Pages

Sunday, June 21, 2015

ဂျူဗင်တပ်စ်တွင် ပေါ့ဂ်ဘာ ဆက်ရှိနေရန် လိုအပ်ကြောင်း အယ်လီဂရီ ပြောကြား



ဂျူဗင်တပ်စ်တွင် ပေါ့ဂ်ဘာ ဆက်ရှိနေရန် လိုအပ်ကြောင်း အယ်လီဂရီ ပြောကြား

ယခုထက် ခြေစွမ်း ပိုမို တိုးတက်မှုရှိစေရန် အတွက် ကွင်းလယ် ကစားသမား ပေါလ်ပေါ့ဂ်ဘာ အနေဖြင့် ဂျူဗင်တပ်စ်တွင် ဆက်ရှိနေရန် လိုအပ်ကြောင်း မက်စီမီလီယာနို အယ်လီဂရီက ပြောကြားလိုက်သည်။

အသက် ၂၂ နှစ်အရွယ် ပြင်သစ် လက်ရွေးစင် ကစားသမားကို နွေရာသီ အပြောင်းအရွှေ့တွင် ခေါ်ယူရန် ဘာစီလိုနာနှင့် ရီးယဲမက်ဒရစ်တို့က အပြိုင်စိတ်ဝင်စားနေကြသလို မန်ချက်စတာစီးတီးနှင့် ပီအက်စ်ဂျီတို့ကလည်း ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ကြသည်။

သို့သော်လည်း အယ်လီဂရီက ဂျူဗင်တပ်စ် အနေဖြင့် ပြင်သစ် လက်ရွေးစင် ကစားသမားကို ရောင်းချရန် မလိုအပ်သေးကြောင်းနှင့် ပေါ့ဂ်ဘာအနေဖြင့် အီတလီတွင် ဆက်ကစားရန် ဆန္ဒရှိကြောင်း ဆိုခဲ့သည်။

“အသင်းအနေနဲ့ ပေါ့ဂ်ဘာကို ရောင်းချဖို့ မလိုအပ်ပါဘူး။ ဒါက ကစားသမားရဲ့ဆန္ဒအပေါ်မှာ မူတည်ပါတယ်။ ကျွန်တော် သူနဲ့ စကားပြောကြည့်တော့ ကျွန်တော် ပျော်ရွှင်ခဲ့ရပါတယ်။ သူက ငယ်ရွယ်တဲ့ ကစားသမားပါ။ ခြေစွမ်းပိုမိုတိုးတက်လာဖို့အတွက် ဂျူဗင်တပ်စ်မှာ ဆက်နေဖို့လိုပါတယ်။ ဂျူဗင်တပ်စ်က ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းပါ။ ဥရောပက အခြားထိပ်တန်းအသင်းတွေနဲ့လည်း ယှဉ်နိုင်ပါတယ်” ဟု အယ်လီဂရီက ပြောကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment