Pages

Saturday, May 2, 2015

မိမိကြောင့် ပေါ့ဘာ ယူနိုက်တက် က ထွက်ခွာသွားတာဖြစ်နိုင်ပါတယ် (ပေါ်စခိုးလ်)



မိမိကြောင့် ပေါ့ဘာ ယူနိုက်တက် က ထွက်ခွာသွားတာဖြစ်နိုင်ပါတယ် (ပေါ်စခိုးလ်)

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် ကစားသမား ပေါ်စခိုးလ် က ၂၀၁၂ ခုနှစ် က သူ ယူနိုက်တက် အသင်းသို့ ပြန်လာသောကြောင့် ပေါ့ဘာ ဂျူဗင်တပ်အသင်း သို့ ပြောင်းရွှေ့သွားတာဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

၂၂ နှစ်သား ပေါ့ဘာ ဟာ မန်ယူ ကို ၂၀၀၉ ခုနှစ် က ရောက်ရှိလာခဲ့ပြီး မန်ယူ ပထမ အသင်းကြီး မှာ ၃ ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် က ဂျူဗင်တပ်စ် အသင်း ကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ ထွက်ခွာသွားခဲ့ပါတယ်။

ပေါ့ဘာ ဟာ ဂျူဗင်တပ်စ် သို့ ပြောင်းရွှေ့ခဲ့ပြီး အလျှင် အမြန် ပဲ ကမ္ဘာ့ အဆင့် ကွင်းလယ် ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီး ဂျူဗီ အတွက် ၁၂၂ ပွဲ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။

ပြင်သစ် ကွင်းလယ်လူ ဟာ လာမည့် နွေရာသီ မှာ တူရင် မှ ထွက်ခွာဖွယ် ရှိတယ်လို့ ခန့်မှန်းရပြီး ချယ်ဆီး၊ မန်စီးတီး၊ ရီးရဲ၊ ဘာကာ နဲ့ ပီအက်စ်ဂျီ အသင်းကြီးများ က မြင့်မားတဲ့ ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေကြပါတယ်။

အင်ဒီပန်းဒန့် သတင်းတွင် ပေါ်စခိုး က ၂၀၁၂ ခုနှစ်မှာ သူ အနားယူ နေရာကနေ အသင်း ရဲ့ အစိတ်အပိုင်း အချို့အတွက် ပါဝင်ကစားပေးဖို့ဆုံးဖြတ်ခဲ့တာကြောင့် ပေါ့ဘာ က ပရီးမီးယားလိဂ် ကနေ တူရင် သို့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ် လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

""" အမှန်ကန်ဆုံးအခြေအနေအတွက် ရွေးချယ်ဖို့ပေးခဲ့ပါတယ်၊ ယူနိုက်တက် က သူ့ ကို အသင်းမှာ ဆက်ထိန်းသိမ်းထားလိုပါတယ်၊ ဒါပေမဲ့ သူထွက်ခွာသွားခဲ့ပါတယ်၊ ကျွန်တော် နောက် ဆုံး ၁၈ လ ပြန်မလာခဲ့ဘူးဆိုရင်တော့ ကွဲပြားခြားနား ပါလိမ့်မယ်၊ ကျွန်တော် ပြန်လာ တာက ပေါ့ဘာ အတွက် ကစားခွင့် အချိန်နည်းသွားစေခဲ့တယ် လို့ ကျွန်တော်ထင်တယ်၊ ယူနိုက်တက် အသင်းဘက် ကနေကြည့်ရင်လည်း ငယ်ရွယ်တဲ့ ကစားသမား တစ်ယောက် ကို အမြင့်ဆုံး အဆင့်ပြိုင်ပွဲဖြစ်တဲ့ အသင်းကြီးရဲ့ ပထမဦးစားပေးနေရာကနေ ပွဲထွက်ခွင့် ပေးဖို့ဆိုတာ ခက်ခဲပါတယ်၊ အဲဒီ အခြေအနေတွေကပဲ သူ့ကို ယူနိုက်တက် အသင်းကနေ အဝေး ကို ထွက်ခွာသွားစေခဲ့တာ ဖြစ်တယ်""" လို့ ပေါ်လ်စခိုးလ် က ပြောကြားခဲ့ပါတယ်။

#KS

Football Cafe

No comments:

Post a Comment