Pages
▼
Thursday, June 18, 2015
ကစားသမား အသစ်တွေနဲ့ ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင် ခဲ့ခြင်းကြောင့် ဂုဏ်ယူသည်ဟု ယူ ၂၃ အသင်းခေါင်းဆောင် ပြောကြား
ကစားသမား အသစ်တွေနဲ့ ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင် ခဲ့ခြင်းကြောင့် ဂုဏ်ယူသည်ဟု ယူ ၂၃ အသင်းခေါင်းဆောင် ပြောကြား
ကစားသမား အသစ်တွေနဲ့ စင်ကာပူ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အထိ ရောက်ခဲ့တာကြောင့် ဂုဏ်ယူ မိတယ်လို့ မြန်မာ ယူ၂၃အသင်း ခေါင်းဆောင် နေလင်းထွန်းက ပြောပါသည်။
နေလင်းထွန်းဟာ မြန်မာ ယူ၂၃အသင်း ကွင်းလယ်မှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး စင်ကာပူ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ တစ်လျှောက် သွင်းဂိုး သုံးဂိုး သွင်းယူကာ ဒုတိယ သွင်းဂိုး အများဆုံး အဖြစ် ရပ်တည်နိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး Football Channel Asia က ရွေးချယ်တဲ့ အကောင်းဆုံး ၁၁ယောက်တွင်လည်း ပါဝင်သူ တစ်ဦးဖြစ်ပါတယ်။
“ကျွန်တော်တို့ လူသစ်တွေနဲ့ အခုလို ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားပြီး ဗိုလ်လုပွဲ အထိ ရောက်ခဲ့တဲ့ အတွက် ဂုဏ်ယူမိပါတယ်။ ပရိသတ် လိုချင်တဲ့ ရွှေမရလို့ ဝမ်းနည်းမိ ပေမယ့် အချိန်တိုလေး အတွင်း စုစည်းပြီး ကစားနိုင်ခဲ့တဲ့ အတွက် ပိုလို့တောင် ၀မ်းသာမိပါ တယ်” လို့ မြန်မာ ယူ၂၃ အသင်း ခေါင်းဆောင်နေလင်းထွန်းက ပြောပါသည်။ ဒါ့အပြင် နေလင်းထွန်းဟာ ဧရာဝတီ ယူနိုက်တက် ဘောလုံး အသင်းရဲ့ အားထားရတဲ့ အဓိက ကွင်းလယ်လူ တစ်ဦးလည်း ဖြစ်ပါသည်။
Soccer Myanmar
No comments:
Post a Comment