသင်းအတွက် ပါဝင်ကစားသွားလိုကြောင်း ပြောကြားခဲ့ပါတယ်။

၃၃ နှစ်သား သည် ယခုအခါ မေဂျာလိဂ် အော်လန်ဒို စီးတီး အသင်းမှာ ကစားနေပါတယ်။ ဘရာဇီးလ် အသင်းဟာ ပြီးခဲ့သည့် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် တွင် ဂျာမနီ ကို ၇-၁ ဖြင့် ရုံးနိမ့်ခဲ့ပါတယ်။

ယခုအချိန် မှာ နည်းပြ စကိုလာရီ ထွက်ခွာသွားပြီးနောက် ဒွန်ဂါ က ဘရာဇီးအသင်း ကို နည်းပြနေပြီး ကာကာ က အဓိက ကစားသမားအနေ နဲ့ ပြန်လည်အရွေးချယ်ခံရဖို့ မျှော်လင့်နေပါတယ်။

"""ဒွန်ဂါ က သာ ကျွန်တော့် ကို အသင်းအတွက် သင့်တော်တယ် လို့ တွေးခဲ့ရင် ကျွန်တော်အဆင်သင့်ပါပဲ""" လို့ ကာကာ ကပြောကြားခဲ့ပါတယ်။

"""ကျွန်တော် ဘရာဇီး အသင်းအတွက်ခုချိန်ထိကစားပေးနိုင်တုန်း လို့ ထင်ပါတယ်၊ ကျွန်တော့် ရဲ့ကျွမ်းကျင်မှု နဲ့အတွေ့အကြုံတွေ က အသင်းကို ကူညီ နိုင်ပါလိမ့်မယ်၊ ဒါပေမဲ့ အဲဒါက ကျွန်တော့်အပေါ်မှာ မူတည်မနေပါဘူး""" လို့ ကာကာ က ပြောကြားခဲ့ပါတယ်။

ဘရာဇီးလ် အသင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ က ဂျာမနီ ကို သမိုင်းဝင်ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမဲ့ ဆမ်ဘာ အသင်းဟာ ဒွန်ဂါ ရဲ့ လက်အောက်မှာ နိုင်ငံတကာခြေစမ်းပွဲ ၈ ပွဲအနိုင်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ က ကာကာ ဟာ ၂ ပွဲ လူစားလဲ အနေနဲ့ ပါဝင် ကစားခဲ့ပြီး အာဂျင်တီးနား နဲ့ ဂျပန် အသင်း တို့ကို အနိုင်ရရှိခဲ့ပါတယ်။

အေစီမီလန် နဲ့ ရီးရဲမက်ဒရစ် ကစားသမားဟောင်း က ဒွန်ဂါ ရဲ့ ဘရာဇီးလ် အသင်းဟာ အနာဂတ်မှာ ပြန်လာနိုင်လိမ့်မယ် လို့ပြောကြားခဲ့ပါတယ်။

"""ပြီးခဲ့တဲ့ ကမ္ဘာ့ ဖလား မှာ ကျွန်တော်တို့ ယုံကြည်မှုတွေပျောက်ဆုံးခဲ့ပါတယ်၊ ဒါပေမဲ့ ယခု အချိန် မှာ ဒွန်ဂါ ဟာ အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်နေပါတယ်""" လို့ ကာကာ က ဘီဘီစီ သို့ ပြောကြားခဲ့ပါတယ်။

၂၀၁၅ ကိုပါ အမေရိက ဖလား ပြိုင်ပွဲ ကို ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင် ၄ ရက်နေ့အထိ ချီလီ မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ၁၂ သင်း ပါဝင် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်မည့် ဥရုဂွေး အသင်းလည်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဒွန်ဂါ ဟာ ၂၀၁၀ ကမ္ဘာ့ ဖလား ကွာတား ဖိုင်နယ် အထိ ဘရာဇီး အသင်း ကို ဦးဆောင်ခဲ့ပြီးနောက် ယခုအခါ ဒုတိယအကြိမ်မြောက် ကိုင်တွယ်တာဖြစ်ပါတယ်။

ဒွန်ဂါ ဟာ ၁၉၉၄ ကမ္ဘာ့ဖလား ချန်ပီယံ ဘရာဇီးလ် အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။

#KS

Football Cafe

No comments:

Post a Comment