ဟယ်ရီကိန်း ရဲ့ အနာဂတ်အပြောင်းအရွှေ့ အတွက် ကင်းထောက်များချထားသည့် ဘာကာ
တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီးကိန်း ကိုခေါ်ယူရန် ဘာစီလိုနာအသင်းက စောင့်ကြည့်နေတယ်လို့ သတင်းများတွင်ဖေါ်ပြနေပါတယ်။
ကတ်တလန် အသင်းဟာ လက်ရှိအချိန်မှာတော့ ကစားသမားခေါ်ယခွင့် ပိတ်ပင်ခံထားရပြီး လာမည့် ၂၀၁၆ ဇန်နဝါရီ မှ ကစားသမား ခေါ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။
စပိန်သတင်းစာ များ က ကိန်းသည် ဘာစီလိုနာ ရဲ့ ပစ်မှတ်ကစားသမားဖြစ်ပြီး ပြီးခဲ့သည့်လများကတည်းက ကိန်းကစားသည့်ပွဲများကို စောင့်ကြည့်ရန် ကင်းထောက်များစေလွတ်ထားတယ်လို့ ဖေါ်ပြနေကြပါတယ်။
ဘာကာ အသင်း က အင်္ဂလန်ကစားသမား ကို စောင့်ကြည့်နေပြီး အနာဂတ်တွင် ကိန်း ကို ဘာကာအသင်းတွင် မြင်တွေ့ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
#KS
Football Cafe
No comments:
Post a Comment