Pages
▼
Sunday, May 10, 2015
မေလ ၁၁ရက်တွင် မြန်မာယူ-၂၀အသင်းနှင့် ယူ-၂၃ အသင်း တို့ခြေစမ်းပွဲ ကစားမည်
မေလ ၁၁ရက်တွင် မြန်မာယူ-၂၀အသင်းနှင့် ယူ-၂၃ အသင်း တို့ခြေစမ်းပွဲ ကစားမည်
Written by ရဲရင့်ဋ္ဌေး
မေ ၉၊ ရန်ကုန်။ ။ ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၀အသင်းနှင့် စင်ကာပူဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင် မည့် မြန်မာယူ-၂၃ အသင်းတို့ မေလ ၁၁ ရက်တွင်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
အဆိုပါခြေစမ်းပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် မေလ ၁၁ ရက် ညနေ ၆း၀၀နာရီအချိန်၌ ယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြားမှ တစ်နိုင်ငံလုံး ကို တိုက်ရိုက် ထုတ်လွှင့်ပြသ မည်ဖြစ်သည်။
ခြေစမ်းပွဲကစားမည့် အခြေအနေနှင့်ပတ်သက်ပြီး ယူ-၂၀အသင်းနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်ခ်ျက “ကျွန်တော့်အနေနဲ့ ဒီခြေစမ်းပွဲကို မကစားချင်ပါဘူး။ ပြိုင်ပွဲရက်နဲ့ကပ်နေတဲ့အတွက်ကစားသမားတွေ ဒဏ်ရာရမှာ စိုးရိမ်ပါတယ်။ နှစ်ဖက်နည်းပြတွေ ညှိုနှိုင်းပြီး ကစားသမားတွေဒဏ်ရာမရအောင် ကစားမှာပါ။” ဟု ပြောသည်။
မြန်မာယူ-၂၃အသင်းနည်းပြချုပ် ဦးကြည်လွင်ကလည်း “ယူ-၂၃အသင်းက AFC Cup အတွက် ကစားသမားတွေကို ကလပ်အသင်းတွေဆီပြန်လွှတ်နေရလို့ လူစုံမလေ့ကျင့်နိုင်သေးဘူး။ မေလ ၅ ရက်ကမှ လူပြန်စုံတာပါ။ ယူ-၂၀အသင်းနဲ့ ကစားဖို့ အသင့်မဖြစ်သေးပါဘူး။” ဟုဆိုသည်။ မြန်မာယူ-၂၀အသင်းနှင့် ယူ-၂၃အသင်းခြေစမ်းပွဲအတွက် လက်မှတ်ဈေးနှုန်းများကို အထူးတန်း ၁၀၀၀ကျပ်၊ ရိုးရိုးတန်း ၅၀၀ကျပ် သတ်မှတ်ထားသည်။
မြန်မာယူ-၂၀အသင်းမှာ ယင်းခြေစမ်းပွဲအပြီးတွင် သြစတြေးလျနိုင်ငံသို့ သွားရောက်နေထိုင်လေ့ကျင့်မည် ဖြစ်ပြီး မြန်မာယူ-၂၃အသင်းမှာလည်း ဗီယက်နမ်၊ ထိုင်းနိုင်ငံများသို့သွားရောက်နေထိုင်လေ့ကျင့်ရန် စီစဉ်ထားသည်။
Mizzima
No comments:
Post a Comment