Pages

Monday, June 22, 2015

အာဆင်နယ်သို့ ဆက်ခ်ျပြောင်းရွှေ့ဖြစ်ရန် ပိုမိုနီးစပ်လာ



အာဆင်နယ်သို့ ဆက်ခ်ျပြောင်းရွှေ့ဖြစ်ရန် ပိုမိုနီးစပ်လာ

အာဆင်နယ် အသင်းသို့ ပီတာဆက်ခ်ျ ပြောင်းရွှေ့ ရောက်ရှိရေးသည် တစ်စထက် တစ်စ ပိုမို ရုပ်လုံးပေါ် နီးစပ်လာကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

Sky Sportsက အသက်(၃၃)နှစ်ရှိ ချက်လက်ရွေးစင်သည် ချယ်လ်ဆီးကို စွန့်ခွာပြီး လန်ဒန် မြို့ခံပြိုင်ဘက် အသင်းထံ ကူးပြောင်းရန်အတွက် ပြောင်းရွှေ့ကြေးကိစ္စ အဆင်ပြေရန်သာ စောင့်ဆိုင်းနေရတော့ကြောင်း ဖော်ပြခဲ့သည်။ ဆက်ခ်ျသည် အာဆင်နယ်နှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ကြိုတင် ရယူ ထားသော်လည်း ကလပ်အသင်း နှစ်ခုကြား ကစား သမား၏ ပြောင်းရွှေ့ကြေး အတွက် အကြိတ်အနယ် ဆက်လက် ညှိနှိုင်းနေရဆဲဟု ဆိုသည်။ ထို့အပြင် ပြောင်းရွှေ့ကြေးအတွက် ချယ်လ်ဆီးက ငွေသားသက်သက်၊ သို့မဟုတ် အင်္ဂလန် ငယ်မွေးခြံပေါက် စံနှုန်းသတ်မှတ်ချက် စာရင်းဝင် ကစားသမား တစ်ဦးဦးကို အလိုက်ပေး တောင်းဆိုမှု ရှိမရှိ ဆိုသည်ကိုမူ တိတိကျကျ မသိရသေးချေ။

ဆက်ခ်ျသည် ချယ်လ်ဆီးတွင် ဆယ်စုနှစ် တစ်ခုမျှ ဦးစားပေး ဂိုးသမားအဖြစ် ရှိခဲ့သော်လည်း ပြီးခဲ့သည့်ရာသီတွင် ဘယ်လ်ဂျီယံ လူငယ်လက်တက် သီဘောက် ကော်တွိုက်စ် ရောက်ရှိလာသည့်နောက် အရန်အဖြစ်သာ သတ်မှတ် ခံခဲ့ရသည်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ထိပ်တန်း ဂိုးသမား တစ်ဦးကို အလိုရှိနေရာ ပရီးမီးယားလိဂ် အတွေ့အကြုံ အလွန်ပြည့်ဝ ရင့်ကျက်နေသည့် ဆက်ခ်ျကို ချိတ်ဆက်လာခြင်း ဖြစ်သည်။ ဆက်ခ်ျအနေဖြင့် အာဆင်နယ်နှင့် နီးစပ်နေသည့်တိုင် ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုကမူ ပြည်တွင်းပြိုင်ဘက်ထက် ပြင်သစ်ကလပ် PSGကို ဆက်ခ်ျအနေဖြင့် ရွေးချယ်ရန် ပိုမို လိုလားနေကြောင်းလည်း သိရှိရသည်။

Soccer Myanmar

No comments:

Post a Comment