Pages

Saturday, June 27, 2015

ဆက်ခ်ျကို ရက်ပိုင်းအတွင်း အာဆင်နယ် စာချုပ်ခေါ်ယူနိုင်ဖွယ်ရှိ



ဆက်ခ်ျကို ရက်ပိုင်းအတွင်း အာဆင်နယ် စာချုပ်ခေါ်ယူနိုင်ဖွယ်ရှိ

လာမည့်ရက်ပိုင်း အတွင်း ပီတာဆက်ခ်ျ အနေဖြင့် ဆေးစစ်မှု ခံယူပြီး အာဆင်နယ်နှင့် စာချုပ်ဖြစ်ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဆက်ခ်ျသည် ချယ်လ်ဆီးတွင် ဆယ်စုနှစ် တစ်ခုကျော် ကစားပြီးနောက် ယခုနွေရာသီတွင် မြို့ခံ လန်ဒန်ပြိုင်ဘက်များထံ ပြောင်းရွှေ့ရန် သေချာသလောက် ရှိနေပြီဟု သိရသည်။ ပြီးခဲ့သည့် ရာသီက ဘယ်လ်ဂျီယံ လူငယ်လက်တက် ဂိုးသမား သီဘောက်ကော်တွိုက်စ် အသင်းသို့ ရောက်လာပြီး အရန်လူအဖြစ် ပြောင်းလဲ သတ်မှတ်ခံရသည့်နောက် ဆက်ခ်ျသည် ချယ်လ်ဆီးကို စွန့်ခွာရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။ ချက်လက်ရွေးစင် ဂိုးသမားသည် အာဆင်နယ်နှင့် ပုဂ္ဂိုလ်ရေး သဘောတူညီချက်များ ကြိုတင်ရရှိထားပြီး ကလပ်အသင်းနှစ်ခု ဆွေးနွေးမှုမှာလည်း အပြီးသတ်လုပြီဟု ယုံကြည်ရသည်။

အသက်(၃၃)နှစ်ရှိ ဆက်ခ်ျကိုသာ လက်တွေ့ ခေါ်ယူနိုင်ခဲ့မည် ဆိုပါက ဝေါ့ဆစ်ခ်ျ ဆက်ဇနီနှင့် ဒေးဗစ်အော့စ်ပီနာတို့၏ စွမ်းဆောင်ရည်ကို အားမရဘဲ ဖြစ်နေသည့် အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးအတွက် ကျေနပ်စရာ အားဖြည့်မှု ဖြစ်လာဖွယ်ရှိသည်။ အာဆင်နယ်နှင့် ချယ်လ်ဆီးတို့သည် ဝါရင့် ဂိုးသမားအတွက် ပြောင်းရွှေ့ကြေးကို ညှိနှိုင်းနေဆဲဖြစ်ပြီး ပေါင်စတာလင် (၁၁)သန်းမျှထိ ဈေးနှုန်း ကျသင့်ဖွယ်ရှိကြောင်း သတင်းထွက်လျက် ရှိသည်။ ဆက်ခ်ျသည် (၂၀၀၄)ခုနှစ်တွင် ပြင်သစ်ကလပ် ရိန်းစ်မှ ချယ်လ်ဆီးသို့ ရောက်ရှိလာပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု (၄)ကြိမ်၊ FAဖလား၊ ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားများ ဆွတ်ခူးရယူနိုင်ခဲ့သည်။

Soccer Myanmar

No comments:

Post a Comment